အွန်လိုင်းမှ ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုများဖြင့် ၀ယ်ယူနိုင်သည့် Online Mobile Store စတင်ကြောင်း website မှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ Online Mobile Store ကို ဒီဇင်ဘာ ၁၂ ရက်မှ စတင်ခြင်းဖြစ်ပြီး အရည်အသွေးမြင့် မိုဘိုင်းဟန်းဆက်အသစ်များကို ၀ယ်ယူနိုင်ရန် လုပ်ဆောင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းငွေပေးချေမှုကို Myan-Pay စနစ်အသုံးပြုထားပြီး Myan-Pay မရှိသူတွေအတွက်လည်း အိမ်အရောက်ပို့ဆောင်ချိန်မှ ငွေပေးချေမှုများလုပ်ဆောင်နိုင်ကြောင်း အဆိုပါဝန်ဆောင်မှု၏ တာဝန်ရှိသူကဆိုသည်။ ““Website ကို အများလက်ခံစေဖို့အတွက် Standard Item တွေကို အဓိကထား ရောင်းချပေးမှာဖြစ်ပါတယ်။ လူများလက်ခံပြီးသားဖြစ်တဲ့ Standard Item ဥပမာ- iPhone, Samsung, HTC, Nokia, Sony, HTC တို့ကို ရောင်းချပေးမှာဖြစ်ပါတယ်။ Online Shopping ဖြစ်တဲ့အတွက် ပြင်ပဆိုင်တွေထက်သက်သာအောင် လုပ်ဆောင်ထားမှာဖြစ်တဲ့အပြင် ရန်ကုန်၊ မန္တလေးမြို့တွင်းမှာဆိုရင် ၂၄ နာရီအတွင်း အိမ်အရောက်ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်”” ဟု တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။ နယ်မြို့မှဝယ်ယူသူများကိုလည်း သက်ဆိုင်ရာကားဂိတ်များမှတစ်ဆင့် ပေးပို့ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Website မှာ www.mobilestore.com.mm ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉၅၀၇၅၅၁၀ သို့ဆက်သွယ်နိုင်မည်ဖြစ်သည်။
No comments:
Post a Comment