Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 11 October 2013

လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကို တိုင်ကြားမှု များပြားဟုဆို

 မန္တလေးမြို့တော်တွင် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူနေသူများကို တစ်ယူနစ်လျှင် ၃၅ ကျပ်အစား ၇၅ ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမှုကို ကျေနပ်မှု မရှိသဖြင့် တိုင်ကြားမှု များလာကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။
“တိုင်ကြားစာ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မှတ်မထားလို့ မသိတော့ဘူး။ တိုင်ကြားစာတွေကို စစ်ဆေးတဲ့ အခါမှာ ကောက်ခံတဲ့ နှုန်းထားနဲ့ ပတ်သက်ပြီး မီးသုံးသူကို ကြိုတင် အသိပေးတာမျိုး မရှိလို့ ဆိုတာကို တွေ့ရတယ်။ ပြောင်းလဲ ကောက်ခံ မယ့် နှုန်းထားကို မီးသုံးသူကို အသိပေး လက်ခံလာတဲ့ အထိ ပြောဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

အိမ်သုံးမီတာဖြင့် တစ်စိတ်တစ်ပိုင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်ပါက ၇၅ ကျပ်နှုန်း ကောက်ခံခြင်း သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီ တစ်ခုဖြစ်သည့် ပစိဖိတ်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အိမ်သုံးမီတာနဲ့ ဆိုင်ဖွင့်ထားလို့ ၇၅ ကျပ်နဲ့ ကောက်တာကို လုပ်ငန်း မလုပ်တော့ဘူးဆိုပြီး ပြန်လာ ပြောရင် ၃၅ ကျပ်ပြန် ကောက်ပေးတာ ရှိတယ်” ဟု ၎င်းကဆိုသည်။

အိမ်အတွင်း စာသင်ဝိုင်း ဖွင့်ထားသည့်အတွက် အိမ်သုံးမီတာအစား လုပ်ငန်းသုံး မီတာနှုန်းဖြင့် ကောက်ခံရသဖြင့် အိမ်သုံးယူနစ် နစ်နာ၍ ခွဲခြား ကောက်ခံသင့်ကြောင်း လုပ်ငန်းမီတာ လျှောက်ကာ လုပ်ငန်းဆောင်ရွက် လိုသော်လည်း အိမ်ငှား ဖြစ်သဖြင့် အဆင်မပြေကြောင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြင်ပသင်ဆရာ တစ်ဦးက ပြောကြားသည်။

1 comment:

Unknown said...

ပြောချင်တာက မြင်းကောင်ရေခ အတော်များများပြေားနေတာက မီတာထိမ်သိမ်းစောင့်လျှောက်ခ နဲ့ တစ်ယူနှစ်တန်ဖိုး အများသုံး မဟုတ်ပေမဲ့ လုပ်ငန်းသုံးမီတာတွေမှာ (power meter) ယူနှစ်ကြေး 75 ကျပ် တိုးမြင့်ကောက်ထားတဲ့အပြင် မြင်းကောင်ရေခ ဆိုပြီး မြင်းကောင်ရေ တစ်ကောင်ကို လေးထောင် 4000နဲ့ ထပ်ပြီးကောက်တာ 2008 ခုနှစ်လောက်ထဲကပါ လုပ်ငန်းသုံးတွေဖြစ်တဲ့ ထရန်စဖော်မာ ထိုင်ပြီး အသုံးပြုသူတွေကို ထရန်စဖေါ်မာ အကြီးအသေးကို မူတည်ပြီး အလွတ် ၇၀၀၀၀နဲ့အထက် ကောက်တာလဲ ရှိပါတယ် နောက်ထပ်တစ်ခုက မီတာဆောင်တဲ့ရက်ကျော်ရင် ဒဏ်ကြေးဆောင်ရပါတယ် မီတာဆောင်ရမဲ့ စာရွှက်နောက်ကျ ပြီးလာပေးရင် ဘယ်သူ့မှာတာဝန်ရှိပါသလဲ စနှစ်အပြောင်းမှာ စိတ်ထားတွေ ပြောင်းဖို့လိုအပ်ပြီ ဆိုတာ အထက်ကလူကြီးမှာပဲ သိဖို့မဟုတ်ပါဘူး ဝန်ထမ်နဲ့အောက်ခြေအထိ သိဖို့လိုအပ်ပါပြီ ပြည်သူကောင်းဖို့ ဆောင်ရွှက်နိုင်ကြပါစေ

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့