Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated Partition စနစ်ဖြင့်ဖြေရှင်းနိုင်



လက်ရှိပြည်တွင်းတွင် အသုံးပြုလျက်ရှိသော Android OS ဖုန်းများတွင် Hard Brick ဖြစ်ခြင်း၊ Soft Brick  ဖြစ်ခြင်းများအပြင် Super Brick ဖြစ်ခြင်းများ ပါရှိလာခဲ့ပြီး ယင်းသို့ Super Brick ဖြစ်လာပါက Manipulated Partition စနစ်ဖြင့် ပြုလုပ်ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ Super Brick အခြေအနေထိ ဖြစ်ရခြင်းမှာ မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် မိမိတို့၏ ဖုန်းများကို မကြာခဏ Firmware Version အတင်အချပြုလုပ်ခြင်း၊ မကြာခဏ Rooting ပြုလုပ်ခြင်းများကြောင့်လည်း ဖြစ်နိုင်သည့်အပြင် ROM မှလက်မခံသော Application နှင့်အခြား Firmware များ မှားယွင်း ထည့်သွင်းခြင်းများကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ X-Code မိုဘိုင်းဖုန်း သင်တန်းကျောင်းနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်မှ ကျွမ်းကျင်သူ ကိုပြည့်ဖြိုးကပြောပြရာတွင် “ကျွန်တော်တို့ အရင်တုန်းက Android OS ဖုန်းတွေမှာ Soft Brick, Hard Brick ဆိုတာလောက်ပဲ ရှိခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ Super Brick ဆိုတာတွေပါ ရှိလာခဲ့ပါပြီ။ Super Brick ဆိုတာကလည်း အရင်ကတည်းက ရှိပြီးသားဖြစ်မှာပါ။ ဈေးကွက်ထဲမှာ ကျွမ်းကျင်သူက နည်းတဲ့အတွက် ဒီလိုဖြစ်သွားခဲ့တဲ့ ဖုန်းတွေမှာ ဘာမှပြန်လုပ်လို့ မရတော့ဘဲ လက်လျှော့လိုက်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ ခုချိန်မှာတော့ ဒီလိုအခြေအနေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှိလာပါပြီ။ Soft Brick ဆိုတာကတော့ ဖုန်းက ပါဝါဆက်မတတ်တော့ဘဲ Download Mode ပဲ ခေါ်လို့ရတဲ့ အခြေအနေမျိုးကို ခေါ်တာပါ။ ဒီလို အခြေအနေမျိုးမှာဆိုရင်တော့ အလွယ်တကူ ပြန်လုပ်လို့ရပါတယ်။ Hard Brick ဆိုတာကတော့ ဖုန်းက Download Mode ပျောက်သွားပြီး ဘာမှမပေါ်တော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် Android ရဲ့ဆားကစ်ပိုင်းကိုခွာပြီး အသစ်ပြန်ဆွဲပေးရတဲ့ အခြေအနေထိ ရှိပါတယ်။ ခု Super Brick ဆိုတာကတော့ Download Mode ပေါ်ပြီး ဘာမှလုပ်လို့မတော့တဲ့ အခြေအနေမျိုးကို ခေါ်တာပါ။ Soft Brick နည်းလမ်းရော Hard Brick နည်းလမ်းနဲ့ရော ဘယ်လိုမှ လုပ်လို့မရတော့တာကို Super Bridge လို့ခေါ်တာပါ” ဟုပြောပြခဲ့သည်။ Super Brick အခြေအနေတွင် Download Mode ပေါ်နေသေးသော်လည်း Firmware ကို မည်သို့မှ ပြန်လည်ထည့်သွင်း၍ မရနိုင်တော့သော အခြေအနေထိဖြစ်နိုင်ကြောင်း သိရသည်။ ယင်းသို့ Super Brick အခြေအနေမျိုး ဖြစ်လာပါက ပြန်လည်ပြုလုပ်၍ ရနိုင်သော်လည်း ဖုန်းတွင်းရှိ မှတ်ဉာဏ်စနစ်ပိုင်းများတွင် ဆုံးရှုံးမှုအချို့ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Android OS ဖုန်းများတွင် Super Brick အခြေအနေမျိုး ဖြစ်လာပါက Manipulated Partition စနစ်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်ပြီး ယင်းစနစ်ကို Linux OS Platform အား ကျွမ်းကျင်သူများမှ ပြုလုပ်မည်ဆိုပါက Super Brick ဖုန်းများကို ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်နိုင်မည်ဖြစ်သော်လည်း  ဖုန်းတွင်းမှတ်ဉာဏ်စနစ်ပိုင်းတွင် တစ်ဝက်ခန့် ဆုံးရှုံးသွားနိုင်မည်ဖြစ်ကြောင်း ကိုပြည့်ဖြိုးက ထပ်မံပြောပြခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့