Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမည့် ကမ္ဘာလုံးဆိုင်ရာ အနုပညာရပ်ဝန်း တည်ဆောက်ခြင်း အခမ်းအနား


တရုတ်နိုင်ငံသား ဘီလီယံနာ တစ်ဦးဖြစ်သည့် အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင် Wang Jianlin သည် တရုတ်နိုင်ငံ အရှေ့ပိုင်း
၊ Qingdao ပြည်နယ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ အနုပညာ လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် အနုပညာ ရပ်ဝန်းတစ်ခုကို တည်ဆောက်မည့် ပန္နက်ချ အခမ်းအနားကို ကျင်းပခဲ့သည်။

တစ်နှစ်လျှင် ရုပ်သံဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ဇာတ်ကား ၂၀၀ ခန့် ထုတ်လုပ်နိုင်မည့် Qingdao Oriental Movie Metropolis အပါအ၀င် စတူဒီယို ၂၀ နှင့် အနုပညာ လုပ်ငန်းများ လုပ်ဆောင်နိုင်မည့် ဆက်စပ်လုပ်ငန်းများကိုပါ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါ Global Film Industry လုပ်ငန်းအတွက် မြေတူးခြင်း အခမ်းအနားသို့ Golden Globe ဆုရှင် "Great Gatsby" မင်းသား Leonardo DiCaprio နှင့် သြစတြေးလျမင်းသမီး Nicole Kidman တို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အနုပညာရပ်ဝန်း တည်ဆောက်ခြင်းအတွက် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ သုံးစွဲရန် ခန့်မှန်းထားကြောင်း သိရသည်။

http://www.forbes.com/sites/russellflannery/2013/09/22/chinas-richest-ma...

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့