Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 31 March 2012

တွေးခြိမ်ခြင့်စရာ (မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်နေသူများ)


တွေးခြိမ်ခြင့်စရာ
(မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်နေသူများ)


မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်နေသူများကို တစ်ခါတစ်ရံ တွေ့ကြုံရတတ်ပါတယ်။စီးပွားရေး အထိုက်အလျောက်
ကောင်းလာပြီး ပညာအထိုက် အလျောက် ရှိလာပြီဆိုရင် လူတွေဟာ မိမိကိုယ်မိမိ အထင်ကြီးတဲ့စိတ် ၀င်လာတတ်တာ
တော့ ဓမ္မတာပါ။သို့သော် လုပ်သင့်တာထက်ပိုပြီး လုပ်သူ များကို တွေ့ရတတ်ပါတယ်။မိမိကိုယ်မိမိ မသိသော်လည်း
ဘေးလူများက သတိထားမိတတ်ကြပါတယ်။



ဟောပြောပွဲတွေ၊အစည်းအဝေး တွေကျရင် သူတို့က နေရာကောင်းကိုပေးမှ ကြိုက်ပါတယ်။နေရာကောင်းမပေးရင်
ကသိကအောက် ဖြစ်နေတတ်ကြပါတယ်။ သူတို့ဟာ အရေကြီးတဲ့နေရာမှာမှ ထိုက်တန်တယ်လို့လည်း ထင်နေတတ်
ကြပါတယ်။နေရာကောင်းမရရင် တဖျစ်တောက်တောက်နဲ့ ပြောနေ သူများ ကျွန်တော်တွေ့ဖူးပါတယ်။ ကျွန်တော်တို့
နားလည်ထားသင့်တာက ဒီလိုဧည့်ခံပွဲတို့၊အစည်းအဝေးတို့မှာ စီစဉ်ရတဲ့လူတွေဟာ တော်တော် ပင်ပန်း ပါတယ်။
တတ်နိုင်သလောက် အဆင်ပြေအောင်လည်း စီစဉ်ဆောင်ရွက်ကြပါတယ်။ဒီလိုလုပ်ရတဲ့ကြားကနေ လစ်ဟင်းသွားတာ
လေးတွေ ရှိနိုင်ပါတယ်။



ဒါကြောင့်လည်း လိုအပ်တာတွေ၊လစ်ဟင်းတာတွေရှိရင် တောင်းပန်တဲ့အကြောင်းကိုပြောလေ့ပြောထရှိကြတာပါ။
ကျွန်တော် အထက်က ပြောခဲ့သလို နားလည်မှုရှိတဲ့သူတွေရှိသလို နားလည်မှု မရှိတဲ့သူတွေလည်း ရှိတတ်ပါတယ်။
နားလည်ရခက်တဲ့သူတွေကတော့ သူတို့ကိုယ်သူတို့ အရေးကြီးတယ်လို့ ထင်နေတဲ့သူများဖြစ်ပါတယ်။
ဒီလိုလူတွေဟာ သေသေချာချာ စဉ်းစားပြီး အများနဲ့လုပ်နေရတဲ့ကိစ္စတွေဟာ နားလည်မှုရှိပေးဖို့လိုပါတယ်။ေ
နရာတစ်ခုသွားလို့ လုံခြုံရေးစစ်ဆေးတဲ့နေရာမှာ တာဝန်အရ စစ်ဆေးတာကိုတောင် မကြိုက်တဲ့သူများကို
တွေ့ရတတ်ပါတယ်။တကယ်မှာ အများလုံခြုံရေးအတွက် စစ်ဆေးတာကို ကောင်းကောင်းမွန်မွန် ဖြေကြားလက်ခံရမှာ
ဖြစ်ပါတယ်။



ငါ့ကိုဘယ်သူလို့ထင်နေသလဲ စတဲ့အတွေးတွေဟာ မှားယွင်းနေပါတယ်။မိမိကိုယ်မိမိ အရေးကြီးတယ်လို့ထင်နေပေမယ့်
ဘေးလူတွေအမြင်မှာတော့ ကိုယ်လိုသူလိုပဲ ဖြစ်တယ်လို့ ထင်နေတာတွေကို သိထားဖို့လိုပါတယ်။



ဘ၀မှာ အရေးကြီးတဲ့ ပညာရေးတွေ၊ဗဟုသုတရှာဖွေရေးတွေ၊စီးပွားရေးတွေ စတဲ့ ကိစ္စတွေနဲ့ပြည့်နေတဲ့အချိန်မှာ
ဘာမဟုတ်တဲ့ မိမိကိုယ်မိမိအထင်ကြီးပြီး အရေးကြီးတယ်လို့ထင်နေတဲ့ စိတ်ဓာတ်တွေကို လျှော့သင့်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့