မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဟု သတ်မှတ်ထားသော မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် လုယက်လူသတ်မှုများ၊ လူစည်ကားရာ ကျူံးဘေးပတ်လည်၌ ဓားဖြင့်လိုက်ခုတ်သည့် ဖြစ်စဉ်များ၊ ဆိုင်ကယ်ဖြင့် အဖိုးတန်ပစ္စည်းများ လိုက်လံလုယူနေသည့် ဖြစ်စဉ်များကြောင့် မြို့ခံများ၏ လုံခြုံရေးပူပန်မှုဒီရေကို အရှိန်မြင့်စေခဲ့သည်။
မန္တလေးမြို့ပေါ်တွင် နေအိမ်များအတွင်း ၀င်ရောက်ကာ ပစ္စည်းလု၊ လူသတ်မှု သုံးလဆက်တိုက် ဖြစ်ပွားခဲ့သည်။ သြဂုတ်လအတွင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အိမ်တစ်အိမ်တွင် နေ့ခင်းကြောင်တောင် အမျိုးသမီးတစ်ဦးကိုသတ်ကာ ငွေကျပ်သိန်းတစ်ရာယူသွားသည့်အမှု ဖြစ်ခဲ့သည်။ စက်တင်ဘာလတွင်လည်း ချမ်းအေးသာစံမြို့နယ်၊ တိုက်ခန်းတစ်ခုတွင် နေ့ခင်းကြောင်တောင် တစ်ဦးတည်းရှိနေသည့် အိမ်အကူအမျိုးသမီးကိုသတ်ကာ ငွေနှင့်တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားမှုဖြစ်ခဲ့ပြန်သည်။
အခင်းဖြစ်ပွားရာနေရာမှာ မြို့လယ်ကောင်၊ အစိုးရရုံးဌာန၀င်းအတွင်း အတင့်ရဲစွာဖြစ်ပွားခဲ့ခြင်းကြောင့် မြို့ခံများစိုးရိမ်စပြုလာသည်။ မြို့ခံများလုပ်ငန်းလုပ်ကိုင်ဖို့ အပြင်ထွက်လျှင်ပင် ကျန်ရစ်ခဲ့သည့် အိမ်နှင့်မိသားစုဝင်များကို စိတ်မချ၊ နောက်ဆံတင်းလာရသည်။
“အိမ်မှာ အမေကကျန်ခဲ့တော့ စိတ်မချဘူး။ ခုဆို ဘယ်သူလာလာ တံခါးဖွင့်မပေးဖို့၊ တံခါးကိုလည်း ချက်ထိုးရုံတင်မကပဲ သော့ပါခတ်ထားဖို့ မှာထားရတယ်”ဟု ကျုံးဘေး ၂၆ ဘီလမ်းတွင် နေထိုင်ကာ မန္တလေးဈေးချိုတော်တွင် အထည်ဆိုင်ဖွင့်ထားသူ အမျိုးသားတစ်ဦးကပြောသည်။
စိုးရိမ်မှုအငွေ့မပြယ်သေးချိန် တစ်လမပြည့်မီအချိန်မှာပင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ဗိုလ်ချုပ်ရွာတွင် သုံးလောင်းပြိုင်လူသတ်မှုနှင့် ဖောက်ထွင်းမှု ထပ်မံဖြစ်ပွားခဲ့သည်။
ပစ္စည်းလု၊ လူသတ်မှုများ ဖြစ်ပွားနေရုံတင်မကသေး၊ ဆိုင်ကယ်များဖြင့် လိုက်လံလုယက်မှုများကလည်း နေ့ညမရှောင် အဖြစ်များလာသည်။ လုယက်သူများက အမျိုးသမီးများကို ပစ်မှတ်ထားကာ လုယက်နေပြီး ပိုက်ဆံအိတ်များ၊ လက်ကိုင်ဖုန်းများ၊ ဆွဲကြိုးများ၊ မကြာခဏ အလုယက်ခံနေရသည်။
“အပြင်ထွက်ရင် ဆွဲကြိုးတို့ ဘာတို့ တန်ဖိုးကြီးပစ္စည်းဆို အိတ်ထဲသေချာထည့်ပြီးထွက်တယ်။ ဘေးနားကို တစ်ယောက်ယောက်ကပ်လာပြီဆိုရင်ကို လူကလန့်နေပြီ။ တချို့ဆို ပစ္စည်းပါမှာစိုးလို့ ပြန်ဆွဲရင်း ဆိုင်ကယ်လဲပြီး အနာတရဖြစ်တာတွေလည်းရှိတယ်”ဟု မန္တလေးဈေးချိုတော်မှ အထည်ဆိုင်ဖွင့်ထားသူ မမို့မို့ကပြောသည်။
အပြင်ထွက်သည့်သူက အိမ်မှာကျန်နေသူကို စိတ်မချသလို အိမ်မှာကျန်နေသူကလည်း လမ်းထွက်မည့်သူကို စိတ်ပူပန်နေရသည့် အခြေအနေမျိုးဖြစ်သည်။
အိမ်အပြင် မဖြစ်မနေထွက်နေသူများအတွက် ဆိုင်ကယ်ဖြင့် လုယက်မှာကို ကြောက်ရတာအပြင် နောက်ထပ်စိုးရိမ်စရာ အခြေအနေတွေက ရှိနေသေးသည်။ မန္တလေးမြို့ နန်းမြို့ကျုံးပတ်လည်တွင် ခေတ်ပေါ်ဆိုင်ကယ်များစီးကာ ဓားဖြင့်လိုက်ခုတ်သည့်ဖြစ်စဉ်များပင်ဖြစ်သည်။ လွန်ခဲ့သည့် သြဂုတ်လအတွင်း ည ၈နာရီအချိန်ခန့်က ရှစ်တန်းကျောင်းသားတစ်ဦးပါဝင်သည့် ဆိုင်ကယ်စီးလူငယ်အုပ်စုက အခြားလူငယ်အုပ်စုကို ဓားဖြင့်ဝင်ခုတ်ခဲ့သည်။ ကျုံးမြောက်ဘက် တိရစ္ဆာန်ဥယျာဉ်အနီးတွင် ကိုစည်သူအောင်ဆိုသည့် လူငယ်တစ်ဦးအပါအ၀င် သူငယ်ချင်းတစ်စု ညဦးပိုင်းအနားယူနေစဉ် ၎င်းတို့နှင့် သိကျွမ်းခင်မင်မှုမရှိသော အခြားလူငယ်တစ်စုက ဓားများဖြင့် ၀င်ခုတ်ခြင်းဖြစ်သည်။ ဓားခုတ်ခံရမှုကြောင့် လူငယ်တစ်စု ဒဏ်ရာများရရှိခဲ့ပြီး ကိုစည်သူအောင်၏ လက်ကောက်ဝတ်အပေါ်ပိုင်း၊ တံတောင်ဆစ်၊ နောက်ကျောနှင့် ခေါင်းများတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
“ကျွန်တော်တို့နဲ့ သိလည်းမသိဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ သူတို့က ခေါင်းပိုင်းတွေကို ဦးတည်ပြီးဝင်ခုတ်တာ”ဟု ဓားခုတ်ခံရသူ ကိုစည်သူအောင်ကပြောသည်။
အုပ်စုဖွဲ့မူးယစ်ရမ်းကားသူများသည် မန္တလေးမြို့မှ လူငယ်များကြား နောက်ဆုံးပေါ် ယဉ်ကျေးမှုတစ်ခုအသွင် စိမ့်ဝင်ပျံ့နှံ့လာနေသည်။ မန္တလေးကျုံးဘေးတစ်လျှောက်သာမက ကန်တော်ကြီးနှင့် တာရိုးတစ်လျှောက်တွင်လည်း ညပိုင်းအချိန်များ၌ မော်တော်ကား၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့မူးယစ်ရမ်းကားမှုများ၊ နားနေအပန်းဖြေသူများအပေါ် အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်ပွားနေသည်ဟု မြို့ခံအချို့ကပြောသည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူုးရုံး မှတ်တမ်းများအရ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင် နှစ်စမှ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း လူသတ်မှု၊ ခိုးမှု အစရှိသည့် အမှုကြီးပေါင်း ၃၉ မှု ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အလားတူကာလအတွင်း အမှုကြီး ၁၉ မှုသာ ဖြစ်ပွားခဲ့သောကြောင့် ယခုနှစ်အတွင်း အမှုကြီးဖြစ်ပွားမှုနှုန်းမှာ ယမန်နှစ်ထက် နှစ်ဆကျော်ခန့် မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ ဆွဲကြိုးဖြတ်မှု၊ နေအိမ်အတွင်းဝင်ခိုးမှုများ စသည့် အခြားအမှုပေါင်း ၅၁ မှု ဖြစ်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကိုးလအတွင်း ဖြစ်ပွားသည့် အမှုများထက် ထက်ဝက်ကျော်ခန့် ပိုမိုမြင့်တက်လာကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှတ်တမ်းများ၌ ဖော်ပြသည်။
ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုကြီးများတွင် လူသတ်မှု ၂၅ မှု၊ မုဒိမ်းမှု ၁၂ မှုနှင့် ခိုးမှုနှစ်မှုတို့ပါဝင်နေပြီး ၎င်းအမှုများ အနက်လေးမှုမှာ တရားခံမပေါ်သေးကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ထွန်းကပြောသည်။
အဆိုပါလူသတ်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းများမှ တရားခံဖြစ်သူများ ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လူသုံးဦးကိုသတ်သွားသည့် ကုမ္ပဏီဂိုဒေါင်မှ လူသတ်မှုအား အထူးအမှုစစ်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူရဲအရာရှိကပြောသည်။ စက်တင်ဘာ ၂၃ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ စာတိုက်ကြီးအနီးရှိ အိမ်တစ်အိမ်၌ နေ့ခင်းအချိန် ငွေကျပ်သိန်းတစ်ရာတိတိ ခိုးယူသွားသည့်အမှု ဖြစ်ပွားခဲ့ပြီး ခိုးယူခံရချိန်က အိမ်တွင်လူမရှိ၍သာ အသက်အန္တရာယ်ပြုမသွားခဲ့ခြင်းဖြစ်ကြောင်း ခိုးယူခံခဲ့ရသည့် အိမ်ရှင်အမျိုးသားကပြောသည်။
မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်အနက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေမြို့နယ်များတွင် ရာဇ၀တ်မှုများ ပို၍အဖြစ်များနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
“ရဲတွေကလည်း နေ့ရောညရောပတ်နေတာပဲ။ မှုခင်းတွေကလည်း ဖြစ်နေတာပဲ။ ပြည်သူတွေ ပူးပေါင်းပါဝင်ပြီး သတင်းပေးမှ အမှုတွေမြန်မြန်ဖော်ထုတ်နိုင်မှာ”ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ထွန်းကပြောသည်။
မန္တလေးဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည့် အမှုကျူးလွန်ခဲ့သူများအနေဖြင့် မိမိနေရပ်သို့မပြန်ဘဲ မန္တလေးမြို့အတွင်းမှာပင် ဆက်လက်နေထိုင်နေကြရာမှ ရာဇ၀တ်မှုများ ပြန်လည်ကျူးလွန်မှုများရှိသလို စစ်ပြေး၊ ရဲပြေး၊ တရားခံပြေး၊ ရဲဘက်ပြေး စသည့် ပြေးလေးပြေးများမှ ရာဇ၀တ်မှုများ ကျူးလွန်သည့် ဖြစ်စဉ်များလည်းရှိနေကြောင်း တိုင်းရဲရုံးမှ တာဝန်ရှိသူရဲအရာရှိက သုံးသပ်ပြောကြားသည်။
“ဒီဘက်ခေတ် ရောက်လာတာနဲ့အမျှ ထူးဆန်းတဲ့အမှုတွေ ပိုပိုတွေ့လာရတယ်။ တော်တော်လေးဖြစ်တောင့်ဖြစ်ခဲအမှုတွေ ဖြစ်လာတာတွေ့ရတယ်။ ရန်ငြိုးရန်စမရှိဘဲ လူငယ်တွေ အုပ်စုဖွဲ့ရမ်းကားတာမျိုးတွေလည်း တွေ့လာရတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို ထိန်းဖို့လိုနေပြီ”ဟု အဆိုပါရဲအရာရှိကပြောသည်။
မှုခင်းများ ပိုမိုဖြစ်စေရန်အတွက် မန္တလေးမြို့၏ လုံခြုံရေးအခြေအနေကလည်း လျော့ရဲမှုရှိနေသည်ဟု မြို့ခံများကဝေဖန်သည်။ လုံခြုံမှုအားနည်းခြင်း၊ မြို့ခံလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် မြို့ပြဖွံ့ဖြိုးလာသော်လည်း ရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်အင်အားများ အလိုက်သင့် တိုးပွားများပြားလာမှုမရှိခြင်းများက မြို့ခံများ မလုံခြုံမှုဖြစ်စေသလို မှုခင်းများကိုလည်း ပိုမိုဖြစ်ပွားစေသည်ဟု မြို့ခံအချို့က ထင်မြင်ယူဆသည်။
မန္တလေးခရိုင်တွင် လူဦးရေ ၁၄ သိန်းကျော်ရှိကြောင်း မန္တလေးစည်ပင်၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။ သို့သော် မန္တလေးခရိုင်၌ ရဲတပ်ဖွဲ့အင်အား တစ်ထောင်သာရှိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးကပြောသည်။
မန္တလေးမြို့ပေါ်တွင် ရပ်ကွက်တစ်ခုလုံးမှ မူးယစ်ဆေးဝါးရောင်းဝယ်နေမှုများ၊ မူးယစ်ဆေး အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် နေရာများ၊ အရက်ဆိုင်၊ ဘီယာဆိုင်များ နေရာတိုင်းတွင် ဖွင့်လှစ်ရောင်းချနေမှုများက လူငယ်လူရွယ်များကို ပိုမိုပျက်စီးစေပြီး မှုခင်းဖြစ်ရပ်များဖြစ်ပွားစေရန် တွန်းအားပေးသကဲ့သို့ ရှိနေသည်ဟု မြို့ခံများကပြောသည်။
လက်ရှိမန္တလေးမြို့တွင် အုပ်စုဖွဲ့မူးယစ်ရမ်းကားမှုများ၊ မိန်းကလေးများကို ပစ်မှတ်ထားသည့် ဆိုင်ကယ်ဖြင့် အဖိုးတန်ပစ္စည်းလုယူမှုများ၊ နေအိမ်ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည့်ကြားမှ လက်နက်များ၊ ချိန်းကြိုးများဝှေ့ယမ်းကာ ဆိုင်ကယ်စီးသူ၊ ကားစီးသူအချင်းချင်း အန္တရာယ်ပြုတိုက်ခိုက်မှုများသည် ညအချိန် ကျူံးဘေးတစ်လျှောက်တွင် ဖြစ်ပွားနေဆဲဖြစ်သည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
October
(252)
- ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှ...
- ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)
- ၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်...
- အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း
- တောင်ငူမြို့ တည်းခိုခန်းတွင်ဗုံးပေါက်ကွဲနှစ်ဦးသေ
- ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်မျာ...
- ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ
- အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (V...
- အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂ...
- မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်...
- ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမ...
- ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗို...
- လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကိ...
- အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေး...
- ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့...
- နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဓာတုလက်နက်တားဆီးရေးအဖွဲ့ ...
- အုပ်စုဖွဲ့ တောင်းပွဲ တိုက်ပွဲများကြောင့် စိုက်ပျို...
- ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြ...
- မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျေ...
- ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထေ...
- ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်
- သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်
- ၀န်ကြီးချုပ်များကို လွှတ်တော်များမှ တိုက်ရိုက်ခန့်ထ...
- ဦးကျော်ဆန်း ၀ဋ်လည်ပြီလား
- ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန...
- လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ
- ဆရာဝန် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် M Plaza Shopping Journ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် Auto World Vol 2 Issue 38
- အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ်...
- ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်
- လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွ...
- ပညာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်ေ...
- မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှု ပြစ်ဒဏ...
- ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်
- အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရ...
- ရန်ကုန်မြို့တော် ခန်းမရှေ့ ဆူးလေ မှတ်တိုင်တွင် ရပ်...
- မြန်မာ အလှည့်ကျအာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မေးခွန်းထုတ်
- လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထာ...
- တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေမျာ...
- မြန်မာမှ အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူခဲ့၊ ၂၀၁၄ ဇ...
- မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မ...
- မယ်စကြာဝဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖ...
- ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူမ...
- အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်...
- ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး
- ပျောက်ဆုံးနေသူ လူငယ် (၂) ဦး အလောင်းကို သံတွဲတွင် ရ...
- တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ...
- ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ မီးလောင်မှုဖြစ်ပွား
- ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ...
- တရုတ်နိုင်ငံ တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကိုြ...
- ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက်...
- စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံး...
- ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်အတွင်း ညမထွက်ရ အမိန့်ရု...
- မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး
- မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကိ...
- ဦးဥာဏ်ဝင်း(NLD)အား ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိ...
- ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာကျောက်မျက်ကုမ္ပဏီ ဖျ...
- မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အာ...
- အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်...
- မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ...
- ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်
- စိတ်ကြွဆေးတွေ ရန်ကုန် လေဆိပ်မှာ ဖမ်းမိ
- » ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံ...
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Tech Space Vol 2 Issue 28
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Netguide Vol(3) , Issue...
- တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာ...
- အမှုကြီးများဖြစ်ပွားမှု မြင့်တက်လာ၍ မန္တလေးမြို့ခံမျာ...
- လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်...
- ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ...
- မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းအကြားေ...
- ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ...
- မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်
- အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး
- အမျိုးသမီးဘော်ဒါဆောင်ရှေ့ ဂစ်တာတီးနေစဉ် အမည်မသိ လူ...
- ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝြ...
- နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်မြောက်
- တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး
- ဖွဲ့စည်းပုံ ပြင်သင့်ရင် ပြင်မယ့် သူရ ဦးရွှေမန်း
- » မြန်မာ ၃၄ ဦး ထိုင်းလူပွဲစားနဲ့ အတူ အဖမ်းခံရ
- အောက်တိုဘာလ (၁၀)ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄...
- အောက်တိုဘာလ (၇)ရက်နေ့ထုတ် Commerce Journal Vol 13 ...
- ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာ...
- သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
- ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာ...
- စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်
- Cranfield တက္ကသိုလ်မှာ မြန်မာစစ်အရာရှိ သင်တန်းတက်
- မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ...
- နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ၀င်ငွေ ကျဆင်းလာ
- မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရ...
- မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ...
- ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်...
- စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင...
- ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် ...
- နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
- အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
- ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား န...
- ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်
- ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြာ...
-
▼
October
(252)
No comments:
Post a Comment