Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

ချစ်သူစင်စစ်ဧကန်ဖြစ်ပါလျက်


သူပြုသမျှရင်ခုန်ရသည်....ကောင်းသည်ဖြစ်ဖြစ်....ဆိုးသည်ဖြစ်ဖြစ်......

ရင်ဆီး၍ခံယူနေချင်မိသည်....ချော့မပြောဘဲငေါ့တော့တော့ပြောသည်ကိုပင်သာယာချင်သည်...

အနိုင်ရချင်သလိုစကားလေးတွေပြောပြန်တော့...ကိုယ်ကအလျှော့ပေးဖို့ပြင်စဉ်..မလျှော့ခင်ကပင်

သူမစိတ်ပြေနှင့်လေသည်......ချစ်သလားလို့မေးတော့...ရယ်နေသည်.....မချစ်ဘူးပေါ့ဆိုပြန်တော့

ဘယ်သူကပြောလို့လည်းဟုပြန်မေးသည်....ကိုယ်သည်ပင်ရူးလုလုဖြစ်ရသည်......ချစ်သူတစ်ယောက်

လိုပြောဆိုဆက်ဆံတော့လည်းချစ်သူလိုပင်တီတီတာတာ၊ နွဲ့နွဲ့နောင်းနောင်း....သူမအမည်၏အတိုကောက်

နာမ်စားလေးကိုပြော၍သုံးသည်...နားမလည်ချင်ယောင်ဆောင်၍နားလည်ရခက်နေသလိုကိုယ့်ကိုယ်ကို

ထင်နေမိပြန်သည်။


ဟိုးအတိတ်ဆီကညများတွင်သူမသည်ကြယ်စင်နတ်သမီးလေးဖြစ်ခဲ့ဖူးသည်......။

အတိတ်ဆီကအိပ်မက်ဘဝများတွင်ချစ်ပါတယ်ဟုကြိမ်ဖန်များစွာသူမဆိုခဲ့ဖူးသည်...သူမ၏ပေါင်းစည်းလိုမှု

ကို....ကတိစကားတစ်ခုဖြင့်ထိန်းချုပ်၍ကျွန်တော်ရှောင်ရှားခဲ့ဖူးသည်၊အမှန်အတိုင်းဝန်ခံရလျင်သူမကို

အကြောင်းတစ်ခုကြောင့်ညာခဲ့ရခြင်းသာ....သူမစိတ်အမှန်ကိုနားလည်သိရှိရသောအခါ..............

ဖေါ်မပြတတ်အောင်ကျွန်တော်ကြေကွဲနာကျင်နေမိသည်....မှားပြီဟုသိလိုက်သော်လည်းမပြင်နိုင်..

အခိုင်အမာချစ်မိကြောင်းကိုကျွန်တော်ကိုယ်တိုင်ရင်ကွဲစွာသိလိုက်ရသည်.....အဖြူရောင်လေးပေါ်တွင်

ပန်းရောင်နုနုလေးတင်ပေးခဲ့မိသော....နင်ကပန်းရောင်နုနုလေးပါနော်ဟုစွပ်စွဲခဲ့ဖူးသောကျွန်တော်၏

စကားတို့သည်...နေ့စဉ်အမျှကျွန်တော့နှလုံးသားကိုမိုးကြိုးပစ်နေသလိုခံစားရသည်.....သူမဖက်က

နားလည်ဖြူစင်စွာခွင့်လွှတ်နိုင်လေလေ...ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်လေလေဖြစ်ရသည်..........

အမုန်းမခံရပါဘဲလျက် တစ်ဘဝစာရှုံးသူလုံးလုံးကျွန်တော်ဖြစ်နေရပါပြီ....ချစ်သူနှင့်ဆုံဆည်းခွင့်မရ

ရှာသောသူမဖက်ကတော့ဆုံးရှုံးမှုများစွာရှိနေခဲ့သည်ကိုကျွန်တော်နားလည်စာနာသနားသည်......

ငါ့ကိုအမှန်အတိုင်းပြောပြပါ....နင်ပြောတာကိုငါယုံနေရတာပါဟုတောင်းဆိုခဲ့ဖူးသည်............

အဖြစ်မှန်ကိုသူမသိသွားသောအခါ..ကျွန်တော့ကိုအဆက်အသွယ်ဖြတ်သည်၊ကာလအတော်ကြာ

ရှောင်တိမ်း၍စိမ်းသွားသည်၊ နစ်နစ်နာနာစကားကျွန်တော့ကိုတစ်ခွန်းမပြော...စိတ်တော့တော်တော်

နာသွားပုံရသည်....ပြီးပြီဟုသဘောမထားနိုင်သော်လည်းကိုယ့်ဖက်ကသူမကိုငဲ့ညှာသောအားဖြင့်

တစ်ယောက်တည်းလေနေမိသည်...မဆက်သွယ်တော့ဟုဆုံးဖြတ်ချက်ချသည်....။


နောက်တော့လည်းမနေနိုင်သူမရှိရာအရပ်အနီးတွင်ကျွန်တော်ရှိနေတတ်သည်၊စကားတွေပြောဖြစ်

ကြသည်....အဖြစ်မှန်ကိုကျွန်တော်ရှင်းပြသည်....သူ့အချစ်ကံမကောင်းတာပါဟုသူမဆိုတော့......

နကိုကတည်းကနာကျင်စာနာနေရသောကျွန်တော်သည်...နောက်ထပ်နောက်ထပ်တုနှိုင်းစရာ.....

စကားမရှိအောင်ပင်သူမအပေါ်စာနာခြင်းများစွာဖြစ်ခဲ့ရသည်။


ထိုအဖြစ်အပျက်များနောက်ပိုင်းတွင်....သူမကိုချစ်သလားမေးမိသောအခါ...........

ချစ်တယ်ဆိုသောစကားကိုသူမဘက်ကမပြောတော့...ဒီအတွက်သူမကိုအပြစ်မတင်ရက်............

နားလည်စာနာစွာခွင့်လွှတ်နိုင်ခဲ့သည်...စကားရှား၍မပြောလိုခြင်းမဟုတ်သည်ကိုနားလည်ခဲ့သည်

သူမနှင့်ကျွန်တော်ချစ်သူလိုပြောဆဲ...တွယ်တာနေဆဲသာ.....ကျွန်တော်တို့အချစ်ကိုနားလည်နိုင်သူ

ရှိမည်ပင်မထင်မိပါ....တကယ်ချစ်ပါလျက်နှင့်ပေါင်းဆုံခွင့်မရှိသောချစ်သူတွေဘဝမျိုးရှိတော့ရှိမည်

နည်းပါလိမ့်မည်....ကျွန်တော်ပြောသောစကားတွေကိုသူမအနေဖြင့်ကြားနိုင်၊မြင်နိုင်မည်ဆိုကာမျှဖြင့်

နေရဲရတော့မည်ကိုလက်ခံနိုင်ခဲ့သည်....။

ချစ်သူစင်စစ်ဧကန်ဖြစ်ပါလျက်နှင့်သာ......ရင်နင့်စွာ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့