Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 13 October 2013

အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း

နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ မြင်ကွင်း ဓါတ်ပုံများ





















 ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ဂယ်လောင်းစိုက်ပျိုးမွေးမြူရေးအကျဉ်းစခန်းမှဦးစီးအရာရှိသည် ကိုယ်ကျိုးစီးပွားရှာဖွေမှု၌ ပြစ်ဒဏ်ကျအကျဉ်းသားများ၏လုပ်အားများကို  အဓမ္မစေခိုင်းအမြတ်ထုတ်မှုများရှိနေ ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ် ဂယ်လောင်းအကျဉ်းစခန်း၌ အကျဉ်းသား ၁၈၃ ယောက်ရှိပြီး ကြံ ၊ ပြောင်းစိုက်ဧက ၁၅၀ခန့်အားလုပ်ကိုင်ရန်ပြစ်ဒဏ်ချထားခြင်းဖြစ်သော်လည်း ဦးစီးအရာရှိ သည်နယ်မြေလုပ်ငန်းရှင်များ ၏လုပ်ကွက်များ၌ အငှားချစေခိုင်း၍ လုပ်အားအမြတ်ထုတ်မှုများရှိနေကြောင်း၊မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွား အတွက် သစ်များကို ဥပဒေမဲ့ခုတ်ဖြတ်၍ ထင်းအဖြစ်ရောင်းချခြင်း၊မီးသေွးဖုတ်ခြင်းဖြင့်အကျိုးစီးပွားဖြစ်ထွန်းနေ ကြောင်း၊ပြစ်ဒဏ်ကျအကျဉ်းသားများ အနေဖြင့်အဓမ္မစေခိုင်း၍လုပ်အားအမြတ်ထုတ်ယူခြင်းခံနေရသော်လည်း အကျိုးခံစားခွင့် လုံးဝမရှိသည့်အပြင် လုပ်ငန်းမအောင်မြင်ပါက ထပ်တိုးပြစ်ဒဏ်များပါ ခံစားကြရကြောင်း ၊ပြန်လည်အောင်မြင်မှူရရှိမှသာ ပြစ်ဒဏ် ပြန်ဖြုတ်ပေးကြောင်း သိရှိရပါသည်။

အကျဉ်းသားများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်ပြင်နေ့စဉ်လုပ်ငန်းလုပ်ကိုင်နေရခြင်း ကြောင့် ကျန်းမာရေးချို့တဲ့လာပါကလည်း နားနေခွင့်မရှိဘဲ ရိုက်နှက်စေခိုင်းမှုများပင်ရှိကြောင်း သိရှိရပါသည်။ ”အကျဉ်းစခန်းမှာ အကျဉ်းသား ၁၈၃ ယောက်ရှိပါတယ်။ ကြံနဲ့ပြောင်းစိုက်ဧက ၁၅၀ အတွက် လုံလောက်တဲ့ အင်အားဖြစ်အောင် ချပေးထားတာပါ။ ဒါပေမယ့် နယ်ခံတွေရဲ့လုပ်ကွက်တွေမှာထမင်းကျွေး ၂၅၀၀ိ/။ ထမင်းမကျွေးရရင် ၃၀၀၀ိ/ ကျပ်ဆိုပြီးလုပ်အားတွေကိုအငှားစေခိုင်းနေပါတယ်။တစ်နေ့ ၃၀ ဦးပျမ်းမျှနဲ့ ဆို တစ်လ သိန်း၂၀ ကျော် အစိတ်လောက်ရနေတယ်။ ဒါပေမယ့် အကျဉ်းသားတွေအတွက်ကတော့ ဘာခံစားခွင့်မှမရရှိတဲ့အပြင် အစားအသောက်တောင်မှ ရပိုင်ခွင့်အပြည့်မပေးထားပါဘူး “ဟု(အ.က.စ)ဝန်ထမ်း တစ်ဦးမှပြောပြပါသည်။

၎င်းပြစ်ဒဏ်ကျ အကျဉ်းသားများအား မြန်မာနိုင်ငံအကျဉ်းဦစီးဌာနမှ လုပ်အားရှင်(Labour)ဟုသတ် မှတ်၍ နိုင်ငံတော်လုပ်အားရှင်နှုန်းထား တစ်နေ့ ၂၀၀ိ/ ကျပ်နှင့်နေ့စဉ်ရိက္ခာစို ထောက်ပံကြေး ၂၀၀ိ/ ကျပ် ပေးထားသော်လည်း အကျဉ်းသားများ အနေဖြင့် နံနက်စာ ဆန်ပြုတ်ဖြင့်ပင်လုပ်ငန်းခွင်ဝင်ကြရပြီး နေ့လည်စာ  စားသုံးချိန်၌ပဲဟင်း(ရည်ကြဲ)တစ်ခွက်၊ငါးပိကြော်(ငါးပိအကျက်)တစ်ဇွန်း၊ညနေဟင်းအဖြစ်ဟင်းရွက်ရည်ကြဲတစ် ခွက် ကိုသာရရှိကြောင်း၊ နိုင်ငံတော်မှအသားစားရက်နှစ်ရက်သတ်မှတ်ပေးထားပြီး ထိုအသားစာရက်များ အတွက် ငါးနက်ကျော် ငါးဖြင့်သာ ပုံစံကြအမြဲစားနေရကြောင်းသိရှိရပါသည်။

“ငါးနက်ပြာငါးက ဈေးအချိုဆုံးပဲလေ။တစ်ပိဿာ ၁၅၀၀ိ/ နှုံးနဲ့ မြစ်ဆိပ်က အပါတ်တိုင်းဝယ်ရတယ်။ လူ (၁၈၃)ယောက်အတွက်(၁၃)ပိဿာပေါ့။ဒါက သူတို့အတွက် မပြောင်းလဲနိုင်တဲ့ ဟင်းကောင်းတစ်ခွက်ပါဘဲ” ဟု ၎င်းမှထပ်မံပြောပြပါသည်။

“ဝက်ဝံထုံးထင်းတစ်နေ့နှစ်ခေါက် ထုတ်ရောင်းပါတယ်။ဝက်ဝံထုံးထင်းက တစ်စီးကို၅၀၀၀၀ိ/ဆိုတော့ လေ၊တစ်နေ့နှစ်ခေါက်ကတော့ပုံမှန်ဘဲ။ ဒါတွေကိုတော့(Welfare) ဝါးဖဲအတွက်လို့ပြောပါတယ်။ ဝန်ထမ်းဖူလုံ ရေးပေါ့၊ဒါပေမယ့်အရာရှိတွေမှ၃၀၀၀၀ိ/- ၅၀၀၀၀ိ/ ဆိုတာ အများဆုံးပေးတဲ့လပါ။အခြားအဆင့်ဝန်ထမ်းတွေဆို တစ်သောင်းနှုံးဘဲ ရပါတယ်”ဟုဆိုသည်။

မြန်မာနိုင်ငံသည် Clean Government (သန့်ရှင်းသောအစိုးရ)ဟု သုံးနှုံး၍ ပြုပြင်ပြောင်းလဲရေးသို့ ဖော်ဆောင်နေသော်လည်းနောက်ပြန်ဆွဲလိုသောမိမိအကျိုးစီးပွားတစ်ရပ်တည်းသာရှေးရှုနေသော ဝန်ထမ်းများ အားဖော်ထုတ်အရေးယူမှုများသည် နည်းပါးနေသေးသောကြောင့် အခြေခံပြည်သူများအနေနှင့် စစ်မှန်သော ပြောင်းလဲမှုများကို မခံစားကြရသေးခြင်းပင်ဖြစ်သည်။

“ကြင်နာမှု ရှိပါ။
ရပ်တည်ချက်ခိုင်မြဲပါ “
ဆိုသောအကျဉ်းဦးစီး၏ဆောင်ပုဒ်နှင့်အညီ ယနေ့အကျဉ်းသားများ၏ဘဝကို ထပ်တူကျစေချင်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့