
မေလ (၂) ရက်နေ့ ညနေ (၅း၃၀) အချိန်တွင်
ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သော်လည်း ယနေ့တိုင်
မပုပ်မသိုးဘဲ ရှိသည်ဟု သိရသည်။ ဆရာတော်၏ ရုပ်
ကလာပ်အား ယာယီစံ နန်းဆောက်လုပ်၍ ပူဇော်ခံ ထားပြီး သီးခြားသတ်မှတ်စံ ကျောင်းဆောက်လုပ် ပူဇော်သွားမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ ဝင်များက ပြောသည်။ လာမယ့် မိုးရာသီ မရောက်ခင် စံကျောင်းတော် ပြီးစီးမယ်လို့ ခန့်မှန်းထားပါ တယ်””ဟု ဂေါပက အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ ဦးမြင့်အုန်း က The Messenger သတင်းစာသို့ ပြောသည်။
ဗုဒ္ဓဘာသာ မြန်မာတို့၏ သီလသမာဓိ ဂုဏ်ပြယုဒ် လက္ခဏာ တစ်ရပ်ကို နောင်လာ နောင်သား ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အပါဝင် အခြား ဘာသာဝင်များ၊ နိုင်ငံခြားသား များ ရေရှည် လေ့လာပူဇော်နိုင်ရန် ရည်ရွယ်ကာ သီးခြား စံကျောင်းကို ဆောက်လုပ် တည်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်း က ပြောသည်။ အဆိုပါ ဆရာတော် ဘန္တ၀ဏ္ဏသာမိ မဟာထေရ်မြတ် ဆရာတော်ကြီးအား သာသနာရေး ၀န်ကြီးဌာနမှ နိုင်ငံတော် ဈာပနအ ဖြစ် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တွင် ကျင်းပ ပြုလုပ်ပေးခဲ့၍ ယာယီစံကျောင်း ဆောက်လုပ်ပူဇော်ခံထားရှိရာ တစ်နှစ် အတွင်း ကျပ်သိန်း (၂၀၀)ခန့် အလှူတော်ငွေ ရရှိခဲ့သည်။
ဘန္တ၀ဏ္ဏသာ မိမဟာထေရ်မြတ် ဆရာတော်ကြီး သက်ရှိ ထင်ရှား ရှိစဉ်က ဝေနေယ သတ္တ၀ါများ အတွက် မေတ္တာ ဘာဝနာနှင့် ဂုဏ် တော်များကို နေ့စဉ်မပြတ်ပွားများခဲ့ပြီး၊ (၂၂၇) သွယ်သော သိက္ခာပုဒ်တို့ကိုလည်း ခါးဝတ်ပုဆိုး ကဲ့သို့ မကျိုးပေါက် အောင် သီတင်းသုံးနေထိုင်ခဲ့ကာ၊ ၀ိပဿနာကမ္မဋ္ဌာန်း များ စီးဖျန်းခြင်းနှင့် လောကုတ္တရာစာများ ကို နေ့စဥ်မပြတ် ပျံလွန်တော်မူသည် အထိ လေ့လာ ဖတ်ရှု အာရုံပြု ခဲ့ကြောင်း သိရှိရသည်။ ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော် မမူခင် သက်တော် (၉၁) နှစ်မှာ ကျွန်တော် တို့ကိုပြောတယ်။
သူသက်တော် (၁၀၀) ပြည့်ဖို့ ကိုးနှစ်လိုသေးတယ်။ သူ သက်တော် (၁၀၀) အထိနေမယ်။ သက်တော် (၁၀၀) ပြည့်မှ ပြန်မယ်လို့ ကြိုတင်ပြောထား တယ်။သက်တော်(၁၀၀) နီး လို့ ပြန်လွန်တော်မူကာ နီးမှာ တစ်လ အတွင်း ကျောင်းဆောင် သစ်ဆောက်ပေးခဲ့မယ် ဆိုပြီး ဆောက်ပေးခဲ့တယ်။ ကျောင်းဆောင်သစ်ဆောက်ပြီးလို့ သုံးလေး ရက်လောက်ကြာမှာ ပျံလွန်တော်မူခဲ့တယ်”” ဟု ငါးပြင်မကျေးရွာသားတစ်ဦး ဖြစ်သူ ဦးသန်းမြင့်က ပြော သည်။
ဘန္တ၀ဏ္ဏသာမိ မဟာထေရ်မြတ် ဆရာတော်ကြီးသည် ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ ငါးပြေမ ကျေးရွာရှိ ဂန္တသာရ ပဉ္စနိကာယမဟာ သုတိသာရာမ၀ံသ ကျောင်း တိုက် ဦးစီးနာယက ဆရာတော် တစ်ပါးဖြစ် ပြီး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စနဲမင်း ပြင် အုပ်စု၊ ပေါင်းပြင်ကျေးရွာတွင် ခမည်း တော် ဦးစံရွှေ၊ မယ်တော် ဒေါ်စံဦးတို့မှ (၁၂၇၅) ခုနှစ် ကဆုန် လဆန်း (၄)ရက် ဗုဒ္ဓဟူးနေ့ နံနက် (၁၁း၀၀)နာရီ အချိန်တွင် ဖွားမြင်တော် မူခဲ့သည်။ ၁၃၇၅ ခုနှစ် တန်ခူးလ ပြည့်ကျော် (၇) ရက် (၂.၅.၂၀၁၃) ကြာသာပတေးနေ့ တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ကြီး၏ ရုပ်ကလပ်တော်သည် ယနေ့တိုင် မပုပ်မသိုးဘဲ တည်ရှိနေသည်။
The Messenger
No comments:
Post a Comment