Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 September 2013

လူကူးမျဉ်းကျားတွင် အရှိန်မလျှော့ဘဲမောင်းသည့် ယာဉ်များကို ထိရောက်စွာ အရေးယူမည်

 ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကူးမျဉ်းကျားများတွင် ရပ်တန့်အရှိန်လျှော့ခြင်းမပြုဘဲ မောင်းနှင်သော ယာဉ်များကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယင်းသို့ အရေးယူရာတွင် လူကူးမျဉ်းကျားတွင် ရပ်တန့်အရှိန်လျှော့ခြင်းမရှိဘဲ ဖြတ်သန်းသွားသော ယာဉ်များအား ကားနံပါတ်မှတ်တမ်းယူထားကာ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်ဟုလည်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

အဆိုပါ အကြီးတန်းအရာရှိက "လူကူးမျဉ်းကျားမှာ ရပ်တန့်အရှိန်လျှော့ခြင်းမပြုဘဲ မောင်းတဲ့ယာဉ်တွေကို အမြဲတမ်း အရေးယူနေပါတယ်။ အခုတော့ စည်ကမ်း မလိုက်နာသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်" ဟုပြောသည်။

လူကူးမျဉ်းကျား အသုံးပြုမှုများပြီး ဖြတ်သန်းမှုများသည့် မြေနီကုန်း၊ လှည်းတန်း၊ ပန်းဘဲတန်းရှိ လူကူးမျဉ်းကြားများတွင် အများဆုံး စောင့်ကြည့်အရေးယူသွားမည် ဖြစ်သည်ဟုလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။

ယင်းသို့ အရေးယူခြင်းနှင့်ပတ်သက်ပြီး နေ့စဉ် မြို့တွင်းသို့ သွားလာနေသည့် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တစ်ဦးက "လူကူးမျဉ်းကျားမှာ အရှိန်မလျှော့ပေးဘဲ မောင်းတဲ့ကားတွေကို ထိထိရောက်ရောက် အရေးယူစေ ချင်ပါတယ်။ လမ်းသွားတဲ့သူက မျဉ်းကျားကကူးတော့လည်း သူတို့က အရှိန်မလျှော့ပါဘူး။ လမ်းကူးတဲ့သူက သူတို့ကိုပြန်ပြီးစောင့်နေရပါတယ်" ဟု ဆိုသည်။

လူကူးမျဉ်းကျားများတွင် စည်ကမ်းမဲ့မောင်းနှင်သူများကို အရေးယူရန်အတွက် စီမံချက် ဒဏ်ကြေးငွေနှင့် ယာဉ်စည်းကမ်းဒဏ်ငွေကျပ် ၃၁ç၅၀ဝ သတ်မှတ်ထားသည်။

စက်တင်ဘာလအတွင်းတွင်ပင် ရန်ကုန်မြို့အတွင်း ယာဉ်မရပ်ရသည့် နေရာ ၂၆ နေရာကို ထုတ်ပြန်ထားခဲ့ပြီး ယင်းနေရာများတွင် ယာဉ်ရပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်ခဲ့သေးသည်။

ခရီးသည်တင်ယာဉ်များအနေဖြင့်လည်း အဆိုပါလမ်းများပေါ်တွင် မှတ်တိုင်များတွင် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးဆောင်ရွက်ကြရမည်ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့