Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 26 March 2012

ယုံကြည်ချက်ဖြင့်

အိန်ဂျလာ ဟာ ၁၁နှစ် သမီးအရွယ်မှာ အာရုံကြော ချိနဲ့ရောဂါ စတင်ခံစားခဲ့ ရသူဖြစ်သည်။ အဲဒီ အချိန်က စပြီး သူမ လမ်းမလျှောက်နိုင်တော့ သလို တကိုယ်လုံးလည်း သိပ်လှုပ်ရှား၍ မရတော့ချေ။
ဒီလို ရောဂါမျိုးဆိုတာ ပြန်ကောင်းလာဖို့ ခဲယဉ်းတဲ့ အတွက် ဆရာဝန်တွေက သူမ အပေါ် မျှော်လင့်ချက်တော့ သိပ်မထားခဲ့ကြပါဘူး။

သူမရဲ့ ကျန်တဲ့ဘဝ သက်တမ်းတလျှောက်ကို ရှေ့က လူနာတွေ အတိုင်း ဘီးတပ်ကုလားထိုင် ပေါ်မှာသာ ကုန်ဆုံး ရတော့မယ်လို့ ကုသသူတို့ မျှော်လင့်ခဲ့ကြတယ်။ များသောအားဖြင့် ဆရာဝန်တွေက
ဒီရောဂါမျိုးကနေ ပြန်ပြီး ကောင်းလာတဲ့သူ အင်မတန်နည်းကြောင်း အိန်ဂျလာကို  ပြောပြလို့ သူမ သိခဲ့ရတယ်။ ဒါပေမယ့် ဒီ ၁၁နှစ် သမီးလေး ကတော့ မတုန်လှုပ်ခဲ့ပါဘူး။ သူမ ဆေးရုံကုတင်ပေါ်မှာ
လှဲလျောင်းနေရပေမယ့်  တချိန်မှာ သူမ လမ်းပြန်လျှောက်နိုင်စေ ရမယ်လို့ လူတိုင်းကို  သူမက ခိုင်ခိုင်ကျည်ကျည် ပြောဆိုနေပြန်တယ်။

နောင်တော့ သူမကို ဆန်ဖရန်စ္စကို က ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး အထူးကု ဆေးရုံကို  ပို့ပေးလိုက်ကြတယ်။  သူမ ခံစားနေရတဲ့ ရောဂါနဲ့ သက်ဆိုင်သမျှ
ကုထုံး အားလုံးကို သူတို့ အသုံးပြုခဲ့ကြသလို သူမ ရဲ့ မဆုတ်မနစ်တဲ့ စိတ်ထက်သန်မှုက သူမကို ကုသပေးတဲ့ ဆရာဝန်တွေ ဆီကိုပါ ကူးစက်စေတယ်။
ဒီကုထုံးဟာ ဘာမှ အကျိုးမရှိဘူး ဆိုယင်တောင် သူမအတွက် အကောင်းမြင်စရာ မျှော်လင့်ချက်ရောင်ခြည်လေး တခုတော့ ဖြစ်စေလိမ့်မယ်လို့ ကုသသူတွေ တွေးခဲ့မိကြတယ်။
အိန်ဂျလာ ကတော့ ရုပ်ပိုင်းဆိုင်ရာ ကုထုံးတွေ၊ ရေ ကုထုံးတွေနဲ့ လေ့ကျင့်ခန်း အစီစဉ်တွေမှာ အစွမ်းကုန်လေ့ကျင့် ကြိုးစားခဲ့ပြန်တယ်။ သူမဟာ ကုတင်ပေါ်မှာ လှဲလျောင်း ချိန်မှာတောင်
သူမ လမ်းလျှောက်နေတဲ့ ပုံရိပ်ကို အမြဲမြင်ယောင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်စွာ အားပေးနေခဲ့တယ်။

အခါတပါး တရက်သား မှာတော့ သူမရဲ့ ရှိသမျှ စွမ်းအားတွေ အကုန်သုံးပြီး သူမရဲ့ ခြေထောက် နှစ်ဘက်ကို လှုပ်လှုပ်ရှားရှားဖြစ်ဖို့ ကြိုးစားခဲ့တယ်။ အင်မတန် အံ့သြဖွယ်ရာ ကောင်းတဲ့ အဖြစ်ပျက်တခု
ဖြစ်လာခဲ့တယ်။ သူမ လှဲလျောင်းနေတဲ့ ကုတင်ဟာ လှုပ်ရှားလာပြီး အခန်းထဲမှာ ရွေ့လျားလို့ ဒီအချိန် ရနေခဲ့တယ်။ စက္ကန့်ပိုင်းအတွင်း အသိဝင်လာလို့   "လာကြည့်ကြပါဦး" ... "ကျမ လှုပ်နိုင်ပြီ"
"ကျမ ..လှုပ်ရှားနိုင်ပြီ" လို့ သူမ အော်ခေါ်သံတွေမှာ အံ့သြမှုစွက်လို့ မပြီးသေးခင် တချိန်ထဲမှာ ဆေးရုံတရုံလုံးမှာရှိတဲ့ လူတွေ အားလုံး အော်ဟစ်ပြေးကြလွှားကြ အကာကွယ်ယူကြဖို့ ဆော်သြသံ
တွေက ဖုံးလွှမ်းထားလိုက်တယ်။

အမှန်တကယ်ပါပဲ။ လူတိုင်းဟာ အော်ဟစ်နေကြသလို.... ပတ်ဝန်းကျင်တခို မှန်တွေ အချပ်လိုက် အချပ်လိုက် ကွဲပြို ကျရောက်လာသလို ပစ္စည်းပစ္စယတွေလည်း လဲပြိုကျကုန်တယ်။ အဆောက်အဦးတွေဟာ
ယိမ်းထိုးနေသလို လှုပ်ယမ်းနေတာဟာ တကယ်တော့ ဆန်ဖရန်စ္စကိုမှာ ငလျင်လှုပ်ခဲ့တာပါ။

အခြေအနေ အရပ်ရပ်ကို ပြန်ထိန်းသိမ်း နိုင်တဲ့ အခြေအနေ ရောက်ခဲ့ပေမဲ့လည်း ကုသသူတွေဟာ ဒီငလျင်လှုပ်တဲ့ အကြောင်းကို အိန်ဂျလာကို ပြန်ပြောင်း မပြောပြကြတော့ဖူးလေ။ သူမ ကတော့
သူမ ခြေထောက်တွေ လှုပ်ရှားနိုင်လို့ ဖြစ်တာလို့ဘဲ ထင်နေခဲ့ရှာတယ်တဲ့။

~...~....~...~...~...~...~...~...~...~...~...~...~...~

နှစ်အနည်းငယ် ကြာတဲ့ အခါမှာတော့ အိန်ဂျလာ ကျောင်းပြန်တက်နေပါပြီ။ ကျောင်းကို ဂျိုင်းထောက်မလို၊ ဘီးတပ် ကုလားထိုင် မလိုပဲ သူမရဲ့ ခြေထောက်တွေနဲ့ လမ်းလျှောက်ပြီး တက်နိုင်ခဲ့တယ်။
တကယ်တော့ ဆန်ဖရန်စ္စကို နဲ့ အုတ္ကလန် အကြား ငလျင်လှုပ်ခတ်ချိန်မှာ မထင်မှတ်ပဲ တိုက်ဆိုင်မှုတွေနဲ့ လက်လွှတ်ထားရတဲ့ အာရုံကြောသေ ရောဂါဟာ အိန်ဂျလာရဲ့  စိတ်စွမ်းပကားကို ဗဟိုပြုပြီး
ယုံကြည်ချက်ကြောင့် ကျော်လွှားနိုင်ခဲ့တယ် ဆိုယင် ........... ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့