Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)


iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)


ပန်းသီးတို့၏ မျိုးဆက်သစ် iPhone 5 မိတ်ဆက်ပြီး ကာလအနည်းငယ်မှာပင် Jailbreak ပြုလုပ်နိုင်ပြီဖြစ်ကြောင်း  Twitter စာမျက်နှာတွင် ပါရှိသော အရေးအသား တစ်ခုကြောင့် လှုပ်လှုပ်ရွရွ ဖြစ်ခဲ့သည်။ ယင်းမတိုင်မီမှာပင် iOS 6 ထည့်သွင်း အသုံးပြုနိုင်သည့် iPhone 3 GS, iPhone 4 နှင့် iPhone 4S တို့တွင် iOS 6 ထည့်သွင်းကာ Jailbreak ပြုလုပ်နိုင်ကြောင်း အိုင်ဖုန်းဟက်ကာများက တရားဝင် နည်းလမ်းဖြင့် ထုတ်ဖော်ခဲ့သည်။ Apple အော်ပရေးတင်းစနစ်၏ နောက်ဆုံးဗားရှင်း iOS 6 ကို အနိမ့်ဆုံး အိုင်ဖုန်းအမျိုးအစား iPhone 3GS, iPhone 4 နှင့် iPhone 4S တို့တွင် ထည့်သွင်းနိုင်သည်။ OS ဗားရှင်း Upgrade ပြုလုပ်ပြီး Jailbreak ပြုလုပ်ရန်အတွက် iOS 6 Firmware နှင့် redsn0w နောက်ဆုံးဗားရှင်းကို www.facebook.com/7DayShoppingGuide မှတစ်ဆင့် download ပြုလုပ်နိုင်ပါသည်။

(1) Download ပြုလုပ်ထားသည့် ဖိုင်များမှ redsnow ကို Run ပါ။ Extras ခလုတ်ကိုနှိပ်ပြီး Select IPSW တွင် download ပြုလုပ်ထားသည့် iOS firmware ကိုရွေးချယ်ပါ။

(2) redsnow မှ Back ခလုတ်ကိုနှိပ်ကာ jailbreak window သို့ပြန်သွားပါ။ ထို့နောက် jailbreak ကိုနှိပ်ပါ။
(3) Jailbreak ပြုလုပ်ရာတွင် နောက်ဆုံးအဆင့်အဖြစ် iDevice ကို DFU mode တွင်ရှိရန် လိုသည်။ iPhone 4S, iPad 2,3 တို့တွင် DFU mode သို့ပြောင်းယူရန် မလိုအပ်သော်လည်း iPhone 3GS ကို iOS 6 သို့ပြောင်းထားလျှင် DFU mode သို့ရောက်ရန် redsnow ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။ (DFU mode = black screen and recovery mode on iTune) မှတ်ချက်-Jailbreak ပြုလုပ်စဉ် ရပ်တန့်သွားခြင်းအတွက် redsnow ၏ extras မှ justboot ကိုနှိပ်၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့