Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 11 October 2013

ပညာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ပြောကြား

မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးစီမံခန့်ခွဲမှုဟာ ညံဖျင်းနေတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံပညာရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဆန်းလွှင်က ပြန်လည်ဖြေကြားအပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က အခုလို ပြောခဲ့တာပါ။

"ကျောင်းသားဗဟိုပြုစနစ်က ပြောသာပြောနေတယ်၊ ဘာမှကျောင်းသားကို ဗဟိုမပြုဘူး၊ ဆရာကရေးပြတဲ့ဟာကို အလွတ်ကျက်ပြီးတော့မှ ဖြေနေတဲ့သဘောဖြစ်နေတဲ့အခါကျတော့ ပညာရေးမှာ၊ မြန်မာနိုင်ငံမှာ သိပ္ဗံနဲ့နည်းပညာ အားနည်းတယ်ဆိုတာ ဒီပညာရေးစနစ်ကြောင့် အားနည်တာ၊ စဉ်းစားခြင်း၊ တွေးခေါ်ခြင်း၊ တီထွင်ခြင်းဆိုတဲ့ အဆင့်ကိုမရောက်ဘူး၊ မိမိဆီမှာ ကျူရှင်မယူရင် အတန်းထဲမှာနှိမ်တာတို့၊ ရိုက်တာတို့ဆိုတာ ဒီခေတ်မှာ မရှိသင့်တော့ဘူး၊ ဒီခေတ်မှာရှိသေးတယ်ဆိုရင် ဒီခေတ်မှာလည်း ပညာရေးစနစ် ညံ့ဖျင်းနေသေးတယ်ဆိုတာ သုံးသပ်လို့ရတယ်'

ဒါ့အပြင် ကျောင်းဆရာ၊ ဆရာမတွေ အရည်အသွေးမြင့်လာအောင် သင်တန်းတွေပေးဖို့၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအနေနဲ့လည်း ဆရာ၊ ဆရာမတွေ လိုက်နာနိုင်တဲ့အမိန့်တွေကိုသာထုတ်ပြန်ဖို့ စတဲ့အချက်တွေကိုလည်း ဦးခင်အောင်မြင့်က ထောက်ပြခဲ့ပါတယ်။

"ဆရာတွေ အရည်အသွေးမြင့်အောင် သင်တန်းတွေပေးရမယ်၊ ခန့်ထားပြီးသားဆရာတွေ ဖြုတ်ပစ်လို့မရဘူး၊ လဲပစ်လို့မရဘူး၊ ဒီဆရာတွေကိုပဲ အရည်အသွေးမြင့်မားအောင်လုပ်ရမယ်၊ ပြီးရင်ဘယ်လိုသင်သလဲ၊ ဆရာတစ်ယောက်က ကျောင်းသားဘယ်နှစ်ယောက်လဲ၊ သင်ကြားချိန် ဘယ်နှစ်ချိန်လဲ၊ တစ်ပတ်မှာ ၅ ရက်ရှိတယ်၊ အချိန် ၂ဝ လောက် သင်နေရပြီဆိုရင် ဒီဆရာက ကျန်တဲ့ correction အလုပ်လုပ်နိုင်စရာအကြောင်းမရှိဘူး၊ ကျူရှင်မပျောက်ဘူးဆိုတာ ကျောင်းမှာသင်တာ မလုံလောက်လို့မပျောက်တာလေ၊ ကျူရှင်မပြအောင် စုံစမ်းတယ်၊ စစ်ဆေးတယ်၊ အမိန့်ထုတ်တယ်၊ အရေးယူတယ် မပျောက်ဘူး၊ တရားသဖြင့် ပေးသောအမိန့်မဟုတ်လို့ရှိရင်'
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံပညာရေးနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ထင်သာမြင်သာရှိဖို့၊ တွဲဖက်အထက်တန်းကျောင်းတွေ တိုးမြင့်ပေးဖို့ စတဲ့အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့