Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

သွားစမ်းပါ မုန်းစရာကြီး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDkkC1HD4uwLEqwaZZWn2bS5nsLy1kYx_W2BMBCUcPHh5RQkY2tGUNvm9lyiAXFIWMHQJMIQwaPvKdsFFiIljBFirz7-Gk3NCb7ZBGwcoZHpH21exvWkE88dZs53766btjh6Vz-72Jwco/s1600/sad+boy.jpg

လပြည့်ဝန်းကြီးကလည်းထိန်ထိန်သာနေလို့ စဥ့်အိုးကြီးကလည်းပြောင်လို့...
ကောင်ကင်ပေါ်တွင် ကြယ်ကလေးများမှာ တလုံးစ နှစ်လုံးစသာရှိတယ်...
သို့သော်လရောင်နှင့်ပင် ပတ်ဝန်းကျင်အား သဲကွဲစွာတွေ့မြင်နေရပါတယ်...
အိမ်ရှေ့ရှိ အရိပ်ရအပင်ကြီးတစ်ပင်အောက် ထိုင်နေရင်းနဲ့ ကောင်းကင်ထက် မော့်ကြည့်ရင်း တွေ့မရှောင် တစ်ယောက် ရှေးဟောင်းနှောင်းဖြစ်လေးများကို ရေနူးနေလိုက်ပုံများကတော့ဖြင့်....
လသာသော ညတစ်ညဖြစ်ရာ တွေ့မရှောင်တို့ သူငယ်ချင်းတစ်သိုက် လူစုမိတုန်း ဘယ်သူ့ကို နောက်လို့ ဘယ်သူ့ကိုစရမလဲ အကြံထုတ်နေလေရဲ့...
ဟေ့ကောင်ကြီးရေ.... အော်သံတစ်ချက်ကြောင့် လှမ်းကြည့်လိုက်တာ မြင်လိုက်ရတာက မယ်ဒလင်လေးနဲ့ ဖိုးလုံး.... ဟာ ဒီကောင်... အလန့်တကြား ဒါနဲ့မင်းက ဘယ်လိုဖြစ်လာရတာလဲ...
အခုလို လပြည့်ညလေးမှာ မင်းကို ရွာထိပ်မှာ သီချင်းသွားဆိုရအောင် လာခေါ်တာကွ....
ဟေ... ဟုတ်လှချည်လား မင်က ဘယ်က အလှပဂေးဆီကိုများ သွားအော်မလို့လဲကွ...
အံမယ် မင်းလို မိန်းခလေးတွေ့ရင် မရှောင်ပဲ မြင်သမျှ လိုက်ကြိုက်နေတဲ့ ကောင်ကများ ဘာတုန်း မင်းမလိုက်ဖူးလား နေခဲ့လေကွာ...
ငါတို့က... မင်းကိုကံပွင့် စန်းပွင့်စေချင်လို့ လာခေါ်တာကွာ မလိုက်တော့လည်း မင်းကုသိုလ်ကံပေါ့...
ဟေ့ဟေ့...ငါသွားပြီ....ဝေ့...
ဟာ... ဟာ... ဟိုးးးဟိုးးးဟိုးးး ဟေ့ဟေ့ကောင် မင်းကလည်း ငါခဏလေးတောင်မှ အိုက်တင်ခံခွင့်လေး မပေးတော့ဖူးလား လိုက်မှာပေါ့လို့ ဟားဟားဟား... သိနေတယ် သိနေတယ် အမြန်လာကွ...
သူတို့ သူငယ်ချင်းတစ်သိုက် ရွာထိပ်မှာ အသံကောင်းဟစ်ဖို့ တက်ညီလက်ညီ ချီတက်လာပြီ...
ဟေ့ကောင် တွေ့မရှောင်... ရောက်ပြီကွ... ဟေ အလိုလေး... မင်းတို့ပြောတာ ဒီနေရာလား လား...
ဟာဟာ ခဏ ခဏ ဘော်ဒါတို့ မင်းတို့ သီချင်းဆိုမှာ ဒီအိမ်ရှေ့မှာလားကွ အေးဟုတ်သကွဲ့ ...
အိန်း... ငါဒီအိမ် လေးဂွဘုရင်ဆိုတဲ့ လူကြီးကို ငါသိပ်ကြောက်တာ မင်းတို့မသိလို့လား...
ငါကျန်တာတွေကို တွေ့တိုင်းမရှောင်ပေမယ့်လို့ ဒီအိမ်ကြီးကိုတော့ ငါအမြဲရှောင်တယ်နော်...
ငါမဆိုဖူး ပြန်မယ် သွားမယ် လစ်မယ် ခုပြန်မယ် မယ် မယ်...
အေးဟ မင်းလေးဂွဘုရင်ကို ကြောက်တာ ရှောင်တာ သိပေမယ့်လို့ အခုက အထူးအခွင့်ရေးနော် မင်းကို ငါတို့က ကံကောင်းခြင်းတွေပေးမလို့ပါကွာ...
မင်းဒီတိုင်းပဲ လက်လွတ်ခံတော့မလား ဘော်ဘော်ဒါရယ်...
ဟိုက်ရှားပါး.... မင်းတို့က စကားကြီး စကားကျယ်နဲ့ပါလား ဘာတွေများလဲ ဆိုစမ်းပါအုံးကွာ...
မင်းအတွက် နောင်တရစရာတွေ ဖြစ်လာမယ်နော် တယ်ရင်းလေး သေချာစဉ်းစားပါအုံး ငဲငဲ...
အေးလေ မင်းပြောသလို နောင်တရစရာတွေ မဖြစ်ရအောင်ပဲ ငါအခုပြန်မယ် ပြောနေတာပေါ့ကွ...
အဟဲ အဟဲ မင်းမသိတာလေးတွေ ရှိနေသေးတယ် ရှိနေတယ် ရှိနေတယ်...
အခုလေ ငါတို့ရွာမှာ မြို့ကရောက်နေတဲ့ မြို့သူမမ ပန်းလှလှလေးတစ်ပွင့် ဒီခြံရဲ့ အိမ်တော်ထဲမှာ ရောက်တော်မူနေတယ်ခင်ဗျ...
အရမ်းကိုလှ အရမ်းကိုလန်းတာမှ ငါတို့အိမ်ရှေ့မှာစိုက်ထားတဲ့ အပင်က ဘောက်ဖတ်လိုမျိုး အဲ့အဲ့ ယောင်လို့ ငါတို့အိမ်ရှေ့မှာစိုက်ထားတဲ့ နှင်းဆီပန်းလေးလိုမျိုးလေးဗျာ...
မင်းနော် အဲ့လိုလုပ်စမ်းပါ ငါဘောက်ဖတ်သိပ်ကြောက်တာ လန်းတန်းလန်းတန်း တွန့်လိမ်တွန့်လိမ်နဲ့...
မင်းလိုက်တဲ့ ကောင်မလေးတွေတိုင်း မင်းကိုပြန်ကြိုက်ကြတာများတယ်လေ ငါတို့ကတော့ဖြင့် မသေချာပေါင်...
ဒါကြောင့် ငါတို့က စေတနာနဲ့ပါကွာ ... ငါတို့စေတနာကိုမင်း လက်ခံသင့်တယ်ဟေ့...
ငါတို့ စေတနာလက်မခံရင်တော့ မင်းထိုက်နဲ့ မင်းကံပေါ့ကွာ ကဲ ပြန်ပြန် တယ်ရင်း...
ငါတို့ အချိန်ရှိခိုက်လုံ့လစိုက်လို့ မယ်ဒလင်လက်စွမ်းပြကြစို့ဟေ့...
အယ်... ငါသာပြန်ရင် သူတို့ တွေလက်ထဲ မြို့သူမမ ပန်းလှလှလေးပါသွားရင် ငါ ငအဖြစ်သွားတော့မပေါ့ ရမလား တွေ့မရှောင်တဲ့ကွ...
ဟေ့ကောင်တွေ... ဒီမယ် အားလုံးနားထောင်ကြ... သူ့ရဲ့ကျယ်လောင်တဲ့ အသံကြောင့် အကုန်တိတ်ကုန်တယ်...
အရင်က ဒီအိမ်ကိုရှောင်ခဲ့ပေမယ့်လို့ ဒီတစ်ခါတော့ မြို့သူမမ ပန်းလှလှလေးအတွက် ♫ အဆင့်သင့်ပဲဟေ့... အချစ်တွက်ဆိုအမြဲအဆင်သင့်... ♪
ကဲကဲ... ပြောနေရင်ကြာသေးတယ်...
မင်းလက်ထဲက မယ်ဒလင်လေး ငါ့ဆီကိုသာပေးလိုက်စမ်းပါ မြန်လေကောင်းလေပဲ...
ဟေ့ကောင်... အမြန် ရင်ထဲကခံစားချက်တွေ တေးသံသာအဖြစ် ပျံ့လွင့်ပြီး လောကကြီး အသက်သွင်းပေးလိုက်မယ် ပေးစမ်းဟ...
အယ်... မင်းခုနက ကြောက်တယ်ဆို အဟဲ ငါကျန်တာသာကြောက်တာလေ ပန်းလှလှလေးအတွက်ဆို ဘာဖြစ်ဖြစ်ချစ်တယ်...
ဘော်ဒါတို့ တွေ့မရှောင် အချစ်တွေ မသောက်ပဲ အရှိန်တက်နေပြီ... မူးနေပြီ... ခိခိ... ခစ်ခစ်...
♫ အောင်သွယ်တော်.... ဖိုးရွှေလမင်းရယ်.... တိမ်ထဲကို.... ၀င်ကာမပြေးနဲ့... ချောင့်ကန်မယ်... အဲအဲ မှားလို့ တိမ်ထဲကို.... ၀င်ကာမပြေးနဲ့ .... တောင်းပန်မယ်... ♪
ဟေ့ကောင်တွေ တွေ့မရှောင်ဆိုတဲ့ကောင် မယ်ဒလင်းလေးတစ်လက်နဲ့ သီချင်းသံလေးက တအေးအေးနဲ့ ဖြီးတွေတက်နေပြီ ဒီကောင်တော့လား ...
ထိုအချိန် ပြတင်းတံခါးပေါက်မှ တံခါးလေးဖွင့်ကာ အပြင်ကို ကြည့်နေသူက မြို့သူမမ ပန်းလှလှလေးတစ်ပွင့်...
ဟေ့ကောင်... မြို့သူမမ ပန်းလှလှလေးတံခါးဖွင့်လာပြီ ဆက်ဆို ဆက်ဆို ကြိုးစားထား ဘော်ဒါ....
အလိုလေး... ညနက်မဲမဲမှာတောင် လရောင်လေးနဲ့ အပြိုင်ကိုလှနေရှာတဲ့ မိန်းခလေး ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းပဲလင်းတယ်ဆိုတာ မင်းလိုမျိုးလေးထင်ပါ့...
တွေ့မရှောင်တစ်ယောက် ထုံးစံအတိုင်း ရွာသူလေးတွေသာမက မြို့သူမမ ပန်းလှလှလေး အလှမှာလည်း မရှောင်နိုင်ရှာ...
သူမမျက်နှာလေးမြင်လိုက်ရချိန်မှာတော့ တွေ့မရှောင်ရင်ထဲမှာ သူ့သီချင်းသံတွေက ၀မ်းချိန်းလား ဒဲ့လား တွတ်လားမသိ ချက်ခြင်း သံစဉ်ပြောင်းသွားရှာတယ်...
♫ မြင်မြင်ချင်းပဲချစ်မိတယ်... မြင်မြင်ချင်းပဲကြိုက်မိတယ်... စေတနာမေ့အပေါ်ထားလို့.... မောင်လေ မေတ္တာရှိလှတယ်... ♪
♪ တူနှယ်... တယ့်နှယ်... တယ့်နှယ်... ♫
ဟေ့ကောင်... ဟေ့ကောင် အယ် ဒီကောင်တော့ ခေါ်မကြား အော်မကြား ခြံရှေ့တောင်မှ တိုးသွားသေးသကိုး....
ဒီကောင်တော့ ရူးလဲမရ... ရှဲလည်းမရ... ခြောက်လဲမရ ကြည့်စမ်း ဒီကောင် မယ်ဒလင်လေးကိုင်လို့ အချစ်စိတ်တွေ ဒီဂရီမြင့်နေလိုက်တာ ဖြီးတွေတက်ပြီး လေးဂွစာမိတော့မယ်ထင်...
အယ်ဗျာ... ဟေ့ကောင်တွေ ငါမျက်ခုံးတွေလူပ်လာပြီးနော်....
ပြောလိုက်ကွာ မလူပ်နဲ့လို့.... ဟေ့ကောင် မြင်လား မြင်လား ဟိုမှာကြည့်စမ်း လေးဂွဘုရင်ကြီးများလား လေးဂွကိုင်လို့ ၀ါးတားတားနဲ့ လာနေပါကောလား...
ဟေ့ကောင်... ဟေ့ကောင်... တွေ့မရှောင်... သတိထားဦး... မင်းကံကောင်းမှာလား... မင်းကံဆိုးတော့မလားပဲ...
တွေ့မရှောင်အဖြစ်က မနှစ်ကနဲ့ကိုမတူ ကျွန်တော်တို့ သတိပေး အချက်ပြသံကိုတောင် သူမကြားနိုင်တော့ပေ...
ဟေ့ကောင် လုပ်ဦး ကူဦး ဒီကောင် ကိုယ်က လိပ်ပြာ အမြန်ခေါ်ခေါ် ...
လိပ်ပြာလေးလာလာ... ဟာ ဒီကောင်ကတမှောက် ....
ဒိလိုနဲ့ ခြံထဲက အဖိုးကြီး ခြံဝမကြာမီလာမည်မျှော်... ဆိုသလို တစ်လှမ်းထက် တစ်လှမ်း နီးနီးလို့ ခြံတံခါးဝနားကိုပင် ရောက်ရှိလာပါတော့မည်...
ကိုယ့်အသက်တော့ မသေအောင်ကြံပါမှ ဟေ့ကောင်တွေ လာ လာ လာ အမြန်လာ...
ကျွန်တော်တို့ အုပ်စုတော့ နီးစပ်ရာခြုံကွယ်တစ်နေရာကို ကြည်ကာအဖြစ်အသုံးချလို့ ပုန်းနေလိုက်ကြပါတော့တယ်...
သနားစရာကောင်းတဲ့ တွေ့မရှောင် သူ့အတွက် ဆေးမရှိရှာတော့ပါလားနော်...
သူ့ခမျာမှာတော့... ♫ မြင်မြင်ချင်းပဲချစ်မိတယ် မြင်မြင်ချင်းပဲကြိုက်မိတယ် ♪.... သူကဆိုကောင်းနေတုန်း...
ကျွန်တော်တို့ ကြည့်နေရသူအဖို့ကတော့ အချစ်အက်ရှင်ကားလား စွန့်စားခန်းလားပဲ...
♫ စေတနာ မေ့အပေါ်ထားလို့ မောင်လေ မေတ္တာရှိလှ....ဖောင်း... အားးးး
ရုတ်တရက် မိုးပျံလို့ ရောက်ရှိလာတဲ့ ခြံထဲက လေးဂွဘုရင်ရဲ့ လောက်စလုံးပျံကြောင့်လားမသိ အာမေဋိတ်သံကြီးမှာ ကမ္ဘာပြိုသည့်ပုံပမာနှယ်...
ဖောင်း....ဖောင်း... သုံးချက်လောက် အီသွားပုံရတယ် သီချင်းတောင် မဆုံးနိုင်ရှာတော့ဖူး...
အောင်မယ်လေးဗျ... အောင်မယ်လေးဗျ... ကျူးမီးရား... ကျူးမီးရား....
သနားစရာကောင်းလိုက်တဲ့ တွေ့မရှောင် အချစ်ဖီလင်တွေပျက်လို့ အားကိုးရှာနေလိုက်ပုံများ မျက်စိလေးပေကလပ် ပေကလပ်နှင့်ပင်...
ဒို့လည်းမကယ်နိုင်ဖူး ဘော်ဒါရေ လေးဂွစာမိမှာတော့ ကြောက် ကြောက် တယ်....
ခြံထဲကအဖိုးကြီး လေးဂွဘုရင်ကတော့ ဒေါသသံကြီးနဲ့ လက်ထဲမှာလည်း တုတ်ကြီးကိုကိုင်လို့ အင့်ဟာ ဖြောင်း.... ဖြောင်း.... ကျူးမီးလည်းရားမနေနဲ့ နောက်တစ်ခါဒီထက်နာမယ် ဘာမှတ်နေလဲ သေသွားမယ်ဆိုပြီး ကြုံးဝါးရင်း ခြံထဲပြန်ဝင်သွားပါတော့တယ်...
ထိုအချိန်တွေ ပြတင်းပေါက်မှ မြို့သူမမ ပန်းလှလှလေးလည်း မကယ်နိုင်သလို မရှိတော့မရှိရှာတော့...
တွေ့မရှောင်လေး လေးဂွဒဏ်ကြောင့် ခွေလျက်သားလေးလဲကျသွားသည်မှာ ဒီနေ့ခေတ်ဆိုလျှင် အကယ်ဒမီတောင်ပေးချင်စဖွယ် ဖြစ်ပါတယ်...
ဟေ့ကောင်တွေ ဒါဒါဒါ ဘာမြင်ကွင်းတွေလဲ ငါတို့ အိပ်မက်မက်နေတာလား ဒါမှမဟုတ် ရုပ်ရှင်ရုံထဲရောက်နေတာများလားကွာ...
အင်းဟာ... ကဲဟာ... အောင်မငေးဗျ... ဟေ့ကောင် ဘာလို့ ဆွဲဆိတ်ရတာလဲကွ...ငီးငီး...
အိမ်မက်မဟုတ်သလို ရုပ်ရှင်ရုံလည်းမဟုတ်ဖူးဆိုတာ သက်သေပြတာလေကွာ...
ဟိုမှာ ဟိုကောင်တော့ ခေါင်း နှာဖူး မျက်စိ လေးဂွစာမိလို့ ခွေခွေလေး လဲရှာပြီ မြင်လား...
အေး မြင်တယ်လေကွာ... မြင်တယ်လုပ်မနေနဲ့...
မင်းပဲ ဒီအိမ်ရှေ့သီချင်းဆိုဖို့ ခေါ်လာတာလေ မင်းတရာခံပဲ မင်းအပြစ်ရှိတယ်...
ဟိတ်ကောင်တွေ ငါနဲ့ ဘာဆိုင်တုန်းကွ သူ့ပါသာ မြို့သူမမ ပန်းလှလှလေးအတွက် အချစ်စက်ကွင်းကနေ မရှောင်နိုင်တာလေ မရှောင်နိုင်လေတော့ ခံပေတော့ပဲပေါ့ကွ...
ကဲပါကွာ... ပြောနေကြာပါတယ် တွေ့မရှောင်ကို အမြန်ဝိုင်းမကြစမ်းကွာ...
ဒီလိုနဲ့ ကျွန်တော်တို့တွေ သူ့အိမ်ကို လိုက်ပိုးပေးပြီးမှ ပြန်လာခဲ့ကြပါတော့တယ်...
ဒီလိုနဲ့ တွေ့မရှောင်တစ်ယောက် အနာရှိန်နဲ့ အိပ်ပျော်သွားလိုက်တာ ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံ သုံးချက် ထွက်ပေါ်လာတာနဲ့ အိပ်ရာမှ အမြန်ထလိုက်ပြီး မှန်ထဲလည်း ကြည့်လိုက်ရော ဟင် ငါ့မျက်ကွင်းညိုနေတယ် ငါ့နှာဖူးမှာရော ငါ့ခေါင်းလည်း....
အား ကျွတ်...ကျွတ်...ကျွတ်... ငါအိမ်မက်များမက်နေတာလား မြို့သူမမ ပန်းလှလှလေးရယ် မင်းဘယ်ရောက်သွားပြီလဲ...
ငါဘာတွေဖြစ်နေတာလဲ ငါဘာတွေဖြစ်ခဲ့တာလဲ ဒီလိုဆို မြို့သူမမ ပန်းလှလှလေးနဲ့ တွေ့ခဲ့ရတာတွေဟာ အိမ်မက်မဟုတ်တာ ငါ့ဒဏ်ရာတွေက သက်သေပေါ့ မြို့သူမမ ပန်းလှလှလေး ငါ့အချစ်နတ်သမီးလေးကို ငါလိုက်ရှာမယ်... လိုက်ရှာရမယ်...
ညကအစော်ခံထားရသည်က မနက်မိုးလင်း၍ မေ့သွားသည်လားမသိ အချစ်နတ်သမီးလေးတောင် လုပ်နေသေး...
ရွာလမ်းမကြီးအတိုင်းလျှောက်သွားပြီး မြို့သူမမ မိန်းမလှလေး အိမ်အနီးသို့ ချဉ်းကပ်သွားကာ သစ်ပင်တစ်ပင်အောက်သို့ လျှောက်သွားပြီး အကဲခတ်ကြည့်လိုက်မိတယ်...
တွေ့မရှောင်တို့က ဗီဇမသေးဖူး ညက ဒဏ်ရာနာနေတဲ့ကြားက ♫မ မှ မချစ်ရင် ဘ၀ပျက်သွားနိုင်တယ်♪ က လုပ်နေသေး...
သီချင်းလေးတအေးအေးနဲ့ သစ်ပင်အောက်တွင် ထိုင်ကာ မြို့သူမမ ပန်းလှလှလေး ထွက်လာမည့်အချိန်ကို စောင့်နေလိုက်တယ်...
မကြာပါချေ... လူရိပ်တစ်ခု တောင်ကုန်းလေးပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်တယ်...
ထိုလူရိပ်မှာ သေချာပါသည် တွေ့မရှောင် အချစ်အက်ရှင်ကာ ရိုက်ခဲ့ဖူးသည့် မြို့သူမမ ပန်းလှလှလေး...
မိန်းမလှလေးသည် ဆံပင်အရှည်လေးကို ဖြန့်ချထားလျှက် အစိမ်းရောင်ဝမ်းဆက်ကလေးနှင့် အင်မတန်မှကို ဂန္တ၀င်စံ လှပနေလို့ ငေးနေမိတယ်...
မိန်းမလှလေး သူ့အနားရောက်လာတော့မှ အပြေးလေး ဆီးကြိုနူတ်ဆက်လိုက်မိတယ်...
မမလှလှ နေကောင်းလားဗျ... အားးးးးးးးး အားးးးးးးးး အားးးးးးး ကျွတ်ကျွတ်ကျွတ်...
သူ့မမလှလှကဖြင့် မျက်မှောင်ကုတ်သွားပြီး မျက်စောင်းလေးထိုးလိုက်ကာ...
ရှင်မို့လား ညက ကျွန်မကို အိပ်မရအောင် လာနှောက်ယှက်တဲ့သူ ရှင်မဟုတ်လား... နဲတောင်နဲသေးတယ် မှတ်...
တွေ့မရှောင်က တဟားဟားနဲ့ ရယ်မောလိုက်ပြီး...
မောင်လေ မမလှလှရဲ့ တယောလေးနဲ့မောင်လေ ဒီမယ် မမလှလှပေးတဲ့ ဒဏ်ရာဒဏ်ချက်လေးတွေပေါ့ဗျာ...
ထို မြို့သူမမကတော့ စူးစူးဝါးဝါး စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်ကတော့...
ရုပ်ကြီးကိုက “သွားစမ်းပါ မုန်းစရာကြီး” တဲ့လေ....

ဗျစ် ဖက်... အလိုလေး လေး ....
ဒီလိုနဲ့ စိတ်ကူးယဉ်ကောင်းနေတုန်း အပင်ပေါ်မှာ ငှက်စုတ် ငှက်နာက အီးအီးယိုချလိုက်တာ မျက်နှာပေါ်ကျသွားတာ ဒေါသကလည်းထွက်နှင့်ပင် ကျွန်တော်ရဲ့ အချစ်လသာည ဒဿနလေးလည်း ပြတ်တောက်သွားပြီး ပြုံးလိုက်မိပေမယ့် မြို့သူမမကို သတိရမိနေဆဲ...
ကျွန်တော်တစ်ယောက် မမမရှိတော့တဲ့နောက်ပိုင်း မြို့မှာကျောင်းတက်ဖို့ဆို ထွက်လာခဲ့လိုက်တာ အခုဆိုရင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ...
ယနေ့အချိန်ထိ တစ်သက်မှာ စွဲစွဲလန်းလန်း နှစ်နှစ်ကာကာ မြင်မြင်ချင်း ချစ်မိခဲ့ရတဲ့ မြို့သူမမကိုတော့ စိတ်ထဲက ထုတ်မရသလို မေ့ဖို့လဲ မကြိုးစားမိသေးပေ...
နောက်တစ်နေ့မှာတော့ မြို့မှာနေလာတာကြာပြီဖြစ်တဲ့ အတူနေတစ်ခန်းထဲ သူငယ်ချင်းတစ်ယောက်က မင်းကြည့်လိုက်ရင် အမြဲတမ်း မူန်ကုတ်ကုတ်နဲ့ ကုတ်ချောင်းချောင်းနဲ့ ဘာတွေများတွေးနေ ငေးနေတာလဲ မင်းစိတ်ရူပ်နေရင် မင်းစိတ်အပန်းပြေစေမယ့် ဥယျာဉ် တစ်ခုကို ငါခေါ်သွားမယ်လေ...
မင်းက ပန်းလေးတွေ ချစ်တယ်မလား အဲ့ဥယျာဉ်ထဲမှာ ပန်းလှလှလေးတွေ အများကြီးကွ...
ကျွန်တော်လည်း ပန်းဆိုတော့ စိတ်ဝင်စားသွားတာနဲ့ပဲ သူ့ခေါ်ရာ တကောက်ကောက် လိုက်လာမိခဲ့လိုက်တာ...
ဆိုင်ရှေ့ကဆိုင်းဘုတ်လည်းကြည့်လိုက်ရော...
ကျွန်တော်တွေ့လိုက်ရတာက “အင်တာနက်ကဖေး” တဲ့လေ...
ဟာ... ဒီကောင်တော့ မင်းငါ့ကို ဥယျာဉ်ထဲခေါ်မယ်ဆိုပြီးမှ အခုဘယ်က ကော်ဖီဆိုင်ကြီးလဲကွာ...
ငါကော်ဖီမကြိုက်ဖူး ပြန်တော့မယ် မင်းပဲအ၀သောက်တော့...
ဟာ.... ဟဲ့... ကောင်.... နေပါဦးဟ မင်းကလည်းစိတ်ကြည့်ပဲကို ဒါကြောင့် မင်းကတောသားဖြစ်နေတာ လာလိုက်ခဲ့...
အထဲရောက်တော့မှ ဒါ ငါတို့ မြို့မှာ ခေတ်စားနေတဲ့ “အင်တာနက်” ဆိုတာပဲကွ...
အဲ့ဒါကြောင့် မင်ကို ငါသင်ပေးမယ်ပြောတာ ခေါ်နေတာကို မင်းက တစ်ခါမှ လိုက်မှမလိုက်တာကိုကွ...
ကျွန်တော်လည်း ဘုမသိ ဘမသိလိုက်သွားရင်း သူငယ်ချင်းဖြစ်သူနဲ့အတူ စက်အလွတ်တစ်လုံးမှာ ၀င်ထိုက်လိုက်ကြတယ်...
သူသုံးနေတာတွေကို ကြည့်မိတယ်ဗျ... ဒီကောင်လက်သံတွေက ကီးဘုတ်ပေါ်မှာ တစ်ဖြောက်ဖြောက်နဲ့...
သူကတော့ အတော်ကို ကျွမ်းကျင်နေတာပဲ သူ့ကြည့်ရတာ လိုင်းပေါ်က သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက် ပျော်စရာတော့အကောင်းသား... မျက်နှာကြီးကလဲ ဖြီးလို့...
အဲလိုနဲ့ ကျွန်တော်လည်း နဲနဲစိတ်ဝင်စားလာသလိုလိုရှိတာနဲ့...
ဟေ့ကောင် ငါ့လည်းသင်ပေးပါအုံးကွလို့ ကျွန်တော်လည်း ပြောလိုက်တော့...
သူက ကျွန်တော့်ကို ဆိုဒ်တစ်ခုဖွင့်ပြတယ် အဲ့ဒီဆိုဒ်လေးနာမည်က “http://goldenmyanmarparadise.ning.com” ဆိုတဲ့ “ရွှေမြန်မာဥယျာဉ်” လို့ ခေါ်တယ်ကွ...
ကျွန်တော်လည်း သူနဲ့အတူ သူသင်ပေး ပြပေးတာတွေကြည့်ရင်း “ရွှေမြန်မာဥယျာဉ်” ဆိုတဲ့ ဆိုဒ်လေးကို စိတ်ဝင်စားလာမိတာအမှန်ပဲ...
ဒီဥယျာဉ်လေးထဲက သူငယ်ချင်းတွေက ဖော်ရွေကြသလို ဒီဥယျာဉ်လေးထဲမှာ ဓမ္မစာပေ၊ ဆောင်းပါး၊ သတင်း၊ နည်းပညာ၊ သီချင်း ရသအစုံနဲ့မို့ ကျွန်တော် နှစ်သက်မိသလို ကျွန်တော်အားတဲ့နေ့တွေဆိုရင်လည်း သူငယ်ချင်းမပါတောင် ကျွန်တော် အမြဲလာလေ့လာ ဖတ်ရူဖြစ်နေတယ်...
အရင်က ငိုင်တိုင်တိုင်နဲ့ အမြဲ စဉ်းစားခန်းတွေဖွင့်နေတဲ့ ကျွန်တော် ဒီဆိုဒ်လေးထဲရောက်လာချိန်မှာတော့ စိတ်ကအထီးကျန်မဆန်တော့သလို ကျွန်တော်စိတ်ဝင်စားတာလေးတွေနဲ့ အချိန်ကုန်နေခဲ့တယ်...
ကျွန်တော်လည်း စိတ်ဝင်တစားနဲ့ စာတွေရေး စာတွေဖတ်နေ လေ့လာနေတုန်း ကလုံ ပလုံနဲ့ အသံရုတ်တရက်ကြားလိုက်တော့ ရုတ်တရက်လန့်ပြီး အောင်မလေး ပလုတ်တုတ်လို့ အော်လိုက်မိတာ လူတွေဝိုင်းကြည့်နေလို့ ရှက်လိုက်တာဗျာ...
နောက်မှ ဘယ်ကအသံလဲ သေချာလိုက်ရှာကြည့်လိုက်တော့ ဘာများလဲလို့....
“ရွှေမြန်မာဥယျာဉ်” ရွှေ Chat ထဲက ချာတိတ်မလေးတစ်ယောက်ပေါ...
ကျွန်တော့်ကို လာနူတ်ဆက်နေတာနဲ့ ပြန်နူတ်ဆက်ရင်း စကားပြောဖြစ်ခဲ့တယ်...
ကျွန်တော်လည်း ဥယျာဉ်ထဲ စာပေတွေလေ့လာဖတ်ရူရင်း ချာတိတ်မလေးနဲ့တွေ့ရင် စကားပြောပြောရင်း စဖြစ်နောက်ဖြစ်ကြတယ်...
tawthargyi - ကျွန်တော်က တောကတက်လာတာဗျ သူငယ်ချင်းတွေကတော့ တောသားကြီးလို့ ခေါ်ကြတယ်ခင်ဗျ
chartatemalay - ဟုတ်လား ဒါဆို ဒီနေ့ကစပြီး “တောသားကြီး” လို့ခေါ်မယ်နော်
tawthargyi - မင်းစိတ်ချမ်းသာပြီးတာပဲ ခေါ်ချင်သလိုခေါ်စေဗျ့ ...
chartatemalay - တောသာမို့ တောသားပြောတာပဲ မကြိုက်လည်း ခေါ်မှာပဲဆိုပြီး ခိခိ
tawthargyi - အောင်မာ ချာတိတ်မင်းအရမ်းပျော်နေလား....တခိခိနဲ့ တောင်ရယ်နေသေး...
tawthargyi - ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ ချာတိတ်...
chartatemalay - အောင်မာ နာမည်အရင်း မပြောပြပါဖူးနော်...
tawthargyi - အင်းလေ မင်းမပြောချင်လည်းနေပေါ့ ငါလည်းမင်းကိုနာမည်ပေးမယ်လေ...
chartatemalay - အင်းပေးလေ လှရင်တော့ယူမယ် မလှရင် ပြန်ပေးလိုက်မယ် ဟိဟိစ်...
tawthargyi - ဟေ အဲ့လိုကြီးလား လှလှ မလှလှ မင်းမယူလည်း ငါကအဲ့လိုပဲခေါ်မယ် ဟိဟိ...
tawthargyi - မင်းက ပြောင်စပ်စပ်လေးနဲ့ အရမ်းအစသန်ပြီး ပျော်တက်နောက်တက်တဲ့ ချာတိတ်မလေးကို “ငတိမလေး”လို့ ခေါ်မယ်နော် ကြိုက်လား...
chartatemalay - ကြိုက် တယ် ၀ူးးးးးးးးးးးးးး
tawthargyi - အသာပြောပါ ငတိမလေးရဲ့ တံတွေးတွေစင်ကုန်တော့မှာပဲဟယ်...
chartatemalay - ကွန်ပျူတာ ခြားနေပါတယ် လာမစင်ပါဝူး တောသားကြီးရဲ့...
tawthargyi - ဒီနေ့တော့ အလုပ်လေးရှိလို့ ပြန်တော့မယ် ငတိမလေးရေ...
chartatemalay - ဟုတ်တဲ့ ဟုတ်တဲ့ တောသားကြီး အားရင်လာခဲ့လေနော် ဥယျာဉ်လေးထဲမှာ ချောင့်နေမယ် ခိခိ...
tawthargyi - အေးပါဟ ငါလည်း မင်းနဲ့တွေ့မှ စလိုက်နောက်လိုက် ပျော်နေရတာဆိုတော့လေ...
tawthargyi - ငါအားတာနဲ့ လာခဲ့ပါ့မယ် တိလေးရဲ့ ဟားဟား
chartatemalay - ဒါချို တာ့တာ တီတီ တူတူ တွားတော့ယေ
tawthargyi - တွားမှာပေါ့အေ့ မင်းကလည်း အတင်းမောင်းထုတ်နေတာပဲ ငါအောက်မှငိုမနေနဲ့....
chartatemalay - မငိုရေးချာ မငိုပေါင် အညန်လစ် ခိခိ..
tawthargyi - ပြီးရော
chartatemalay - ပြီးရယ်
tawthargyi - တာ့တာ ငတိမလေး အောက်ပြီနော် ၁ ၂ ၃ ....
chartatemalay - ဘိုင့်

ဒီလိုနဲ့ ကျွန်တော်စိတ်ညစ်တိုင်း ဒီချာတိတ်မလေးနဲ့ ရင်ဖွင့်တိုင်ပင်ဖြစ်သလို စနောက်ကြရင်း ပျော်နေခဲ့မိလိုက်တာ အချိန်တွေလည်းကြာလာတာနဲ့အမျှ သံယောဇဉ်တွေဖြစ်လာလိုက်တာ...
နောက်နေ့တွေမှာတော့ ကျွန်တော် “ရွှေမြန်မာဥယျာဉ်”လေး ထဲလာတော့ သူ့နာမည်လေးမတွေ့ဖူးဗျာ
ကျွန်တော် ဘာလိုမှန်းမသိ ရင်ထဲမှာဟာတာတာနဲ့ အလုံးကြီးနင်နေသလိုဖြစ်နေတာ...
ဒီလိုနဲ့ နောက်တစ်ခါ ဒီ “ ရွှေမြန်မာဥယျာဉ်” လေးထဲရောက်ရင် သူ့မတွေ့ရင်ကို အလိုလို မပျော်တော့ဖူး ဖြစ်နေတယ်ဗျာ...
ကျွန်တော် အိမ်မှာလဲ စဉ်းစားမိတယ် သူ့ကို မတွေ့ရ မနေနိုင်တာ ကျွန်တော် ချစ်နေမိပြီလားလို့ပေါ့..
ဟုတ်တယ်... ငါ့မသိစိတ်ထဲကနေ “ငတိမလေး”ကို ချစ်နေမိပြီတင်ပါရဲ့...
နောက်တစ်ခါ လိုင်းပေါ်တွေ့ရင်တော့ သူများမဦးခင် “ငတိမလေး”ကို ချစ်တဲ့အကြောင်း ဖွင့်ပြောမယ် မောင်းတင်ထားလိုက်တယ်...
ဒီနေ့တော့ “ရွှေမြန်မာဥယျာဉ်”လေးထဲက Chat box လေးထဲမှာ ပြူးပြဲပြီး သူ့နာမည်လေးရှာနေမိတယ်....
မတွေ့ပြန်ဖူး ဒီလိုနဲ့ ကျွန်တော် စာတွေဖတ်နေစဉ်မှာပဲ...
ကလုံ ကလုံ ပလုံ.... အသံလေးကြားလို့ကြည့်လိုက်မိတော့... ရွှေရတဲ့မျက်နှာလို အရောင်တွေတောက်ပြီး ပျော်သွားလိုက်တာ....
Chartatemalay - နေကောင်းလား တောသားကြီးရေ....
tawthargyi - ကောင်းဝူးဗျာ ကောင်းဝူးးးးး
Chartatemalay - အယ် ဘာဖြစ်နေတာလဲ ဖျားရင် ချေးတောက်ယေ ခိခိ...
tawthargyi - အန် လူကြီးကို စစရာနောက်စရာမှတ်နေလား “ငတိမလေး”...
Chartatemalay - စစရာမဟုတ်ဖူးလား ဒါဆို နောက်စရာပေါ့ ခိခိ...
tawthargyi - ဟိတ် ဒီနေ့ မစမနောက်ကြေး စကားအတည်ပြောစရာရှိတယ်...
Chartatemalay - အော် အရင်နေ့က ပြောတာတွေက မတည်တာတွေပေါ့ ဟိဟိ...
tawthargyi - အိန်း အခုပြောမယ့် စကားကို “ငတိမလေး” သေချာနားထောင်ပေးပါဗျာ...
Chartatemalay - အယ် လူကြီးလူကောင်းစကားတွေပြောနေပါကောလား ခွိခွိ...
tawthargyi - အဟမ်းအဟမ်း စတော့မယ်နော် ဘာမှမလုပ်ပဲ သေချာနားထောင်ပေးပါဗျ...
Chartatemalay - ဟုတ်တဲ့ ဟုတ်တဲ့ မလူပ်ပဲ နားထောင်နေပါ့မယ်ချင့်...
tawthargyi - “ငတိမလေး” ကို အစ်ကို မတွေ့ရရင်သတိရနေပြီးမှ ချစ်နေမိပြီ...
Chartatemalay - ရှင်...............
tawthargyi - ရှင်မနေနဲ့ အဲ့ဒါစဉ်းစားထားပေးပါနော် “ငတိမလေး” မင်းနဲ့တွေ့မှ ငါ့ဘ၀ကပျော်ရတာမို့ပါ..
tawthargyi - ငတိမလေးမှာ ချစ်ရသူရှိနေပြီလားဟင်...
Chartatemalay - ဟင့်အင်း ရှိဝူးးးးးးးးးးးးးးး
tawthargyi - ပါးစပ်ကအလိုလိုနေရင်း အော်ပလိုက်မိတယ် “ဟေး” ငါကွ...
http://amartya.de/inet.jpg
ဘုရားရေ “ငတိမလေး” ကျွန်တော် ပျော်ပျော်နဲ့ အော်လိုက်တာ ဘေးကလူတွေ ၀ိုင်းကြည့်ကုန်တယ် ရှက်လိုက်တာဗျာ....
Chartatemalay - ဟဟ ရှက်ရင် ခေါင်းကို အ၀တ်ပတ်ထားလိုက်ပေါ့ ဟိဟိ...
tawthargyi - မစပါနဲ့ကွယ် ဒီက အဟုတ်ပျော်နေတာ ဟဲဟဲ...
Chartatemalay - ဒါဆို ဒီနေ့အလုပ်လေးရှိသေးလို့ ပြန်ပြီ တောသားကြီးရေ...
tawthargyi - အန် တွားတော့မရား နေပါအုံး အဟင့်...
Chartatemalay - ဟုတ်အောက်တော့မယ်ချင့်...
tawthargyi - ဟဲ့ဟဲ့ဟဲ့ စဉ်းစားပေးထားဦးနော် သနားသောအားဖြင့်...
Chartatemalay - ဟုတ်တဲ့ ဟုတ်တဲ့ အောက်ပြီချင့်
tawthargyi - အိုခေ ပျော်စရာနေ့ဖြစ်ပါစေ “ငတိမလေး”ရေ... ဘိုင်

ကျွန်တော်ကဖြင့် နူတ်ဆက်ကောင်းနေတုန်း ပျောက်သွားလိုက်တာ နတ်သမီးကိုယ်ရောင်ဖျောက်သလိုပဲ...
ဟဲဟဲ ဒီနေ့တော့ ခံစားချက်လေးတွေဖွင့်ဟလိုက်ရလို့ ကျွန်တော် အိမ်ပြန်တာတောင် ခုန်ပေါက် ခုန်ပေါက်နဲ့ အလိုလိုနေရင်း မျောက်ကြွကြွဖြစ်နေတယ်...
ဘေးကလူတွေမြင် ရူးသွားပြီထင်မယ် ထင်ချင်ထင်လေ အချစ်ရူးလေးပေါ့ ဟိဟိ..
ဒီလိုနဲ့ ကျွန်တော်နဲ့သူ အတော်ကြာကြာတွေဖြစ်ခဲ့တယ် စကားတွေလည်းပြောဖြစ်တယ်...
အဖြေတောင်းပြီး သုံးလလောက်ကြာတော့ သူအဖြေပေးခဲ့တယ် ချစ်ပါတယ်ရှင့်တဲ့...
ကျွန်တော်ပျော်လိုက်တာ မိုးပေါ်က ကြယ်ကို ရလိုက်သလိုမျိုး အတိုင်းမသိပျော်နေမိတာပေါ့ဗျာ...
ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် အပြင်မှာ ဆုံဖို့ ချိန်းလိုက်ကြတယ်...
အခု ကျွန်တော့်ချစ်သူငတိမလေးကို သွားတွေ့မှာက အပြင်မှာတော့ ပထမဆုံးတွေ့ဆုံခြင်းမို့ သူကျွန်တော့်ကိုမြင်ရင် မချစ်တော့မှာ ပစ်သွားမှာလည်းကြောက်ကြောက်နဲ့ပေါ့..
ကျွန်တော်ကတော့ တစ်ကယ်ကို ချစ်နေရတာဆိုတော့ စိုးရိမ်ကြောင့်ကြမူတွေအပြည့်နဲ့ပေါ့ဗျာ...
ဒီလိုနဲ့ပဲ ဘုရားစာတွေကလည်း ပါးစပ်က ပွစိပွစိရွတ်လို့ သပ်သပ်ရပ်ရပ်ဝတ်စား ဖီးလိမ်းပြီး ငတိမလေးနဲ့ ချိန်းထားတဲ့ ပန်းခြံလေးထဲကို စတင်လှမ်းခဲ့ပါတော့တယ်...
ပါးစပ်က ဘုရားစာတွေရွတ် ခြေတွေကတုန်းနဲ့ စိတ်ကူးလေးတွေယဉ်ပြီးမှ အရမ်းကို သာယာလှတဲ့ ကောင်းကင်ပြင်ကြီးကို မော့ကြည့်ရင်း .....
ကျွန်တော့်ခြေထောက်မှာ တစ်ခုခုဖြစ်သွားသလိုခံစားလိုက်ရတာနဲ့ အောက်လည်း ကောင်းကင်ပေါ်က အကြည့်တွေက မြေပြင်ပေါ်က ခြေထောက်ပေါ်ရောက်သွားချိန်မှာတော့...
အာ လာ လာ ပန်းခြံနားရောက်ခါနီးလောက်မှ နင်းမိလိုက်တာ ခွေးချေးပုံကြီးဗျာ...
ကျွန်တော်လည်း ငတိမလေးနဲ့ ချိန်းထားတာ နီးနေပြီဆိုတော့ အနီးနားရေကလည်းမရှိနဲ့ ဒီနား မစင်လာစွန့်ထားတဲ့ ခွေးလေ ခွေးလွှင့်ကို မေတ္တာပို့ရင်း နီးစပ်ရာ မြက်ခင်းပေါ်မှာ ကပျာကယာ သုတ်လိုက်ပါတယ်...
ပြီးမှ အမြန် သုတ်ခြေတင်ရပါတော့တယ်...
စိတ်ထဲမှာ မစင်နံ့က နံနေသလိုလို ဟူးးးးးးးးးးးးးး
ဒီလိုနဲ့ တဖြေးဖြေး ငတိမလေးနဲ့ ချိန်းထားတဲ့ အပင်အောက်က ခုံတန်းလျားလေးကို ကြည့်လိုက်မိတော့ ဆံပင်အရှည်လေးကို ဖားလျားလေးချထားတဲ့ မြင်ကွင်း မြို့သူမမ ပန်းလှလှလေးကို မြင်ယောင်လိုက်သေးတယ်...
ဒီလို ကျက်သရေရှိတဲ့ ကောင်မလေး ပထမဆုံးတွေ့တာဆိုတော့ ဖိနပ်မှာပေနေတဲ့ မစင်ကို ကပျာကယာ ထပ်သုတ်လိုက်မိပါသေးတယ် သေချာအောင်ပေါ့...
ချစ်ရေး ကြိုက်ရေးပြောနေမှ ကျွန်တော်ကိုက မစင်နံ့ထွက်နေရင် ဒွတ်ခ...
ကျွန်တော်လည်း ပထမဆုံးတွေ့တာဆိုတော့... ဥယျာဉ်ထဲမှာ သူနဲ့ပေါတောတော စနောက်နေကြစကားတွေက နဲနဲ ရှက်လို့နေမိတယ်...
ငတိမလေးက ဥယျာဉ်ထဲမှာတွေ့တုန်းကသာ ပြောင်စပ်စပ် စပ်ဖြဲဖြဲလေး အခုတွေ့လိုက်တော့လည်း အိနြေ္ဒရှင်ကြီးလိုပါပဲလား...
ဒါနဲ့ အားလုံးပြင်ဆင်ပြီးတော့ ငတိမလေးအနီးကို တဖြေးဖြေး ချဉ်းကပ်လာလိုက်ပြီးမှ နောက်ကနေ ကျွန်တော်အသံတစ်ချက်ပေးလိုက်မိတယ် “ငတိမလေး” လား...
ဟုတ်ကဲ့ရှင့် ဆိုပြီး လှည့်ကြည့်လိုက်ချိန်မှာတော့....
အယ်... အို... မြို့သူမမ ပန်းလှလှလေး ဖြစ်နေပါကောလား...
ဟယ်... ဟင်.. တယောလေးနဲ့မောင်ဆိုတာ... ရှင်... ရှင်...မို့လား...
ကျွန်တော့်မျက်နှာကြီးကလည်း အဲ့ဒီလပြည့်ညက အဖြစ်ကြောင့် ပူနေလိုက်တဲ့ မျက်နှာကြီး အနီးနားရေရှိရင် ဖြန်းပလိုက်ချင်တာ... ခက်တာက မရှိဖူး....
ငတိမလေး မြို့သူမမ ကိုတောသားကြီးကို ချစ်သေးရဲ့လား တယောလေးနဲ့မောင်ကို ချစ်သေးရဲ့လား...
ဒီတောသားကြီးကို ပစ်မထားခဲ့ပါနဲ့နော် မောင်ကြီးသေရပါလိမ့်မယ်....
ကျွန်တော်လည်း အရင်ကချစ်နေတဲ့ မြို့သူမမဖြစ်နေတာရယ် ကျွန်တော့်ကိုအမြဲပျော်အောင်ထားပေးတဲ့ ငတိမလေးရယ် ဖြစ်နေတာကြောင့် ကျွန်တော့်နားက ထွက်ပြေးသွားမှာကြောက်တဲ့စိတ်နဲ့...
ဘာမှမပြောတော့ပဲ အတင်းဖက်ထားလိုက်ပါတော့တယ်...
ငတိမလေး တောသားကြီးကိုမထားခဲ့နဲ့နော် ချစ်တယ်မလား ချစ်တယ်ဟုတ်...
ဒီတောသားကြီးကလည်း ဇွတ်ပဲ မချစ်ဖူး ရှင့်ကို ဘယ်သူက ချစ်တယ်ပြောနေလို့လဲ...
မချစ်တော့ဖူး မချစ်ဖူး မချစ်ဖူး ဆိုပြီး ရှက်တဲ့မျက်နှာလေးနဲ့...
သူပြောလိုက်တာကတော့ဖြင့်...
ဟိုအရင်က အပင်ကြီးအောက်မှာ သူပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်း အဲဒါကတော့....
“ သွားစမ်းပါ မုန်းစရာကြီး” တဲ့ဗျာ။

1 comment:

Unknown said...

ကောင်တယ်ဗျာ

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့