Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 8 October 2013

ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်ဦးကို ဖမ်းဆီးရမိ

 မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတွင် ငါးထောင်တန် ငွေစက္ကူအတုများကို ပြုလုပ်သုံးစွဲနေသည့် လူငယ်နှစ်ဦးကို အောက်တိုဘာ ၆ရက်က ဖမ်းဆီးရမိလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ယင်းနေ့ နံနက် ၅ နာရီအချိန်က သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်း ဂိတ်(၁)အနီးတွင် လူငယ်နှစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို သုံးစွဲနေကြောင်း သတင်းရရှိခဲ့သဖြင့် မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

စစ်ဆေးချက်အရ ငွေစက္ကူအတု သုံးစွဲနေသူမှာ ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် နေထိုင်သူ မိတ္တူဆိုင်လုပ်သားကို -- နှင့် ကမာရွက်မြို့နယ်နေ ကို---သူတို့ ဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ယင်းတို့အား ရှာဖွေစစ်ဆေးရာ ကို---၀တ်ဆင်ထားသည့် အင်္ကျီဝဲဘက် အိတ်ကပ်အတွင်းမှ CI 5200986 နံပါတ်ပါ ငါးထောင်တန် နံပါတ်တူ နှစ်ရွက်၊ ကို--- ၀တ်ဆင်သည့် အင်္ကျီအိတ်ကပ်အတွင်းမှ CI 5200986 နံပါတ်ပါ ငါးထောင်တန် နံပါတ်တူခြောက်ရွက်၊ စုစုပေါင်း ရှစ်ရွက်အား တွေ့ရှိသိမ်းဆည်းခဲ့သည်ဟုလည်း ဆိုထားသည်။

ငွေစက္ကူအတုများဖြင့် ပက်သတ်၍ စစ်ဆေးရာတွင် ငွေစက္ကူအတုများမှာ သာမာန်ရုံးသုံးစက္ကူ A4 အဖြူ အား ကာလာပရင်တာဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့က ဆိုထား သည်။

အဆိုပါ ငွေစက္ကူအတုမှာ ငွေစက္ကူအစစ်ထက် အလျား/အနံ တစ်မီလီမီတာခန့် သေးငယ်နေကြောင်းနှင့် ရုပ်ပုံရေစာ၊ တန်ဖိုး ရေစာနှင့် လုံခြုံရေးကြိုးတို့ ပါဝင်မှုမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းကြောင့် ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေသူ နှစ်ဦးတို့အား မြို့နယ်ရဲစခန်းက (ပ) ၆၇၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပေဒပုဒ်မ ၁၀၅ ဖြင့် တရား စွဲတင်သွားမည်ဟုလည်း တိုင်းရဲတပ် ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်း အရ သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့