Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 September 2013

လူငယ်ချင်း စကားများရာမှ လူသတ်မှုကျူးလွန်သည်အထိ ဖြစ်ပွားခဲ့

 စက်တင်ဘာ ၂၁ ရက် ညပိုင်းက မြစ်ကြီးနား မြို့ပေါ် ရပ်ကွက်အတွင်း အအေးဆိုင်၌ အအေးသောက် နေသည့် လူငယ် အချင်းချင်း စောင်းမြောင်း ပြောဆိုပြီး ဆိုင်မှအထွက် မြို့ပေါ်... ရပ်ကွက် အတွင်း ရိုက်နှက် ထိုးကြိတ်ပြီး စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ကျူးလွန်သူ (၃)ဦး အား ၃ နာရီအတွင်း ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် ၊ ရွှေဝါဝင်း လ္ဘက်ရည်ဆိုင်၌ ဝိုင်းမော် မြို့နယ် ၊ မိုင်းနားကျေးရွာ ၊ ကျော် ဆိုင်ကယ် ပြင်ဆိုင်တွင် အလုပ်လုပ် ကိုင်နေသူ အောင်မျိုးမြင့် နှင့်မြစ်ကြီးနား တက္ကသိုလ် မှ တက္ကသိုလ် ကျောင်းသား တစ်ဦး ၊ တက္ကသိုလ် ကျောင်းသူ နှစ်ဦး အအေး ထိုင်သောက် နေစဉ် ၄င်းတို့နှင့် အတူ မျက်နှာ ချင်းဆိုင် ထိုင်နေသော လ္ဘက်ရည်ဆိုင် စားပွဲမှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁) ဦးတို့က စောင်းမြောင်း ပြောဆို နေသဖြင့် အောင်မျိုးမြင့် မှ တက္ကသိုလ် ကျောင်းသူ နှစ်ဦးအား အိပ်ဆောင်သို့ ပြန်ခိုင်းပြီး ဒူဝါကြီး ဘော်ဒါဆောင် နေ တက္ကသိုလ် ကျောင်းသား သူငယ်ချင်းများ ထံ ဖုန်းဆက် အကြောင်းကြား ခဲ့ရာ မောင်အေရှမ်း (ခ) အောင်ကျော်ဖြိုး အပါ လူငယ်(၃)ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ၄င်းတို့(၅)ဦး က ကျသင့်ငွေ ရှင်းကာ ဆိုင်ပြင်သို့ ထွက်လာစဉ် ဆိုင်အတွင်း စောင်းမြောင်း ပြောဆိုသူ လူငယ်(၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့က နောက်မှ လိုက်လာ သည်ကို တွေ့ရှိရ၍ အောင်မျိုးမြင့် နှင့် လူငယ်(၅)ဦး က သီတာရပ်ကွက် ၊ ယဉ်ကျေးမှု ပြတိုက် လမ်းဆုံ ရှေ့အရောက် ရပ်တန့် စောင့်ဆိုင်း နေစဉ် နောက်မှ လိုက်လာသူ(၃)ဦးမှ ဝိုင်းဝန်း ရိုက်နှိက် ထိုးကြိတ်ခြင်း တို့ကြောင့် အောင်မျိုးမြင့် တို့အဖွဲ့လည်း တကွဲတပြားစီ ထွက်ပြေး သွားခဲ့ပြီး အခြား သူငယ်ချင်း (၃)ဦးက တွေ့ရှိ၍ ပျောက်ဆုံး နေသူ နှစ်ဦးအား လိုက်လံ ရှာဖွေရာ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဒဏ်ရာများ ရရှိကာ ဆေးရုံတင် ထားရကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဆေးရုံတင် ထားရသည့် မောင်အေရှမ်း (ခ) အောင်ကျော်ဖြိုး (၁၈)နှစ် (ဘ) ဦးအောင်ချစ် မှာ ဘယ်ဘက် ရင်ဘတ် ထိုးသွင်း ဒဏ်ရာ တစ်ချက် ၊ ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ ဖြင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။ လူသတ်မှု ကျူးလွန်သူ (၃)ဦးအား ဥပဒေအရ ဆက်လက် အရေးယူ နိုင်ရေးအတွက် မြစ်ကြီးနား မြို့မ ရဲစခန်းမှ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့