Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

iOS7 စတင်ထုတ်ဝေပြီး ၂၄ နာရီအတွင်း လုံခြုံရေး အားနည်းချက်များ ဝေဖန်ခံရ


မိုဘိုင်း ကုမ္ပဏီဖြစ်သည့် Apple မှ မိုဘိုင်းကိရိယာများ အတွက် အသစ် ဖြန့်ချိ ထုတ်လိုက်သည့် iOS7 Operating System ကို
စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ရယူခွင့် ပေးလိုက်ရာ ၂၄ နာရီအတွင်း စေဒကတက်မှုများ ၊ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ဝေဖန်မှုများမှာ iOS7 Operating System ၏ လုံခြုံရေး စနစ်များနှင့် ပတ်သက်သည်။ iOS7 တွင် အသုံးပြုသူ တစ်ဦးက မိမိ၏ အချက်အလက်များကို ပြန်လည်ရယူခွင့် ပေးထားနိုင်စွမ်းသည် အားနည်းချက်များ ရှိနေခြင်း ဖြစ်ပြီး iOS7 ဖြင့် လည်ပတ်နေသည့် ကိရိယာတစ်ခုမှ Email နှင့် Social Networking ဆိုင်ရာ အချက်အလက်များကို ခိုးယူနိုင်သည့် အနေအထားအထိ ဖြစ်လာနိုင်ကြောင်း မိုဘိုင်း နည်းပညာရှင်များမှ ဝေဖန်ထားသည်။

http://www.bbc.co.uk/news/technology-24170429

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့