သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌...။
တစ်ခါ။
ကြယ်ချွေတဲ့လက်နဲ့
နတ်သမီးရဲ့ပါးမှာ အနမ်းတစ်ခုချိတ်လိုက်တယ်.....။
တစ်ခါ။
ပျှော်ရွှင်မှုစားထားတဲ့ အပြုံးနဲ့
ဂီတတစ်ပုဒ်ရဲ့ကြားမှာ ပျှော်ရွှင်စွာ အိမ်ဆောက်ခဲ့ကြတယ်.......။
ဒါပေမယ့်...။
လက်တံမဲ့နာရီရဲ့ အချိန်ပြဆိုမှု မမှန်ခြင်းဒဏ်ကို
မြတ်နိုးစွာနဲ့ပဲ ရင်နှစ်ခုမှာလက်ခံရင်း ,,,,,,,,,,
ကျေနပ်စွာ နှုတ်ဆက်ခဲ့ကြတယ်....။
ဘ၀ထဲလမ်းလျှောက်ထွက်၍ အရိပ်မရသောအခါများတွင် ကျွန်တော်မနက်ဖြန်များစွာနှင့် စကားပြောကြည့်ဖူးပါသည်..။ ထိုသို့ ကျွန်တော်ကြိမ်ဖန်များစွာ စကားပြောမိတ်ဆက်စကားဆိုနေလည်း..... သူတို့သည် စိုးစဉ်းမျှသောအပြုံးနှင့် ကျွန်တော့်ကိုစကားပြန်ဆိုခြင်း အမှုကို မပြုကြပါ...။
ထို့ကြောင့် ကြိုးပြတ်သောကြယ်တချို့ကို မြင်ရသော ညအခါတွင်..... တဖန်ပြောင်း၍ ကြယ်များကို စကားဆိုကြည့်လိုက်ပါသည်..။
ကျွန်တော့်၏ ပြောင်းလဲစဉ်းစားဆုံးဖြတ်မိတ်ဖွဲ့မှုသည် မှန်ကန်ကြောင်း မြေပေါ်တွင်ပြန့်ကျဲနေသော ကြယ်များ၏ စကားပြန်ဆိုသံ က သက်သေခံနေပါသည်...။
ထိုသို့ ကြိုးပြတ်ကြယ်တချို့နှင့် အတန်အသင့်မိတ်ဆွေဖြစ်၍ ကာလအတန်ကြာပြီးနောက်....... တစ်ညတွင် သူတို့နှင့်ကျွန်တော် စကားတစ်ခွန်းကို အစပြုပြီး..... "နယူတန်...ပန်းသီးတစ်လုံးနှင့် လုပ်စားသွားသော " ကမ္ဘာမြေပြင်ဆွဲငင်အားရှိခြင်းနှင့် ပါတ်သတ်၍ မတိုး မကျယ် အချင်းများကြပါလေတော့သည်...။
ကမ္ဘာမြေပြင်ကြီး၏ ဆွဲငင်အားအစသည် စကြာဝဋ္ဌာထဲ၌ရှိသော သူတို့ကိုတောင် ကြွေကျလာအောင် ဆွဲဆောင်နိုင်ခြင်းကို သူတို့ က လက်မခံကြပါ...။ ကျွန်တော့်ကို သူစိမ်းတစ်ယောက်ကိုကြည့်သလို ပြူးကြောင်ကြောင်တအံ့တသြစကားများကို သယ်ဆောင်သော မျက်လုံးစိမ်းများနှင့် ကြည့်ကြပါသည်...။
နောက်ဆုံးတော့ သူတိုသည် ကျွန်တော့်အား သနားစရာသတ္တ၀ါတစ်ကောင်၏ မစင်အားမြင်၍ အလွန်အော့နှလုံးနာသွားသော အမူအရာများဖြင့် ကမ္ဘာမြေပြင်ကြီး၏ အတွင်းကျကျအနက်ရှိုင်းဆုံး တစ်နေရာသို့ တိုးဝင်သွားပါလေတော့သည်..။(ကျွန်တော့်အထင် ကမ္ဘာမြေပြင်ဆွဲငင်အားကြောင့်သာ သူတို့ထိုလိုဖြစ်သွားခြင်းအပေါ် သူတို့ဖုံးကွယ်လိမ်ယှက်လို၍ သူတို့စိတ်ဆန္ဒအရ တိုးဝင်သွားသည် ဟု ပြောခြင်းလည်း ဖြစ်နိုင်ပါသည်...။)
ထိုအချိန်မှစ၍ ကျွန်တော်လည်း ဟိုယခင်လိုပြန်လည်ကာ ဘ၀၏အရိပ်ကို ပြန်ရှာရလေပြန်ပါသည်...။ ရှာသာရှာနေရပါသည် မတွေ့မည်ကိုတော့ ကျွန်တော် အပ်ချမတ်ချ ယုံကြည်လို့လဲ ထားပါသည်..။ ထင်သည့်အတိုင်းပင်...ကျွန်တော် နှစ်ကာလအတိုင်းအတာ တစ်ခုအဆုံးတိုင် ရှာမတွေ့ခဲ့ပါ..။ ထိုကာလများသည် ကျွန်တော့်ဘ၀၏ အမှတ်ရဖွယ် ငြီးငွေ့စရာအကောင်းဆုံး နေ့ရက်အကျိုးအပဲ့များ အဖြစ် ကျွန်တော့်မှတ်ညဏ်တချို့ထဲတွင် တင်ကျန်ရစ်ခဲ့စေပါသည်...။
အပြီးသတ်တော့ ..... အရာအားလုံးကို ကျွန်တော်မလိုချင်တော့ယောင်ဆောင်၍ ခေါင်းငိုက်စိုက်ချပြီး ကောင်းကင်ကိုသာမော့လို့ ကြည့်နေခဲ့မိပါတော့သည်...။ အချိန်တို့သည်လည်း တရွေ့ရွေ့နှင့် ညာရစ်အတိုင်းလှည့်၍ နေ့ရက်ပြကိန်းဂဏ္ဍန်းများသည် ကျွန်တော့် ၏ လက်ပါတ်နာရီအတွင်း ဘယ်ဘက်လှဲ့၍ ပြောင်းလဲသွားပါသည်...။
ထိုကဲ့သို့နေလာခဲ့ရင်း လနဲ့နေ တစ်ပြိုင်နက်တည်းထွက်သောနေ့ဟု ထင်သောနေ့တွင်......... လမျက်နှာပေါ်ခင်းထားသော လမ်းတစ်ခု၏အစ၌ သူမကို ကျွန်တော် စကားပြောဖော်အဖြစ်ရရှိခဲ့ပါသည်...။
ချစ်သူရေ အဲဒီ့ညက......
အတိတ်ရဲ့နွံအိုင်စမှာ
မနားမနေခြင်းကို အလွမ်းနဲ့ချိတ်
တိတ်တဆိတ်အိပ်သွားတဲ့ အပျှော်တွေနဲ့
လွန်လွန်ကျူးကျူး တေးဆိုဖူးတယ်...။
သူမသည် ပန်းတစ်ပွင့်လို လှ၍.... ဖန်ကွဲတစ်ခုလို သူမ မာနက ထက်မြပါသည် ။ သို့သော် သူမသည် ကျွန်တော့်အား သူမ၏မူတချို့ နှင့် သိသာအောင်ဆန့်ကျင်ကာ သူ့၏ ရီဝေေ၀မျက်လုံးလေးများနှင့် နူးညံ့တတ်ပါသည်...။ ထို့ကြောင့် သူမနှင့် အချိန်တော်တော် များ များ တွင် အလွန်စပ်မယ်မှန်းသိသော်လည်း..... မုန့်တီပန်းကန်ထဲ ငရုတ်သီးများမှိတ်ကြိတ်ထဲ့၍ လမ်းဘေးဆိုင်လေးတစ်ခု၏ ချောင်လေး ထဲတွင် အတူရယ်မောပြီး စပ်ခဲ့ကြပါသည်...။
ချစ်သူရေ အဲဒီ့ညက......
ကတ္တရာလမ်းမကြီးကို ခွင့်လွှတ်ခြင်း ဆေးအဖြူသုတ်
အဆွေးဆိုတဲ့ ဖိနပ်စုတ်နဲ့
နာကျင်စရာတွေကို အရည်ဖျော်သောက်
မျက်ရည်စတစ်စရဲ့ နောက်ကိုလိုက်ခဲ့ဖူးတယ်...။
ချစ်သူရေ အဲဒီ့ညက.......
အသိုက်ပျောက်ကောင်းကင်ကြီးကို မော့ကြည့်
တေးဆိုတဲ့ ကြယ်တွေရှိမယ် ထင်ပေမယ့်........
ပြိုဆင်းလာတဲ့ တိမ်မဲတွေရဲ့ အန်ဖတ်တွေဟာ....
ကောင်းကင်ကြီးကို မှောင်မဲစေတယ်......။
သူမကို ကျွန်တော်အရမ်းချစ်ပါသည်...။ သူမလည်း ကျွန်တော့်လိုပဲ အရမ်းချစ်တတ်ပါလိမ့်မည်....။
သည်လိုနှင့် ကျွန်တော်နှင့်သူမ နှစ်ဦးသဘောတူ လပ်ထပ်ကြပါတော့သည်...။ လပ်မထပ်ခင် ခိုးပြေးသည်ဟုပြောရလျှင်."ဆိုကရေးတီး" ၏ သီအိုရီကို ပို၍ထောက်ခံရာရောက်နိုင်ပါသည်...။ အမှန်ကိုသာပြောဟု ဆိုလျှင်..... ကျွန်တော်တို့နှစ်ဦးညသန်းခေါင်တွင် နှစ်ဖက်မိဘများ သဘောတူနေသည့်ကြားမှ စွန့်စားလိုသောစိတ်နှင့် လူချေတိတ်သောလမ်းများပေါ်က ခွေးအူသံများကို ကမ္ဘာကျော်ဂီတတစ်ခုလို နား ဆင်ပြီး ...... ညတစ်ည၏ မိန်းမောမှုအောက်တွင် အတူအိပ်စက်ခဲ့ကြပါသည်....။
ထိုညတွင် ပန်းတစ်ပွင့်သည် လှပစွာ ပွင့်ဝဲလွင့်ကြွေကျလာပုံမှာ လှပသောကဗျာတစ်ပုဒ်၏ နိမိတ်ပုံပြများနှင့် တူညီခဲ့ပါသည်..။သူမ သည် ရှက်ပြုံးတချို့နှင့်ငြင်းပယ်ခဲ့သေးသည်...။ သို့သော် လမင်းသည် နေမင်းမဟုတ်ခြင်းကြောင့် ကျွန်တော်တို့နှစ်ဦး၏ ချစ်ခြင်းဖွဲ့ သံစဉ်များသည် စမ်းချောင်းတစ်ခု၏ အထက်တွင် လွင့်မျောကာ အဆုံးမဲ့ ပါသွားလေတော့၏...။
ချစ်သူရေ အဲဒီ့ညက ......
ဝင်္က၀ုတ္တိအလင်္ကာမပါတဲ့ နိမိတ်တွေဟာ....
အထီးကျန်ခြင်းတွေကို ထက်ခြမ်းခွဲ
မမျှော်လင့်ရဲစရာ အလွမ်းတွေကို
တသက်စာ ခံစားဖို့အတွက်....
ငါ့နှလုံးသားအပေါ်ကို ရီဝေစွာ ကျဲဖြန့်ခဲ့ပြန်တယ်.....။
သူမနှင့်ကျွန်တော် ရက်ပေါင်း ၃၆၅၀ မပြည့်တတ်သေးခင်ကာလတွင် နေဆယ်စင်းထွန်းလင်းသောညများ၌ မျက်ရည်များစို့နင့် စွာနှင့် လမ်းခွဲဖို့တိုင်ပင်ခဲ့ကြရပါသည်....။ ကန့်သတ်ထားသော နေရာတစ်ခုတွင်....တစ်ဦးကို တစ်ဦးကျောခိုင်းကာ ပွေ့ဖက်ထားကြပါ၏.။ သူမသည် အပြုံးမဲ့သော ရယ်သံတချို့နှင့် ကျွန်တော့်အား သူ့ရင်ခွင်နှင့်ဝေးရာသို့ တွန်းလွှတ်၏...။ ရိုက်မောင်းပုတ်မောင်းပြု၏...။
ကျွန်တော် ပေကပ်ကာ ထွက်မသွားချင်ခဲ့ပါ...။ သူမသည် ကျွန်တော်ဘ၀ဖြစ်သလို..... ကျွန်တော်သည်လည်း သူမဘ၀ ဖြစ်ပါသည် ။ ထို့ကြောင့်ပင်ထင်ပါသည်... ကံတရားသည် သူမနှင့်ကျွန်တော့်အား အလွန်ကွာဝေးသော တံတိုင်းတစ်ဖက်ခြားဆီပို့ကာ ကန့်သတ် လိုက်ပါတော့သည်...။
ထိုအချိန်တွင်..... အနောက်အရပ်မှ ကျီးတို့ပြို၏။ ရင်နှစ်ခုထဲတွင် တော်လဲသံပေါင်းများစွာ မြည်ဟည်း၏..။ မြတ်နိုးမှုများစွာ ပျက်သုန်း ၏..။ နှုတ်ဆက်ခြင်းတို့ အကြာတည်ကြလေ၏..။
ချစ်သူရေ အဲဒီ့ညမှာပဲ....
နှလုံးခုန်သံတွေရဲ့ စည်းချက်ဖြုတ်ထားတဲ့ အသက် မဲ့ဂီတသံကို...
ငါ့နှလုံးသားရဲ့နားနဲ့ ငါကိုယ်တိုင်ပြန်ကြား......
မျှော်လင့်ခြင်းခြေထောက်တွေအပါးမှာ......
ငါ့စိတ်အားတွေ ခစားခဲ့ရတော့တယ်....
ဒါပေမယ့်... ဘာပဲဖြစ်ဖြစ်ပါ....
ညတစ်ညရဲ့ မနက်ဖြန်တွေကို......
ငါ.. မက်မောစွာ ချစ်တတ်နေမှာ သေချာပါတယ် ချစ်သူ......။
သည်နောက်တော့ ကျွန်တော် ယခင်လိုဘ၀မျိုး ပြန်ရောက်၍ အရိပ်မဲ့လမ်းတွင် သူမထားခဲ့သော သက်ရှိလေး(၂)ဦး၏ လက်ကိုဆွဲကာ အချိန်များကို မမောတမ်းဖြတ်သန်းရပါလေတော့သည်..။ ကျွန်တော်သည်လည်း "သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌ " နောက်ထပ် စကားပြောဖော် ရှာဖြစ်တော့မည် မထင်တော့ပါ....။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 29 March 2012
သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌...။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
March
(408)
- ကြွေလွင့်သွားသော စံပယ်ဖြူတစ်ပွင့်.....
- တွေးခြိမ်ခြင့်စရာ (မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်...
- သင့်ကြောင့် မိသားစုဘ၀ မပြိုကွဲပါစေနှင့် ...
- မှတ်သားစရာ စာစုလေးတွေ -
- လူမိုက်တို့ သွားရာလမ်း
- ***ခွက်ပဲ့လေး-တစ်လုံး***
- နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
- gtalk မှာ ခြေဆော့ရင်တော့ သေလောက်အောင် ရင်ကွဲရမယ်.....
- သတ္တုဓါတ်များအကြောင်းသိကောင်းစရာ
- တရုတ်ပြည်ရဲ.လိပ်ပြာလေးစုံတွဲအကြောင်.
- နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ
- ဆွဲဆောင်မူအရှိဆုံးအမျိုးသမီး10ဦးရွေးချယ်
- ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်
- ငရဲပန်းတို့ရဲ့ အလယ်မှာ
- ...... ကြိုနေမဲ့  မင်း (သို့ ) ဖယောင်းတိုင်နဲ့  တူ...
- မဖြစ်သင့်သောအရာ...............
- သူယောင်မယ်သီး
- နုလုံးအိမ်ထဲက ချစ်တဲ့အလုပ်ရှင် - (ဟာသ)
- အချစ်ဆိုသည်မှာ
- မိန်းခလေးတွေ အတုယူကြပါ
- ပိတောက်နံ့လေး မွှေးနေတယ်......
- ပိတောက်ပင် အောက်က
- လူဖြစ် ကျိုးနပ်ဖို့သောတာပန်...ပန်းတိုင်း....သို့
-းးးးးးးးးးးးးးးးးးး ပိတောက်နဲ့ အတူးးးးးးးးးးးးးးး...
- ဖူးစားရှင်ရှာ နည်းလေး
- ဂုဏ်တော်ပွားနည်း
- ဖိုးသူတော် ပြောသော ပုံပြင်
- ရီဝေေ၀အကြည့်နဲ့ ကြည့်တတ်သူလေး
- ဒဏ်ခတ်ထားတဲ့နှလုံးသား>>>>
- ***ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်မှအဆိုအမိန့်များ****
- အချစ်တခုတည်းနဲ. ဘဝမပြည်.စုံနိုင်ပါ
- သူငယ်ချင်း
- ..... အတိတ်က ငါ့ အရိပ့် လေးမင်း.....
- အချစ်ဆိုတာကို ဘယ်ကနေ ဘယ်လို
- ဖုန်မှုန့်နှင့်တူသော ငါ့အချစ်တွေကို......
- (အို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စဉ်အပေါင်းသူငယ်ချင်းတို့)
- မြန်မာ့တိုင်းရင်းသားတွေပါ......................
- သင်ပျင်းတဲ့အခါလုပ်စရာ
- Ccleaner business edition v.3.17.1688 (Latest Vers...
- ****တခဏတာဘ၀အမောပြေပါစေသူငယ်ချင်းတို့အတွက်*****
- Samsung Galaxy Ace Official Gingerbread 2.3 နှင့်အ...
- Youtube မှ MP 4 Mp3 .FLV . အဖြစ် download လုပ်ရန်..
- ကာတွန်းဟာသပုံလေးများ
- ဟာသများ
- ...........ဒဏ်ရာ...........
- အဆိပ်သင့်ပန်းတစ်ပွင့်ရဲ့ခံစားချက်
- ကိုယ်လိုချင်တာပါ
- မင်းရက်စက်စွာ ကိုကို နှလုံးသားကို နာကျင်နေစေပေမဲ့....
- gtalk နည်ပညာ
- မိုးလေ၀သ ခန့် မှန်းချက်
- သိပ့်ချစ်မိသူရဲ့  နှလုံးသားမှာလေ........
- ချစ်တယ်
- အကယ်၍ သင်ဟာ
- စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့
- လည်လွန်းတဲ့ဘီး
- ♀ ♥ ♂ “အချစ်နှင့်ကခုန်ခြင်း” ♀ ♥ ♂
- လိုအပ်နေတာ - ဒါပဲ
- အသက်ပေးရသည့် စကားများ(၁)
- ရယ်မောခြင်းသည် အသက်ရှည်၏
- ကိုယ့်ဖတ်ကကြည့်ရင် လက်ဖမိုးဆိုပေမဲ့ သူ့ ဖတ်ကကြည့်ရ...
- မိုးစက်ခြေရာ.....
- ♦♦♦♦ ငါ....ဘာလဲ ♦♦♦♦
- အိပ်မက်ခရီး...။
- လိုက်နာသင့်သော ….ကွာ၊ ပါ၊ ချာ
- အကြံပိုင်တဲ့ဆာဒါ....(ဟာသ)
- မော်ဒယ်များ
- Actress Fashion World (2) မြန်မာဝတ်စုံ
- စကားဆုံးအောင်ပြောခွင့်ပေးပါ
- ပိတောက် နဲ့ ငုဝါ
- ဒုက္ခအမှတ် ၃၈
- ..... အတိတ်က ငါ့ အရိပ့် လေးမင်း.....
- နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
- သွားစမ်းပါ မုန်းစရာကြီး
- ရွှေရည်လူးတဲ့နွေတန်ခူး
- ပကာသနမဲ့တဲ့ ကြယ်
- အမေ
- ယုံကြည်ပေးဖို့ လိုအပ်တယ်
- ဟာသများ
- တဝဖတ်/ တဝကြည့် ဟာသများ
- ...........ပေးဆပ်ခြင်း.........
- ချစ်သူ
- တုန့် ပြန်မူ့ ကိုမျှော်လင့်သူ..အမေ.....
- ချစ်သူတို့ အတွက် အချစ်ဗေဒင်
- အဖြူရောင်
- လောကမှာဘာကြောင့်နူတာလည်း (ကျေးဇူးသိကာဆပ်ကြပါ)
- သင်္ကြန်မှာ သင် ကျန် မနေအောင်
- ပိတောက်ပင် အောက်က အလွမ်း
- လောကမှာသင့်ကိုအချစ်ဆုံးသူက ဘယ်သူလဲ
- အချစ်နဲ့ပတ်သက်လာရင်.....သင်က သစ်ပင်လား? သစ်ရွက်လား...
- ၇ည်း စား စာ အသစ် လေး ................မမတို့အတွက် ...
- Laptop များနှင့် Battery Life
- သတိဆိုတဲ့ နေအိမ်
- Windows 7 မှာအသံမလာဘူးဆိုရင်
- သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌...။
- ကိုယ်တစ်ကယ် မြတ်မြတ်နိုးနိုးချစ်တဲ့သူကို အကြာကြီး ...
- အချစ်ဆိုတာ............
- သယ်လာတယ်နော် ဟာသလေးတွေ ( ၃ )
- ရောက်တတ်ရောက်ရာ ထူးဆန်းထွေလာ
- သတင်းများ
- ယောက်ျား၊မိန်းမ။အချစ်
- ကုဋေတန်သော .... အသိတရား
- အဖေမပေါ်တဲ့ သမီး ...
- မြန်မာ့စိတ်ထား မြတ်သလား
- ""သိပ်ချစ်လိုပါ""
- အချစ်လေးမျိုးရှိတယ်တဲ့….
- ကြယ်ကြွေ များနဲ့လမ်းပျောက်သူ
- မေတ္တာသုတ်ပရိတ်တော်
- ဘုရားရှင်၏ နေ့စဉ်ဆောင်ရွက်မြဲ ဗုဒ္ဓကိစ္စငါးပါး
- ချစ်သူတွေသတိရချင်းစိတ်များနှင်.သံသယရှိစိတ်များ
- မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာ ဒေသများ
- သူနဲ့ ပတ်သက်ရင်ပေါ့
- "♥♥♥ အဖော်မဲ့တမ်းခြင်း ♥♥♥ "
- မိန်းကလေးများ အထူးသတိထားရန်
- စွန့်ခြင်းကြီး ငါးပါး
- ရှိနေဆဲပါ...................။
- လွမ်းငှက်တွန်ကြူး အတာနွေတန်ခူး
- မိန်းကလေးအချစ်
- ချစ်သူ......
- "နူတ်ဆက်ခဲ.ပါတယ်သပွတ်အူလေးရယ်"
- “မြို့ကလေး” (ယနေ့ ကဗျာကဏ္ဍ)
- ရင်တွင်းမီး (ယနေ့ ကဗျာကဏ္ဍ)
- စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊ စိတ်မှာအသိဥာဏ်မျာ...
- နိုင်ငံသားတိုင်း ဖတ်စေချင်ပါတယ် ... တစ်ယောက်တစ်လေအ...
- ယုံကြည်ချက်ဖြင့်
- ကြယ်ကြွှေချစ်သူ
- ရည်စား မထားတာ ကောင်းတယ်
- (ဆရာကြီးကြက်တူရွေး)(ဟာသ)
- စိတ်တစ်ခု လွတ်မြောက်ခြင်း....
-
▼
March
(408)
No comments:
Post a Comment