Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 11 May 2014

''မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဖက်ဒရယ်စနစ် ကျင့်သုံးတော့မည်''

မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စု တိုင်းရင်း
သားများ လိုလားတောင့်တနေသော ဖက်ဒ
ရယ်စနစ်သို့ ပြောင်းလဲ ကျင့်သုံးသွားမည်
 ဖြစ်သော်လည်း အမေရိကန်နိုင်ငံတွင်



ကျင့်သုံးနေသည့် ဖက်ဒရယ် စနစ်မျိုး ကျင့်သုံးမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

“ဖက်ဒရယ်စနစ်ကို ကျင့်သုံးတာ ဘာမှပြဿနာမရှိဘူး။ အငြင်းပွားစရာ မရှိဘူး။ ဒါပေမယ့် ပင်လုံ စာချုပ်မှာက ခွဲထွက်ခွင့် ပေးထားတယ်။ ခွဲထွက်မှာစိုးလို့ မကျင့်သုံးခဲ့တာပါ။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ် ပုံစံနဲ့ ကျင့်သုံး သွားမှာပါ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ပြောကြားချက်များအား ဧပြီလ၃၀ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီ ခန်းမ၌ နိုင်ငံရေး အဖွဲ့အစည်းများ အစိုးရ အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံရေး လေ့လာသူများမှလည်း နိုင်ငံတော် အစိုးရ အနေဖြင့် တိုင်းရင်းသားများ လိုလား တောင့်တနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်သို့ အမှန်တကယ် ကူးပြောင်းမည် ဆိုပါက သဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် ပြည်တွင်း ပဋိပက္ခများ လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ စစ်တပ်တို့ ဖြစ်ပွားနေသည့် ပြည်တွင်း စစ်ပွဲများ ပြေငြိမ်းသွားမည် ဖြစ်သည့် အပြင် မြန်မာနိုင်ငံ အတွင်း ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိသော ဒေသများလည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာရန် လုပ်ဆောင် ပေးသွားနိုင်မည် ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ်စနစ်သို့ ပြောင်းလဲ ကျင့်သုံးရန် အတွက် အဓိကအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် များစွာ သက်ဆိုင်နေကြောင်း စည်းကမ်းတင်းကြပ်လှသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဖြေလျော့ရမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဖွံ့ဖြိုးမှု နောက်ကျနေခြင်းမှာ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ နှင့် ကာလ အတန်ကြာ ကင်းကွာ နေခဲ့သည့် အပြင် နိုင်ငံတကာ ဖိအားများ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု ၄င်းက သုံးသပ် ခဲ့သည်။


အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရခိုင် ပြည်နယ် ဒေသခံများမှ လတ်တလော မိမိတို့ ကြုံတွေ့နေရသော အခက်အခဲများအား တင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ မိမိတတ်နိုင်သမျှ လွှတ်တော်အတွင်းမှ ကူညီဆောင်ရွက် ပေးသွားမည်ဟု ကတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့