Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 7 October 2013

လယ်မြေကို အခြားမြေအဖြစ် ဥပဒေ ချိုးဖောက်ပြီး သုံးခွင့်ပေးသူများကို အရေးယူမည်

 လယ်ယာမြေတွေကို အခြားနည်းအသုံးပြုဖို့ ဥပဒေချိုးဖောက်ပြီး ခွင့်ပြုနေသူ၊ အရောင်းအ၀ယ် လုပ်နေသူနဲ့ အသုံးပြုနေသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။

ဒီနေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပဲခူးတိုင်း မဲဆန္ဒနယ် ၇ က ရွေးကောက်ခံ အမျိုးသားလွှတ်တော်အမတ် ဦးမင်းဦးက အိမ်ခြံမြေ ပွဲစားတွေနဲ့ ၀န်ထမ်းတချို့ ပူးပေါင်းပြီး လယ်ယာမြေတွေကို အိမ်ခြံမြေဈေးလောက်လည်း မဟုတ်၊ လယ်ဈေးလည်း မကတဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူရောင်းဝယ်နေကြလို့ လယ်မြေတွေ လျော့နည်း ကျဆင်းလာနိုင်လို့ ဒါကို ဘယ်လိုဖြေရှင်းနေသလဲဆိုပြီး ပဲခူးတိုင်း အုတ်တွင်း၊ ရန်ကုန် – မန္တလေး ကားလမ်းနံဘေးက လယ်ယာမြေတွေကို ဥပမာပေးပြီး မေးခဲ့တာကို ခုလို ဖြေခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း သူ့မဲဆန္ဒနယ် ရမည်းသင်းမြို့နယ်မှာ လယ်တွေကို မြေဖို့ပြီး ဓာတ်ဆီဆိုင်ဖွင့်တာ အပါအ၀င် အလွဲသုံးနေတာ အမြောက်အမြား ရှိကြောင်း ထောက်ခံပြောဆိုပါတယ်။

ဒီအတွက် ဒါကို ထိထိရောက်ရောက် အရေးယူဖို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း၊ နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေမှာ ထည့်သွင်းဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့