Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

လူကုန်ကူး ခံရသည့် အမျိုးသမီး လေးဦးအား မိဘများ ထံ ပြန်လည်အပ်နှံပေး


စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းဝေးခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးလေးဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့၏ မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေးသည့် အခမ်းနား တစ်ရပ် ကျင်းပပြုလုပ်ခဲ့ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဒွန်းမှ ပြောကြားသည်။

အဆိုပါ အခမ်းနား၌ လူကုန်ကူးခြင်းခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ထိုစဉ်က မုံရွာခရိုင်၊ ယခု ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သမင်သတ် ကျေးရွာအုပ်စု၊ ချင်ပုံးကျေးရွာနေ ဦးလှဌေး ဆိုသူနှင့် ၎င်း၏သမီးဖြစ်သူ မခင်ယုလှိုင် ဆိုသူ သားအဖနှစ်ယောက် တို့မှ အဆိုပါကျေးရွာနေ ဒေသခံ မြန်မာအမျိုးသမီးလေးဦးတို့ကို ပြည်ပအလုပ်အကိုင်များ ရရှိမည်ဖြစ်ကြောင်း ၊ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် သွားရောက်လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် လူတစ်ဦးလျှင် ငွေကျပ်လေးသိန်း ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ အကယ်၍ ပြည်ပနိုင်ငံ၌ အလုပ်မရရှိခဲ့ပါက ၀န်ဆောင်စရိတ် ကုန်ကျငွေ၏ ငွေနှစ်ဆ အား ပြန်လည်ပေးလျော်မည်ဖြစ်ကြောင်း ယုံကြည်အောင် ကတိက၀ှက်များပြုကာ ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ မြန်မာအမျိုးသမီးငယ် လေးယောက်တို့သည် ဦးလှဌေးတို့၏ သားအဖနှစ်ယောက်ခေါ်ဆောင် ရာနောက်သို့လိုက်ပါသွားခဲ့ရာ နယ်စပ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တရားမ၀င်းနည်း လမ်းများဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်း မြန်မာအမျိုးသမီးငယ် လေးဦးတို့မှ ပြောပြသည်။

တရားနည်းလမ်းမကျသော အလုပ်အကိုင် အခွင့်အလမ်းနှင့် ဥပဒေမဲ့ပြု့သော ကိစ္စရပ်များကို အညာ ကျေးလက် ဒေသ၌ နေထိုင်ကျသူများပီပီ မဟုတ်မခံ ဆန့်ကျင်နိုင်ရန်အတွက် နေ့စဉ်ကြံစည်အားထုတ်လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ စက်တင် ဘာ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် အဆိုပါ မြန်မာအမျိုးသမီးလေးဦးအနက်မှ တစ်ဦးဖြစ်သူ မ...ဆိုသူက ဖုန်းနံပါတ် 0066835423587 ဖုန်းမှနေ၍ မိဘများထံ ဆက်သွယ်ပြောဆိုရာတွင် “ အဖေရေ ..သမီးတို့လေး ယောက်ကို အမြန်ပြန်လာခေါ်လဲ့ပါ..။ ဘန်ကောက်မြို့က အခန်းတစ်ခုထဲမှာ သမီးတို့ကို လှောင်ပိတ်ထားပါတယ်.။ ဒီဖုန်းနံပါတ်ကိုမှတ်ထားပြီး ဒီဖုန်းနဲ့ပဲဆက်သွယ်လိုက်ပါ..။ အခု သမီးတို့ရှိနေတဲ့ နေရာက ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့၊ ဘန်ပွန်(၁၄)လမ်း၊ ပလဆောင်(၆)ထပ်မှာဖြစ်ပါတယ်..။ အဖေ ..မြန်မြန် လာခေါ်လဲ့ပါနော်..” ဟု ပြောဆိုဆက်သွယ်ခဲ့ရာ သူမ၏ ဖခင်ဖြစ်သူမှ အဆိုပါ သတင်းအချက်အလက်များကို မှတ် သား၍ နောက်တစ်နေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့သို့ လိပ်မူ၍ အ ကြောင်းကြားစာတစ်စောင် ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်၌ မုံရွာမြို့သို့ သုံးရက်ကြာ လုပ်ငန်းတာဝန်များဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံး ရဲချုပ် ဦးဇော်ဝင်း ထံသို့ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့မှ ဆက်လက်၍ တင်ပြအကြောင်း ကြားခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် မှလည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာ လူကုန်ကူးမှုတိုက် ဖျက်ရေး အဖွဲ့များထံ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ လူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီး ငယ်လေးဦးတို့ကို အချိန်မီကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကယ်တင်ပေးခဲ့ပြီးနောက် ယခုလ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ မြန်မာ - ထိုင်း နယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမုခ်ဦးတွင် အဆိုပါ မြန်မာ အမျိုးသမီးငယ် လေးဦးတို့အား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ M.A.T. အဖွဲ့တာဝန်ခံ ကိုစိုင်းအေးနှင့် အဖွဲ့မှ လွှဲပြောင်းပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး မြ၀တီနယ်မြေ တာဝန်ခံ ရဲမှူး အောင်ဌေး နှင့်အဖွဲ့မှ လက်ခံရယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့နောက် ရဲမှူး အောင်ဌေးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ အနီးကပ်ကြီးကြပ်ကွက်ကဲမှု လမ်းညွှန်ချက် များကိုရယူ၍ အဆိုပါ လူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီး လေးဦးအား ၎င်းတို့၏ မိဘဆွေမျိုးများထံ အမြန် ဆုံးလွှဲပြောင်းအပ်နှံပေးရေး ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကရင်ပြည်နယ်၊ မြ၀တီမြို့မှတဆင့် စစ် ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ လွှဲပြောင်းပို့ဆောင်ရာတွင် ရဲတပ်ကြပ်ကြီး အောင်မြင့်ထွန်း ဆိုသူမှ အနီးကပ် လုံခြုံရေး တာဝန်များကို ရယူထမ်းဆောင်၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်ပြီး ညီရင်းအစ်မကဲသို့ နေထိုင်ခဲ့သူများ၏ စကားကို ယုံကြည်လက္ခံမိ၍ ပြည်ပနိုင်ငံ၌ အတိဒုက္ခရောက်ခဲ့ကျသူ မြန်မာအမျိုးသမီးလေးများအား စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့မှ မိခင်ရင်းပမာ ရင်ဝယ်ပိုက်လျက် နွေးထွေးစွာကြိုဆိုခဲ့ကြပြီး ၎င်းတို့၏ လူမှုဘ၀ရပ်တည်နိုင်ရန်အတွက် လည်း ဘက်စုံထောင်စုံမှနေ၍ ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိကြောင်း အဆိုပါ အခမ်းအနားတွင် တိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌမှ ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီးငယ် လေးယောက်တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဒွန်းမှ ၎င်းတို့၏ မိဘဆွေမျိုးများထံ၌ လွှဲပြောင်း အပ်နှံပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပြီးဆုံးခဲ့ ကြောင်း သိရှိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့