
၁၀ ရက်က ညီအစ်မနှစ်ဦးအမွေ
ကိစ္စဖြင့်စကားများရန်ဖြစ်ရာမှအစ်မ ဖြစ်သူကို
ညီမက တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ခုတ်သဖြင့် အစ်မသေဆုံးသွားခဲ့၍မှော်ဘီမြို့နယ်ရဲစခန်းတွင်
ဖမ်းဆီးစစ်ဆေးကြောင်း သတင်းရရှိသည်။
မှော်ဘီမြို့နယ်လိပ်ပုတ် ကျေးရွာအုပ်စု ဆယ်အိမ်တန်း ကျေးရွာရှိ နေအိမ်တစ်ခုတွင် ညီအစ်မနှစ်ဦး အမွေကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ညီမဖြစ်သူက အစ်မကို သစ်သားတုတ်ဖြင့် ရိုက်ကာ အရိုးအသွား တစ်ပေခန့် ရှိဓားဖြင့်ခုတ်ခဲ့သည်။ ထို့ နောက် ဒဏ်ရာ အပြင်းအထန်ရရှိနေ သည့် အစ်မကို အိမ်နောက်ဘက်ငှက်ပျောပင်ခြေရင်းတွင် ထားခဲ့ကြောင်းသတင်းရရှိသည်။
‘‘အမွေကိစ္စလို့ပဲသိတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ သူ့ညီမက အိမ်ရှေ့မှာရေမိုးချိုးပြီး ထိုင်နေတာ။ သူ့အစ်မကို နောက် ဖေးမှာဝှက်ထားတာ။ ဒီတော့ ကျွန် တော်တို့ကလည်း အစ်မတို့ခုနက စကားများရန်ဖြစ်ကြတယ်ဆို မေးတော့ မှင်သေသေပဲ။ ဒါနဲ့ ကျွန်တော်တို့က အစ်မပုံစံက တုန်လှုပ်နေတဲ့ပုံပေါ်တယ်ပြောတော့မှ သူ့အစ်မ ဘယ်မှာလဲဆိုတာသိတာ။ နောက်ဖေးငှက်ပျောပင်ခြေရင်းမှာပစ်ထားတာ။ စိုးရိမ် ရလို့ ဆေးရုံပို့ရင်းဆုံးသွားတယ်’’ ဟု လိပ်ပုတ်ကျေးရွာအုပ်ချုပ်ရေး မှူးဦးရွှေသီးကပြောသည်။
အဆိုပါညီအစ်မနှစ်ဦးသည် ရွှေပြည်သာမြို့နယ် လှော်ကား တွင်နေထိုင်သူများဖြစ်ပြီး ၎င်းတို့ ဝယ်ယူထားသည့်အခင်းဖြစ်ပွား ရာခြံသို့ ခေတ္တလာရောက်ခြင်းဖြစ် သည်။ အစ်မဖြစ်သူမှာနဖူး၊ မေးစေ့၊ မျက်ခုံးနှင့် မျက်နှာတို့တွင် ဖူးရောင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
‘‘ပြစ်မှုကျူးလွန်သူကို ဖမ်း ထားပါပြီ။ မနက်ဖြန်ရမန်ယူပြီး ရုံးတင်စစ်ဆေးမှာပါ’’ဟု မှော်ဘီ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီမြို့နယ်ရဲစခန်းတွင် ပြစ်မှု ဆိုင်ရာပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment