Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းနှင့် Tablet များ ဒိန်းမတ် ကုမ္ပဏီထုတ်ဖော်ပြသ


မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းနှင့် Tablet များ ဒိန်းမတ် ကုမ္ပဏီထုတ်ဖော်ပြသ
မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းနှင့် Tablet များ ဒိန်းမတ် ကုမ္ပဏီထုတ်ဖော်ပြသ

မျက်စိဖြင့် ထိန်းချုပ် အသုံးပြုနိုင် သောစမတ်ဖုန်းနှင့် Tablet များကို ဈေးကွက် အတွင်းသို့ မကြာမီ တင်သွင်း တော့မည်ဟု ဒိန်းမတ် ကုမ္ပဏီ တစ်ခုဖြစ်သည့် The Eye Tribe ကုမ္ပဏီက ပြောကြား ခဲ့သည်။
အသေးစား ကုမ္ပဏီ တစ်ခုဖြစ်သည့် အဆိုပါ ကုမ္ပဏီမှ ထုတ်လုပ် လိုက်သည့် စမတ်ဖုန်းများနှင့် Tablet များသည် ဈေးကွက် အတွင်း ဝ

င်ရောက် နေသော အခြား မိုဘိုင်းလ်ဖုန်းများ၊ Tablet များနှင့်ယှဉ် ပြိုင်နိုင်မည့် ကမ္ဘာ့ အဆင့်မြင့် နည်းပညာသုံး ကုမ္ပဏီများ အနက် တစ်ခု အပါအဝင် ဖြစ်လာနိုင်ဖွယ် ရှိကြောင်း လေ့လာသူ များက ခန့်မှန်း ပြောကြားသည်။

အဆိုပါ နည်းပညာသည် အသုံးပြု သူ၏ မျက်စိသူငယ် အိမ်ရှေ့ရှိ အနီအောက် ရောင်ခြည် အလင်းပြန်ခြင်းဖြင့် ထိန်းချုပ် လုပ်ဆောင် သွား မည်ဖြစ်ပြီး စမတ်ဖုန်းနှင့် Tablet တို့တွင် တပ်ဆင် ထားသော ကင်မရာ သည် အလင်း ပြန်ခြင်းကို မှတ်သားထားပြီး မျက်စိဖြင့် ထိန်းချုပ် အသုံးပြုရာတွင် အထောက်အပံ့ ပေးကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းနှင့် Tablet များတွင် တပ်ဆင်ထားသော ဆော့ဖ်ဝဲလ်သည် မျက်စိဖြင့် ထိန်းချုပ် အသုံးပြု ရာတွင် အထောက်အပံ့ ပေးပြီး ဈေးကွက် အတွင်း ဝင်ရောက်နေသော အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ ထက် အဖိုးနှုန်း သက်သာကြောင်း The Eye Tribe ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ဦး ဖြစ်သူ ဆက်ဒ်ဆီ ဘက်စ်စတိန်းဆက် တက်ခ် က ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့