Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 September 2013

စက်မှုဇုန်မြေဈေး လှိုင်သာယာ အမြင့်ဆုံး

 အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ စံနှုန်း သတ်မှတ်ရာတွင် ရန်ကုန်စက်မှုဇုန် အားလုံးနှိုင်းယှဉ်ပါက လှိုင်သာယာ စက်မှုဇုန် မြေဈေးနှုန်းမှာ အမြင့်ဆုံး ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်ထုတ်ပြန်ရေးရုံးက ထုတ်ပြန် ကြေညာသည်။

လှိုင်သာယာ စက်မှုဇုန် မြေဈေးစံနှုန်းမှာ တစ်ဧက တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀၀ မှ ၁၄၅၀ အထိ သတ်မှတ်ထားပြီး အနိမ့်ဆုံးမှာ ဒဂုံဆိပ်ကမ်း စက်မှုဇုန်ဖြစ်ကာ တစ်ဧကလျှင် ကျပ်သိန်း ၂၇၀ မှ ၇၀၀ အထိ သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
“ဒီလိုစံနှုန်း သတ်မှတ်ခြင်းဟာ အခွန်များများ ရချင်လို့၊ ပွင့်လင်းမြင်သာမှု ရှိစေချင်လို့ပါ။ မြေဈေးလျှော့ချတာနဲ့ မဆိုင်ပါဘူး။ အပြင်ဈေးကွက်မှာ ဘယ်လောက်နဲ့ ရောင်းရောင်း ဒီမှာကတော့ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းပဲ အခွန်ပေးဆောင်ရမှာပါ” ဟု ကာလတန်ဖိုး စိစစ်ထုတ်ပြန်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ခြင်းသည် ရန်ကုန်မြို့တော်အတွင်းရှိ အိမ်၊ ခြံ၊ မြေ စံနှုန်းများအပြင် စက်မှုဇုန်၊ တိုက်ခန်း၊ ကွန်ဒိုများ၏ စံနှုန်းများကိုလည်း သတ်မှတ်ကြောင်း ကာလတန်ဖိုး၊ စိစစ်ထုတ်ပြန်ရေး ရုံးထံမှ သိရသည်။

မြေဈေး စံနှုန်းသတ်မှတ်ခြင်းကြောင့် အရောင်းအဝယ်မှာ ငြိမ်သက်နေကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေး သတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ အခွန်အပြည့်အဝ ကောက်ခံရ ရှိနိုင်ရန်အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

မြေဈေး သတ်မှတ်ချက် အမြင့်ဆုံးမှာ တစ်ပေပတ်လည်လျှင် ကျပ်သုံးသိန်းနှစ်သောင်းငါးထောင်မှ ကျပ် သုံးသောင်းငါးထောင် သတ်မှတ်ထားသည့် ဗဟန်းမြို့နယ် ဖြစ်ပြီး အနည်းဆုံး သတ်မှတ်ချက်မှာ တစ်ပေပတ်လည် ၂၀၀ ကျပ် မှ ၁၁၀၀ ကျပ်ထိ သတ်မှတ်ထားသော ခရမ်းမြို့နယ် ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်ထုတ်ပြန်ရေးရုံး ကြေညာချက် အရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့