Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 May 2014

လူမဆန်သည့် ပြစ်ဒဏ်ချမှတ်ခြင်းက ဘုရင့်နိုင်ငံ၏ ကြမ်းကြုတ်ရက်စက်မှုများကို ဖော်ပြနေခြင်းဖြစ်ကြောင်း ဆော်ဒီဘလော့ဂါ၏ ဇနီးမှ ဝေဖန်ပြောဆိုခဲ့

အစ္စလာမ်အား စော်ကားမှုဖြင့် ဆော်ဒီ၏ ထင်
ရှားသော ဘလော့ဂါတစ်ဦးအား ထောင်ဒဏ်
၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက်တစ်ထောင်တို့
ကို ကျခံစေရန် ချမှတ်ခြင်းသည် ကွဲပြားခြား


နားမှုများအတွက် နေရာမရှိသည့် အစွန်းရောက် အစ္စလာမ်မစ်များမှနိုင်ငံအား အုပ်ချုပ်နေမှုကို ပြသနေခြင်း ဖြစ်ကြောင်း ၎င်းဘလော့ဂါ၏ ဇနီးမှ ပြောဆိုခဲ့သည်။

ရာအိဖ်ဘဒါဝီသည် လွတ်လပ်သော ဆော်ဒီအာရေဗီးယန်း ဝဘ်ဆိုက်အား ပူးတွဲတည်ထောင်သူ ဖြစ်ပြီး အတွေးအခေါ်သမားနှင့်ဘလော့ဂါတစ်ဦးအဖြစ် ထင်ရှားသည်။ သူ့အား အွန်လိုင်းပေါ်တွင် အစ္စလာမ်မစ် ဆန့်ကျင်သော အရေးအသားများကိုအကျယ်တဝင့် ရေးသားမှုအတွက် စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။


လွန်ခဲ့သော နှစ်နှစ်ခန့်က နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ပြီး ယခုအချိန်၌ မွန်ထရီရယ်အနီးတွင် နေထိုင်လျက် ရှိသော သူ၏ ဇနီးဖြစ်သူမှဘဒါဝီသည် ခံစားမှုများကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို ယုံကြည်ခဲ့သည့်အတွက် ယခုကဲ့သို့ တန်ဖိုးပေးဆပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။


“ ဒီသတင်းကြောင့် ကျွန်မ အရမ်းကို တုန်လှုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆော်ဒီအစိုးရဟာ အစွန်းရောက် မွတ်စလင်တွေပါ ” ဟုဇနီးဖြစ်သူ အန်ဆဖ်ဟိုင်ဒါမှ ပြောဆိုခဲ့သည်။ “ သူဟာ ဆော်ဒီလွတ်လပ်ခွင့် လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်တော့ အစိုးရက သူ့ကိုစံနမူနာအနေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ ” ဟုလည်း ပြောကြားခဲ့သည်။


ဘဒါဝီကို နောက်ဆုံး မြင်တွေ့ခဲ့ရသည်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖြစ်ပြီး ဆော်ဒီအစိုးရ၏ စောင့်ကြည့်မှုအောက်သို့ ၂၀၁၂ခုနှစ်တွင် ကျရောက်ခဲ့ပြီးနောက်တွင် ထောင်သွင်းအကျဉ်းချခံခဲ့ရပြီး နိုင်ငံ၏ ဆိုင်ဘာဥပဒေကို ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် အချက်ရေ ၆၀၀ အား ချမှတ်ခံခဲ့ရကြောင်း ဟိုင်ဒါမှ  ပြောဆိုခဲ့သည်။


ဒီဇင်ဘာတွင် သူ၏ ပြစ်ဒဏ်မှာ အယူခံဝင်ရာတွင် အောင်မြင်ခဲ့သော်လည်း သူ၏ အမှုတွဲအား ပြန်လည် စစ်ဆေးရန် ဂျက်ဒါရာဇဝတ်မှု တရားရုံးသို့ ပို့ဆောင်ခဲ့ပြီးနောက်တွင် အမှုပြန်လည်ရင်ဆိုင်ရန် အမိန့်ချမှတ်ခံခဲ့ရသည်။ ဇနီးဖြစ်သူ၏ ပြောဆိုချက်အရဘဒါဝီသည် မူလက ဘာသာတရားကို စွန့်လွှတ်မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ပြီး ဆော်ဒီအာရေဘီးယားတွင် ၎င်းအမှုအတွက်

သေဒဏ်ချမှတ်နိုင်ကြောင်း သိရှိရသည်။

ဆော်ဒီတရားရုံးမှ ဘဒါဝီအား အမေရိကန်ဒေါ်လာ ၂၆၆၀၀၀ ဒဏ်ကြေးကိုလည်း ပေးဆောင်ရန် ချမှတ်ခဲ့သည်။


ထိုနှစ်အတွင်းတွင်ပင် ဆော်ဒီဘုရင် အဗ္ဗဒူလာမှ ဘာသာရေးနှင့် ကွဲပြားသည့် မည်သည့် အမြင်ကွဲပြားမှုကို မဆို နှိပ်ကွပ်ရန် ဥပဒေထုတ်ပြန်ခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့