Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 10 October 2013

ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက် မောင်းနှင်ရာမှ ဆိုင်ကယ် ၁၀ စီးနှင့် လမ်းဘေး ဈေးဆိုင်များ ၀င်ရောက် တိုက်မိမှု ဖြစ်ပွား



ယမန်နေ့ ည ၈ နာရီခွဲ အချိန်တွင် ရန်ကုန် - မန္တလေး ကားလမ်းမကြီး ဘေး ပြည်ကြီးတံခွန် မြို့နယ် တံခွန်တိုင် ရပ်ကွက်ရှိ မိုးထက်မြင့် လက်ဖက်ရည် ဆိုင်ရှေ့တွင် ယာဉ်မောင်း ဦးရာဂျမ်း ၃၂ နှစ် ( ဘန်းမွှေးရွာ ၊ နောင်ချိုမြို့နယ် နေသူ ) သည် နီဆန်းဒီဇယ် ခြောက်ဘီးကား ကို ရပ်ထားပြီး သော့ဖြုတ်၍ စက်မှုဇုန် ဘက်သို့ ထွက်ခွာ သွားစဉ် ယာဉ်နောက်လိုက် အောင်နိုင် ( မိုးကုတ်မြို့ နေသူ ) က ယာဉ်မောင်း မလာသေး၍ အချိန် ကြာမြင့် နေသဖြင့် ဘက်ထရီ ၀ိုင်ယာကြိုး နှစ်ချောင်းကို ရှော့ခ်တိုက်၍ စက်နှိုး မောင်းနှင် ခဲ့သည်။

ထို့နောက် အဆိုပါ လက်ဖက်ရည် ဆိုင်ရှေ့ရှိ လက်ဖက်ရည် သောက်နေသူ များနှင့် ကယ်ရီဆိုင်ကယ် များ ရပ်တန့် ထားရာ နေရာသို့ ၀င်ရောက် တိုက်မိပြီး ဆိုင်ကယ် နှစ်စီးမှာ ကားနောက်သို့ တရွတ်တိုက် ပါသွားကာ လမ်းဘေးရှိ ဆိုင်ကယ်များ နှင့် ကွမ်းယာ တွန်းလှည်း နှစ်စီး တို့အား ဆက်တိုက် ချိတ်မိခဲ့ရာ စုစုပေါင်း ဆိုင်ကယ် ၁၀ စီးနှင့် ကွမ်းယာဆိုင် နှစ်ဆိုင် တို့မှာ ကြေမွ ပျက်စီး သွားခဲ့ပြီး ယာဉ်မှာ ရန်ကုန် - မန္တလေး ကားလမ်း အရှေ့ဘက်ခြမ်း တံခွန်တိုင် ဈေးရှေ့ရှိ စွမ်းထက် လျှပ်စစ် ပစ္စည်း ဆိုင်သို့ ၀င်ရောက် တိုက်မိရပ်တန့် သွားကာ (ပုံ) ယာဉ်နောက်လိုက် ဖြစ်သူ အောင်နိုင် မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် လမ်းသွား လမ်းလာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်မှုစစ် ဒုတိယ ရဲအုပ် အောင်ကျော်ဦး ၊ တံခွန်တိုင် ရဲကင်းမှူး ဒုတိယ ရဲအုပ် ဝေလင်းထွဋ် နှင့် တံခွန်တိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး တို့က ဒဏ်ရာရ လူနာများအား ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး အဆိုပါ ဖြစ်စဉ်တွင် ယာဉ်ဝင်ရောက် မောင်းနှင်သူ အောင်နိုင်မှာ ထွက်ပြေး တိမ်းရှောင် နေသဖြင့် ဖမ်းဆီး ရမိရေး နှင့် ဥပဒေအရ တရားစွဲဆို နိုင်ရေး အတွက် ယာဉ်မှုစစ် ဒုတိယ ရဲအုပ် အောင်ကျော်ဦး မှ တရားလို ပြုလုပ်၍ ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့