Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

ပိတောက်ပင် အောက်က အလွမ်း

တိတ်တိဆိတ်ကြေကွဲသံလေး..
ဘယ်သူမှ ကြားသိလိုက်မယ်မထင်
အိပ်မက်လန့်နိုးချိန်လေး
ငါတစ်ယောက်တည်းသာ
အရမ်းလွမ်းပါတယ် ချစ်သူရယ်.
ရွှေဝါရောင်ပိတောက်တွေကြားထဲ
ငါ့မျက်စတွေဟာ
မင်းကိုလွမ်းလို့ကျလာလေပြီ...
ချစ်ဆုံးသူ သူနာပြုမလေး
ရင်ခွင်ထက်မှာ နားခိုချင်တာ
အဲ့အချိန်လေးကို မျှော်လင့်ရင်း
လက်ရှိမှာ တစ်ယောက်တည်း အထီးကျန်နေလေပြီ...။
ပြန်ဆုံမယ့် အချိန်တွေကို
တစ်ယောက်တည်း လက်ချိုးရေရင်း
ခေါင်းပေါ်ထက်ကို
နွေဦးရဲ့ သစ်ရွက်ခြောက်လေး
ကြွှေကျလေပြီ....။
လွမ်းရက်တွေ ကြားထဲ
တစ်ယောက်တည်းနဲ့
ချစ်ဆုံးသူကို
မောင် လွမ်းတာ
နေ့တိုင်းပါပဲ..................။
ပိတောက်ပင် အထက်ကို ငေးကြည့်ရင်း
အ၀ါရောင် ပိတောက်လေးတွေ..
မောင့်အပေါ်ကို ရွေနှင်းလေးတွေလို ကျဆင်းနေချိန်မှာ
မောင်သတိရမူတွေဟာ...
ခေါင်းငိုက်လိုက်ချိန်..
ပိတောက်တွေနှင့် အတူ
မောင့်မျက်ရည်..လဲ
မြေပြင်ပေါ်ကို စီးဆင်းသွားလေပြီ.....
အရမ်းချစ်တယ်  ဇီရယ်...............................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့