Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 10 May 2014

ချစ်သူသိပါစေ

Sexy Myanmar Model Nan Khay Mer High Lights
…ဝေးရပြီဆိုတဲ့အသိ
   ရင်ထဲမချိလှပါလား
   ကြိုးစားပြီးမေ့ပျောက်ထားပေမယ့်
   စိတ်ကရောက်သွားခဲ့မိတယ်
   ချစ်တဲ့ ‘ကို’ ရှိရာအရပ်ဆီသို့….
…နှလုံးသားတစ်စုံရဲ့အသံ
    ‘ကို’ သာနားထောင်တတ်ခဲ့မယ်ဆိုရင်…
    အရှုံးပေးချစ်တတ်တဲ့
    ချစ်လေး ရဲ့မျက်ရည်တွေ
   ‘ ကို’သာမြင်တတ်ခဲ့မယ်ဆိုရင်…
    အနိုင်ယူရက်ဦးမှာလား ကိုရယ်
….ကို့ရဲ့ ဥပက္ခာတရားအောက်မှာ
    ချစ်လေးရဲ့ မာနတွေခဝါချလို့
    အခါခါအရှုံးပေးရင်း
   ‘ကို’  ပြန်လာမလားဆိုတဲ့
   မရေရာတဲ့မျှော်လင့်ချက်နဲ့
   ချစ်လေးရဲ့ အနာဂတ်တွေဟာဝေဝါး
   ကို့ ရဲ့အနားကိုသာ
   အပြေးလာချင်မိတော့တယ်
   ချစ်ရတဲ့‘ ကို’ စောင့်လို့ကြိုနေမလား….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့