Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

ဟာသများ

~အကြွားပြိုင်ပွဲ

လယ်သမားသား။ငါ့အဖေကစာခြောက်ရုပ်လုပ်တာတော်လွန်းလို့ဌက်တွေက

လယ်ကွင်းသုံမိုင်အတွင်းထဲကိုတောင်မလာကြတော့ဘူး................

သူငယ်ချင်း။ဒါကဘာဟုက်သေးလဲကွငါ့ဦးလေးလည်းစာခြောက်ရုပ်လုပ်တာတော်လွန်းလို့

ဌက်တွေကမနှစ်ကသူတို့ခိုးသွားတဲ့စပါးတွေအားလုံးကိုတောင်ပြန်လာယူပေးရတယ်ကွ.....းp

.............................................................

အဖေ့ဆင်ခြေ

တပည့်။သားကသားဖေဖေနဲ့ငါးဖမ်းထွက်ချင်ပေမယ့်ဖေဖေကကျောင်းကအရေးပိုကြီးတယ်လို့

ပြောတယ်ဆရာ

ဆရာ။ကျောင်းကဘာ့ကြောင့်ပိုပြီးအရေးကြီးတယ်ဆိုတာရော

ပြောခဲ့သေးလား................

တပည့်။ဟုက်ကဲ့ပြောပါတယ်ဘာ့ကြောင့်လဲဆိုတော့သူ.မှာနှစ်ယောက်စလုံးအတွက်ငါးစာလုံလုံ

လောက်လောက်မရှိတော့လိုပါတဲ့...............p

.........................................

မဖြစ်နိုင်တဲ့အကြံ

ဆရာဝန်ကစိက်ကျဝေဒနာရှင်လူနာတွေကိုအကြံပေးနေ၏

ဆရာဝန်။ပျော်စရာတွေကိုပဲကြိုးစားပြီးတွေးကြည့်ပါ။ဥပမာ-အလုပ်လုပ်နေတုန်းသီချင်ဆိုကြည့်ပါ။

လူနာ။မဖြစ်နိုင်ပါဘူးဒေါက်တာရယ်.

ဆရာဝန်။ဘာလို့မဖြစ်နိုင်ရမှာလဲ..

လူနာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဆိုင်းထဲကနှဲမှုက်တဲ့.....နှဲဆရာဖြစ်နေလို့ပါ.........p

....................................

အတိုဆုံးပေးစာ

(၉)နှစ်သားငယ်ထံမှ့စာနှစ်စောင်သူ့မိဘများဆီရောက်လာသည်သူလေ့လာရေးခရီးထွက်သွားခြင်းဖြစ်သည်။

စာတစ်စောင်ကမိခင်အတွက်..စာတစ်စောင်ကဖခင်အတွက်...ဖြစ်သည်.....မိခင်အတွက်ပေးစာကတိုသည်.

ချစ်လှ့စွာသောမေမေသားလေ့လာရေးခရီးထွက်ရတာပျော်ပါတယ်။သားရဲ့ကြောင်လေးပူစီကိုပြောလိုက်ပါ..

သားသတိရတယ်လို့ပြီးတော့မေမေ့ကိုလည်းသတိရပါတယ်ချစ်တဲ့...သားလေး

ဖခင်အတွက်ပေးစာ။ချစ်လှ့စွာသောဖေဖေမေမေ့စာကိုသာဖက်ကြည့်လိုက်ပါတဲ့.....

...........................................................

ကျွန်တော်၏အကို
တပည့်များ......မင်္ဂလာပါဆရာကြီး....

ဆရာ....မင်္ဂလာပါတပည့်တို့...ဒီနေ့ဆရာမင်းတို့ကိုစာစီစာကုံးသင်မယ်...စာစီကုံးရေးတဲ့အခါ.....ဒီလိုရေးရတယ်

နားလည်ကြလားတပည့်တို့.......

တပည့်များ။နားလည်ပါတယ်ဆရာကြီး....

ဆရာ။ဒါဆိုရင်မင်းတို့ကိုအိမ်စာပေးလိုက်မယ်မနက်ဖြန်"ကွှန်တော်၏အကို"ခေါင်းစဉ်နဲ့စာစီစာကုံးရေးလာခဲ့ကြ..

တပည့်များ။ဟုက်ကဲ့ပါဆရာကြီး.....

နောက်တစ်နေ့.....................................

ဆရာ။ကဲ...မနေ့ကအိမ်စာပေးလိုက်တဲ့စာစီစာကုံးရေးလာကြလား...........

တပည့်များ။ရေးလာပါတယ်ဆရာကြီး......

ဆရာ။အေးတော်တယ်ငါ့တပည့်တို့..ဆရာ့စားပွဲပေါ်စာအုပ်တွေလာထပ်ကြ.....သူရဇော်...မိုးမင်းသား....

ကျော်စစ်ဟိန်း....ဖူးဖူး.....လေပြေ....ရင်ခက်.....ရဲဇော်..ရုပ်ဆိုး...ဒူးရင်းသီး..လမင်းလေး..နိုဝင်ဘာ....

ဇင်မျိုးလိုင်.....လေပြေမိုး...ဖေါ်ယူ.....မျိုးကြီး................အားလုံးရေးလာကြတယ်....မောင်ငယ်မင်းပဲကျန်တယ်...

ဘာလို့မရေးလာရတာလဲ........

မောင်ငယ်။ကျွန်တော်က1ဦးတည်းသောသားပါဆရာကြီး...ဒါ့ကြောင့်ကျွန်တော့မှာအစ်ကိုမရှိလို့.....ဆရာကြီးရေးခိုင်းတဲ့

ကျွန်တော်၏အကိုအကြောင်း...ကိုရေးမလာတာပါ..

ဆရာ။တိန်.....................
သားငယ်နဲ့အဖေ

သားငယ်။သားလုံးဝမကျေနပ်ဘူးဗျာ......

အဖေ။ဟေဘယ်သူ့ကိုလဲကွ....မင်းကျောင်းမှာဘယ်သူနဲ့ရန်ဖြစ်ခဲ့လို့လဲ..ငါ့ကိုမှန်မှန်ပြောစမ်း...

သားငယ်။ဆံပင်ညှပ်ဆိုင်နဲ့ပါ..သားဆံပင်ကိုလည်းဖြက်သေးတယ်.....ပိုက်ဆံလည်းတောင်းသေးတယ်ဗျ

အဖေ။အမ်....တေရော............
အာပါတ်လွတ်
တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင်
ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ
အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအား လုံးကို
လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာ
ကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။
နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင်
ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေး သေး
လေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး
“ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို
ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“
ဟုဆိုကာတစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။
ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်းတစ်
ကောင်ပြီးတစ်ကောင်ရေး နွေးအိုးထဲကျကုန်၏်။ နောက်ဆုံးတွင် အကြီးဆုံး
ဂဏန်းကြီး အလှည့်တွင် မူကား ထိုဂဏန်းကြီးသည်
အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး
ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“
ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေ သတည်း။
မဟုတ်ပါဘူးဆို......

တစ်ခါတုန်းက ရွာတစ်ရွာမှာ နွားမကြီးတစ်ကောင်မွေးထားတဲ့ အဖိုးအို ဂျင်းပု ဆိုသူတစ်ယောက်ရှိတယ် တဲ့..တစ်နေ့မှာ အဲ့ဒီနွားမကြီးကနေ နွားသေးလေးတစ်ကောင်ပေါက်လာတယ်တဲ့.. အဖိုးအို ဂျင်းပု က ပိုက်ဆံလိုအပ်တဲ့အခါကျတော့ အဲ့ဒီ့နွားမကြီးနဲ့နွားလေးကို ရောင်းဖို. မြို့မှာရှိတဲ့ဈေးကို သွားတယ်တဲ့...အဲ့ဒီ လိုသွားရာမှာ လူပြတ်တဲ့နေရာရောက်တော့ အဖိုးအို ဂျင်းပုကို ဓားပြတိုက်ကြသတဲ... အဖိုးအိုမှာ အခုမှ နွားသွားရောင်းမှာဖြစ်လို့ ပေးစရာမရှိတာနဲ့ ဓားပြတွေက အဖိုးအိုရဲ့အ၀တ်အစားအကုန်လုံးကို ချွတ်ယူတယ် .. နွားမကြီးကိုလည်းယူသွားပြီး နွားလေးကိုတော့ထားခဲ့ကြပြီး...

အဖိုးအိုဂျင်းပုကိုလည်း သစ်ပင်တစ်ပင်မှာ မတ်တပ်ကြီးကြိုးနဲ့တုတ်ထားခဲ့တယ်တဲ့....နှစ်ရက် လောက်ကြာတော့ရွာကလူတွေကအဖိုးအိုကိုတွေ့ပြီးကြိုးဖြည်ပေးကြတယ်....အဖိုးအိုက ကြိုးဖြည်ပြီးပြီးချင်း

ပဲနွားကလေးကို တုတ်တစ်ချောင်းနဲ့ရိုက်ပါတော့တယ်တဲ့..

ရွာသားတွေက" နွားလေးက ကိုသနားပါတယ်..သူ့ခဗျာ နို့ငတ်နေရှာတာ ခင်ဗျားက

ဘာလို့ရိုက်တာလဲ"လို့မေးတော့........အဖိုးအိုဂျင်းပုဆိုသူက

" ကျွန်တော် သူ့ကို အတန်တန် ပြောပါတယ်ဗျာ..သူက နားမထောင်ဘူး.... ကျွန်တော်သူ့အမေ မဟုတ်ပါဘူးလို့"တဲ့..



မဖြေရဲဘူး................

ကုန်တိုက်တစ်ခု၏ ငွေရှင်းကောင်တာတစ်ခုတွင် ဖြစ်သည်။

လူအများငွေရှင်းရန် တန်းစီနေကြရာ ရှေ့ဆုံးက လူမှာ ဗလကြီးကြီး ထွားထွားကြိုင်းကြိုင်းနှင့် ဖြစ်သည်။

ဗလကြီးက ငွေရှင်းအပြီးတွင် ကောင်တာနောက်မှ လူကိုမေးတယ်… …

“မိတ်...မိတ်....မိတ်ဆွေ၊ အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”

ကောင်တာနောက်ကလူက ဘာမှပြန်မဖြေ၊ ကြောင်စီစီနဲ့ ပြန်ကြည့်နေတယ်။

ဗလကြီးက ထပ်မေးတယ်… …

“မိတ်...မိတ်....မိတ်ဆွေ၊ အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”

ဒါလဲ ပြန်မဖြေဘူး၊ ဗလကြီးကလည်း ဒေါသထွက်လာတာပေါ့။

ထပ်မေးတယ်… …

“မိတ်...မိတ်....မိတ်ဆွေ၊ အိမ် အိမ် အိမ်သာ ဘယ်နားနားနားမှာလဲလဲ…လဲ..လို့ မေး မေးမေးနေတယ်လေ”

ဒီတခါလဲ ပြန်မဖြေဘဲ မျက်နှာငယ်လေးနဲ့ ပြန်ကြည့်နေတာ၊ ကြာတော့ ဗလကြီးနောက်က တန်းစီနေတဲ့ မိန်းမက မနေနိုင်တော့ဘဲ ဝင်ပြောတော့တယ်… …

“ရှင်ကလည်း သူမေးနေတာကို သိရင်လည်း ပြန်ဖြေလိုက်လေ”

အဲဒီတော့မှ ကိုယ်တော်ချော ပြန်ဖြေတာက… …

“ပြန် ..ပြန် ပြန်...ဖြေ...ဖြေလို့၊ သူ့ ...သူ့ကို ပြောင်...ပြောင်... ပြောင်ပါတယ် ဆို...ဆို...ပြီးပြီး... ဆွဲ...ဆွဲ...ထိုး...ထိုးရင် ခ... ခ... ခ...များ တာဝန်ယူ....ယူ မှလား.....လား”..တဲ့။

(အော်…သူလဲ ထစ်တာကိုး)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့