Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

ဆားခါတောင် သာသနာ့နယ်မြေမှ သဘာဝ ကျောက်တုံးများကို ခွဲစိတ်ဖြတ်တောက် ရောင်းချနေခြင်းကိစ္စအား တားမြစ်ပေးစေချင်

 မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ဆားခါတောင်သာသနာ့ နယ်မြေဟာ မန္တလေးမြို့ မြောက်ဘက်မှာ ရှိပြီး တောရကျောင်း ၂၀ ကျော်နဲ့ သာသနာပြု ရဟန်းတော် ရာချီပြိး သီတင်းသုံးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ 

ဆားခါတောင်သာသနာ့နယ်မြေဟာ မန္တလေးမြို့ မှာ ဘာသာသာသနာနဲ့ပတ်သက်လို့  မန္တလေးတောင်၊ ရန်ကင်းတောင် စတဲ့ထင်ရှားကျော်ကြားတဲ့ တောင်များနဲ့ ဘာသာရေးသမိုင်း ဆက်နွယ်နေတဲ့ တောင်တစ်ခုဖြစ်ပါတယ်။

ဆားခါတောင်ဟာ ငါးရံ့မင်း ဆားခါတဲ့တောင်၊မန္တလေးတောင်ဟာ ငါးရံ့မင်း မှန်းပြေးတဲ့တောင်၊ ရန်ကင်းတောင်မှာတော့ ငါးရံ့မင်း ဘေးအန္တရာယ်များ ကင်းလွတ်တဲ့နေရာ အဖြစ် ငါးရံ့မင်းလှိုဏ်ဂူရှိနေတဲ့အတွက် ရန်ကင်းတောင်ရယ်လို့ သာသနာ သမိုင်းတည်ရာတောင်များဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဆားခါတောင် သာသနာ့နယ်မြေမှာရှိတဲ့ သဘာဝကျောက်တုံးကြီးများကို စီးပွားရေး အကျိုးအမြတ်အတွက် ခွဲစိတ်ဖြတ်တောက်ရောင်းချနေတာကို ဒေသခံတွေ စိတ်မသက်မသာနဲ့ တွေ့ မြင်နေရပါတယ်။

ကျောက်ခွဲစိတ်ထုတ်လုပ်သူများဟာ သတ္တုတွင်း ဌာနရဲ့ ခွင့်ပြုချက် မရှိပဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဒဟတ္တောကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တို့နဲ့ အကျိုးတူ လုပ်ဆောင်နေတာဆိုတော့ အရပ်သားတွေ တားလို့မရဖြစ်နေပါတယ်။

ခုလောလောဆယ်ဆယ်မှာ သဘာဝကျောက်တုံးတွေကို စက်ယန္တရားတွေနဲ့ ခွဲစိတ်ဖြတ်တောက်နေတာဆိုတော့ ခဏအတွင်းမှာ တောင်တစ်ခုလုံး သဘာဝအလှတွေ ပျက်စီးသွားနိုင်ပါတယ်။

ကျေးရွာသားတွေနဲ့ သာသနာပြု ရဟန်းတော်တွေ သွားရောက်ပြောဆိုတဲ့အခါ ဘုန်းတော်ကြီးကျောင်း ပြင်ပမှာ ထုတ်တာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်ပြောပါတယ်။

သဘာဝကျောက်တုံးကြီးများကို ဖြတ်စက်များနဲ့  ၂ ပေပတ်လည်၊ ၁၀ လက်မအထူ ဖြတ်တောက်နေတာ ဖြစ်ပါတယ်။ ယခုလို ပြုလုပ်နေခြင်းဟာ ၃လခန့်ကြာခဲ့ပြီဖြစ်လို့ သဘာဝ အနေအထားလည်း တော်တော် ပျက်စီး ယိုယွင်းနေပြီဖြစ်ပါတယ်။

ဒါကြောင့် တာဝန်ရှိလူကြီးများကိုယ်တိုင် သေချာ ကြည့်ရှူစစ်ဆေးပြီး သဘာဝတရားနဲ့ လှပအေးချမ်းနေတဲ့ သာသနာ့နယ်မြေကို ကာကွယ်ပေးစေလိုကြောင်း တင်ပြလိုက်ပါတယ်ဗျာ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့