
၍ လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားသဖြင့်
ယခုရက်ပိုင်းအတွင်း မိုးတိမ်တောင်အန္တရာယ်
သည် အလွန်အရေးကြီးသော သဘာ
ဝဘေးဖြစ်နေကြောင်း မိုးလေ၀သပညာရှင်
ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် မေလ၁၁ ရက်က မိုးပြင်းထန်စွာ ရွာသွန်းခဲ့ပြီး စစ်တွေမြို့ ဘုမေဘင်္ဂါလီ ကျေးရွာတွင် မိုးကြိုးပစ်၍ တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ ကြောင်း နယ်မြေလုံခြုံရေးတာဝန် ယူထားသည့် အမှတ် (၃၆) နယ် ခြားစောင့်တပ်ဖွဲ့မှ သတင်းရရှိ သည်။
အလားတူ မေလ ၁၂ ရက်က လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ ညောင်ပင်ကွင်းဒေသတွင် အသုဘချရန် ကျင်းတူးနေစဉ် မိုးကြိုးပစ်၍ အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။
ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်မှုဖြစ်စဉ်တွင် အမျိုးသားသုံးဦးအပစ်ခံရခြင်းဖြစ်ပြီး နှစ်ဦးသေ ဆုံးကာ ကျန်တစ်ဦးမှာမူ စိုးရိမ် ရသည့်အခြေအနေဖြင့် ဆေးရုံ တွင် ကုသနေရဆဲဖြစ်သည်။
‘‘မုတ်သုံမ၀င်မီအထိ မိုးတိမ်တောင်အန္တရာယ်က စိုးရိမ်ရ တယ်။ရခိုင်ပြည်နယ်နဲ့ အနောက်ပိုင်းဒေသတွေမှာ အဆိုးဆုံးပဲ’’ဟု မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်ကပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး မိုးကြိုးများ လည်း မကြာခဏပစ်နေကာ လူ သေဆုံးမှုများရှိနေသော်လည်း မိုး ကြိုးထိပြီး သေဆုံးမှုကြောင့် အမှု ဖွင့် စစ်ဆေးထားခြင်းမရှိသေး ကြောင်း အမှတ် (၃၆) နယ်ခြား စောင့်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောသည်။
ထို့အပြင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လည်း ဧရာဝတီတိုင်းဒေသကြီး နှင့် ဒေသအချို့၌ မိုးထစ်ချုန်းရွာ နိုင်ပြီး မိုးကြီးနိုင်ကြောင်း၊ ရခိုင် ကမ်းရိုးတန်းအပါအ၀င် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လည်း မိုးသက်လေပြင်းကျနိုင် ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ကာ လေတိုက်နှုန်း တစ်နာရီ လျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင် ကြောင်း သတင်းထုတ်ပြန်သည်။
No comments:
Post a Comment