Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

အချစ်လေးမျိုးရှိတယ်တဲ့….

1.  Ego Love 
2.  One-sided Love 
3.  Blind Love 

4.  True Love 

1. Ego Love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်….
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့…
ကိုယ်ချစ်တဲ့သူကို…ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်…မျက်စိအောက်ကအပျောက်မခံချင်ဘူး…
သ၀န်တိုနေတယ်…ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်….အဲဒါ ego love ဖြစ်နေပါပြီ…
အဲဒီလိုလူတွေက…ချစ်သူကို စိတ်ဆိုးလွယ်တယ်…
သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်…
အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး….
အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့..
.

2. One-sided Love
ဒီအမျိုးအစားက…ကိုယ်ကပဲချစ်နေချင်တယ်……
အရာရာပေးဆပ်နေချင်တယ်……
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်……
ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ…ဘယ်တော့မှမစဉ်းစားပါဘူး…
အဲဒါကြောင့် တစ်ခါတစ်ခါ…တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ…စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်…
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့…….
မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်…

3. Blind Love
ဒီလိုအချစ်အမျိုးအစားကို…စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်…
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့…

အရာရာကို ရင်ဆိုင်ရဲလာမယ်….သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်…

ဒါဆိုရင် blind love ဖြစ်နေပါပြီ…ဖြစ်သင့်မဖြစ်သင့်…လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ….

ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး….
အချစ်တွေပျောက်သွားတဲ့အချိန်မှ…ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..

4. True love
နောက်ဆုံးအမျိုးအစားပါ….မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့…..အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်…
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး….ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ….
ဒီလိုအချစ်မျိုးကတော့….အင်မတန်ရှားပါတယ်…
လူတစ်ယောက်ကို….တစ်ခြားဘာကိုမှမကြည့်ပဲ….သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ….
အသဲကွဲတယ်ဆိုတာလဲမရှိဘူး….
သူနဲ့မပေါင်းရလဲ…ဘာမှမဖြစ်ပဲ…တစ်သက်လုံး…စိတ်ထဲမှာထားပြီး….
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ….အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်….

အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး မှာ Ego Love နဲ့ One-sided Love က နည်းနည်းဆင်ပါတယ်…
တစ်ချို့က တစ်ခါတစ်လေ…Blind Love ကို True Love နဲ့ လဲမှားတတ်ကြပါတယ်…ဆင်တာကိုး…
မတူကတော့…

Blind Love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး… True Love ကတော့ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး…
အဲဒါကြောင့်……ချစ်မိပြီဆိုရင်….. ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး…ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ… ….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့