စိတ်ဓာတ်တွေအောက်ဆုံးထိပြိုကျ
နားထဲမှာကြားခဲ့ရတဲ့တေးသံတွေအခုဆိုမချိုမြိန်တော့ဘူး
အလဲအကွဲကြားမှာ လူတွေအားတင်းရင်းရှေ့ဆက်
ဘဝဘဝတွေများစွာရဲ့ ကြိုးဆွဲမှု့အောက်ကိုယ်တိုင်ကပြ
ဘယ်မှာလည်းအမှန်တရား ဘယ်မှာ လည်းစာနာမှုတွေ



















မေးကြည့်ပေးကြစမ်း ပါ..................
အစိမ်းသက်သက်နှလုံးသားပုံတူတွေကူးယူလို့
ရူးသွပ်ခြင်း တွေများစွာနဲ့ကိုယ့်စာမျက်နှာ ကိုယ်ဖော်ပြ
ဘယ်လောက်များအံ့သြစရာကောင်းလိုက်သလဲ
စာနာမှု့တွေမဲ့လို့လေ......................
ကိုယ်ဘဝကိုယ်နေရောင်မမြင်အောင် ပိတ်ဖုံးလိုက်
အလင်းမဲ့တဲ့ကောင်းကင်ဖြစ်အောင် လုပ်လိုက်
သဘာဝတရားကြီးရဲ့ ဥပဒေကိုကိုယ်တိုင်ချိုးဖောက်
အသိအခေါက်အခက်အဝင်နက်တဲ့လူတွေ
ဘယ်သူကမှလာမယှဉ်ပဲ သူတို့ကိုယ်တိုင်ယိုင်နဲ့နေပြီလေ
ထွီ........ရွံ့စရာကောင်းလိုက်တာ ဘယ်လိုဘဝတွေများပါလိမ့်နော်
အခုဆိုသူတို့ရဲ့ ရှေ့မှာ ရပ်ကြည့်နေတဲ့လူတွေကို သနားစရာလိုလိုထင်
အမှန်တရားကို တကယ်မြင်နိုင်အောင်အရင်ဆုံး
ကိုယ်ကိုူယ်ကိုပဲမဲပေး လိုက်ကြပါဦး.........
ပြီးတော့လောကကြီးကို ကိုယ်တိုင်အလှဆင်ပြီး
သာယာနဲ့အနာဂတ်တွေနဲ့ အရာရာကိုလှပစေမှာပါ
ဒါကြောင့်အခုဖြစ်နေတဲ့အရာရာတိုင်းကို လက်တွေ့ပြောင်းလဲပြီး
ငါတို့တတွေရဲ့ ရှေ့ဆက်လှမ်းရမယ့် ပန်းတိုင်တစ်ခုမရောက်ခင်
မဖြစ်သင့်တဲ့အရာတွေကို အခုပြောင်းလဲကြစို့လား။






























































No comments:
Post a Comment