Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 11 October 2013

ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ

မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူ သည် ကျူရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့်စတင်ခဲ့သည်။

ထို့နောက် သမီးဖြစ်သူကို မေးမြန်းရာ နေအိမ်အနီး ဆေးခန်းလာဖွင့်ထားသော ဆေးခန်းမှ တပ်မတော် ကိုယ်လက် အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ(ကုတင် ၃၀၀)၊ မင်္ဂလာဒုံမြို့နယ် (စိစစ်ဆဲ)မှ ဗိုလ်ကြီးတစ် ဦးသည် ဆေးရုံဝင်း အတွင်းရှိ အဆောင်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ရဲကိုထွက်ဆိုထားသည်။

ထို့ပြင် ယခင်ကလည်း ယင်းကဲ့သို့ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း သမီးဖြစ်သူက
ပြောပြခဲ့သည်ဟု မိခင်က ရဲစခန်းတွင် ထည့်သွင်းထွက်ဆိုထားသည်။ ယင်းကြောင့်ပင် အဆိုပါ ဗိုလ်ကြီးကို ခေါ်ယူ မေးမြန်းစဉ် ၎င်းမှ ကာမစပ်ယှက်မှုရှိခဲ့ကြောင်း ၀န်ခံခဲ့ပြီး ရုံးဖွင့်ရက်တွင် တရားရုံး၌ လက်ထက်မည်ဟု ပြောဆိုကာ သက်သေခံစာချုပ်တွင် သက်သေများထား၍ လက်မှတ်ထိုးပေးခဲ့သည်ဟုလည်း ဆိုထားသည်။

သို့သော် ယနေ့အချိန်ထိ အတွေ့မခံဘဲ တိမ်းရှောင်နေသောကြောင့် မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေး ငယ်အား သားမယားအဖြစ် ပေါင်းသင်းမည်ဟု ဖြားယောင်းသွေးဆောင်ပြီး ကာမရယူခဲ့သူ အဆိုပါ စစ်ဗိုလ်အား အရေးယူပေး ရန် ကလေးမိခင်က စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်။
ယင်းတိုင်တန်းမှုကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ)၃၆၃ /၂၀၁၃ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုထားသည်။ ယင်းအပြင် တိုင်တန်းခံရသူသည် စစ်သည်ဖြစ်နေသဖြင့် သက်ဆိုင်ရာတပ်နှင့် ဆက်သွယ်ဆောင်ရွက် နေပြီး ပြစ်မှု ပုဒ်မ ၃၆၃/၃၆၆ ဖြင့် အရေးယူသွားနိုင်ရန် ဆောင်ရွက်နေသည်ဟု လည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့