Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 September 2013

သို့ နိုင်ငံတော်သမ္မတကြီး

သို့
သို့

နိုင်ငံတော်သမ္မတကြီး

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်



ရဲချုပ်ဟောင်း ဗိုလ်ချုပ်ခင်ရီ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား 
မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၏ တပည့်သား

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ

ဒုတိယရုံးအဖွဲ့မှူး (ညွှန်ကြားရေးမှူး) ဦးခင်မောင်ငွေ ၏ တရားဥပဒေမဲ့ 
လုပ်ရပ်အား သိရှိနိုင်ပါရန် နှင့် ဥပဒေအတိုင်း ထိရောက်စွာ အရေးယူပေးပါရန် 
တင်ပြတိုင်တန်းခြင်း



ရဲချုပ်ဦးခင်ရီ၏ တပည့် ဦးခင်မောင်ငွေ ဟာ တပ်မတော်ကနေ 
ဒုတိယဗိုလ်မှူးကြီးနဲ့ပြောင်းရွေ့လာပြီး ရဲဘက်ကို (ရဲချုပ် 
ဗိုလ်ချုပ်ခင်ရီနဲ့ အတူလိုက်ပါလာပြီး ).ရဲချုပ်ရုံးမှာ ဒုတိယညွှန်မှူး 
တာဝန်ထမ်းဆောင်ခဲ့ပါတယ်....ရဲချုပ်ရုံးမှ တဆင့် လ၀က ရုံးသို့ 
ပြောင်းရွေ့လာပြီး..လက်ရှိမှာ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား 
မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ရုံးမှာ ဒုတိယရုံးအဖွဲ့မှူး (ညွှန်ကြားရေးမှူး )
 တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်..

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှာ 
တာဝန်ထမ်းဆောင်တဲ့ ဒုတိယရုံးအဖွဲ့မှူးဆိုတော့ ဥပဒေကို လေးလေးစားစား 
လိုက်နာရမှာပေါ့နော် ..ဒါပေမဲ့ အထင်နဲ့ အမြင်နဲ့တခြားစီပါ ..ဒီလိုဥပဒေကို 
မလေးစား မလိုက်နာတဲ့ တာဝန်မဲ့တဲ့ လူတစ်ယောက်ဟာ 
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ရုံးမှာ 
ဒုတိယရုံးအဖွဲ့မှူး(ညွန်ကြားရေးမှူး)တာဝန်ထမ်းဆောင်တယ်ဆိုတော့ .ဌာနအတွက်ရော
 နိုင်ငံအတွက်ပါ အရမ်းထိခိုက်နစ်နာဆုံးရှုံးပါတယ်..



၂၃-၉-၂၀၁၃ရက်နေ့ညနေ ၆း၃၀နာရီခန့်က လဝကမှ ဒုတိယရုံးအဖွဲ့မှူး 

(ညွှန်/မှူး)ဦးခင်မောင်ငွေ(၀၉၄၃၁၁၅၀၁၆)၏ကား မှာ

နေပြည်တော် (ပုဗ္ဗသီရိ)ဘက်မှ အင်ကြင်းပန်းအ၀ိုင်းဘက်သို့ 
မောင်းနှင်လာတာဖြစ်ပါတယ်..

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေစက်မောင်းဝန်ထမ်း လင်မယားစီးလာသော

ဆိုင်ကယ်မှာ ပျဉ်းမနားဘက်မှ အပြန် အင်ကြင်းဝိုင်းအနီး ဗဟိုဘဏ်အနီးရှိ 
အကွေ့တွင် ဆိုင်ကယ်ကို ခေါင်းထွက်ပြီး ရပ်ထားပါတယ်.. ကား 
(၂)စီး(၃)စီးကျော်သွားပြီး ..ဦးခင်မောင်ငွေ မောင်နှင်လာတဲ့ မော်တော်ယာဉ် 
(၁ဂ/၃၆၈၄)ဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရဆိုရင် လက်ယာဘက်မှ ကပ်မောင်းပြီး 
အကွေ့ လမ်းဆုံ မီးပွင့်တွေမှာ အွန်းတီးပြီး ယာဉ်ကို အရိုန်လျော့ 
မောင်းရမှာပါ ..အခုတော့ လက်ဝဲဘက်ကနေ ကပ်မောင်းလာပြီး ခေါင်းထွက်နေတဲ့ 
ဆိုင်ကယ်ကို ၀င်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားပါတယ်..အဝေးရောက်မှ 
ရပ်ပြီး တာဝန်မဲ့စွာ ရပ်ကြည့်နေပြီး ဆရာ့အားကိုးနဲ့ ဆရာအရှိန်အ၀ါနဲ့ 
ယာဉ်ထိန်းရဲကို လှမ်းဆက်သွယ်ပါတယ်..

ယာဉ်တိုက်မှုကြောင့် သွေးအိုင်ထဲမှာ လဲနေတဲ့ သူအတွက်တော့ အားကိုးရာမဲ့တဲ့ 
အခြေအနေကို အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်. ယောင်္ကျားဖြစ်သူကတော့ 
ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊ မျက်နှာစုတ်ပြဲဒဏ်ရာ၊ နံရိုး(၆)ချောင်းကျိုးဒဏ်ရာ ၊
 လက်ကျိုးဒဏ်ရာ ၊ ခြေထောက်ကျိုးကြေဒဏ်ရာများရရှိခဲ့ကြောင်း .

.(ဆေးစစ်ချက်အရသိခဲ့ရတာပါ) အဲ့ဒီဒဏ်ရာတွေနဲ့ သတိလစ်နေပါတယ်..အမျိုးသမီးတော့
 နဖူး ဖူးရောင်ပေါက်ပြဲဒဏ်ရာ ၊ ဦးခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး 
သတိမလစ်ဘဲ .ဘေးပတ်ဝန်ကျင်ကို အော်ဟစ်အကူအညီ တောင်းခံနေပေမဲ့ ..ဘဲဥတွေကလည်း 
..ရဲချုပ်သားတပည့်ကိုကြောက်ပြီး ..ဘာမှ အကူအညီမပေးခဲ့ပါဘူး .တာဝန်သိ 
ပြည်သူတစ်ယောက် က သူ့ကားနဲ့ နေပြည်တော်ကုတင်(၁၀၀၀)ကို လိုက်ပို့ပေးခဲ့ပြီး 
..ဆေးရုံတက်စရိတ်ကအစ အစစအရာရာ ကူညီပေးခဲ့ပါတယ်...

အာဏာမဲ့ လူဆင်းရဲသား လင်မယားကတော့ နေပြည်တော်ကုတင်(၁၀၀၀)မှာလည်း ဆရာဝန်တွေ 
ရဲ့ လုပ်ရပ်ကြောင့် ..အသက်မသေခင် စိတ်နာခဲ့ရပါတယ်...လူနာကို 
အသက်မမှီတော့ဘူး ..ဆွေမျိုးတွေကို ကြိုတင်အကြောင်းကြားထားလိုက်တော့လို့ 
စာနမဲ့စွာ ပြောပါတယ်.. သွေးလိုလို့လည်း..သွေးဘဏ်မှာ သွားတောင်းတော့ 
မပေးပါဘူး ..နောက်မှ ကျမှတို့ ဆောက်လုပ်ရေးက သွေးအလှူရှင် အသင်းတွေ 
ရှိပါတယ် နောက်မှ ပြန်ပေးပါမယ်ဆိုမှ သွေးကို 
ထုတ်ပေးပါတယ်..အခင်းဖြစ်တဲ့အချိန်ကနေ ယနေ့အထိ (၃)ရက်ကြာတာတောင် ပုံမှာ 
မြင်တွေ့ရတဲ့အတိုင်းသာ ဗိုက်ဖောက်ပြီး 
ပတ်တီးစည်းထားတာပါ...နံရိုးကျိုးဒဏ်ရာ ခြေထောက်ကျိုးကြေတာတွေကို 
မခွဲစိတ်သေးပဲ ပတ်တီးပဲ စီးထားတုန်းပါ..26 ရက်နေ့ပဲ ခွဲစိတ်မယ်လို့ 
သိရပါတယ်...



အထက်ပါ အခင်းဖြစ်ပွားမှုအား အမှုတော့ဖွင့်တိုင်းတန်းထားပါတယ်...ဒါပေမဲ့ 
ဥပဒေက ဘယ်သူ့ဘက်မှာ ရပ်တည်မယ်..ဘယ်သူ့ကို ကာကွယ်ပေးမလည်းတော့ မသိသေးပါဘူး

.၀န်ထမ်းဥပဒေ စည်းမျဉ် စည်းကမ်းအရဆိုရင် ..၀န်ထမ်းတစ်ဦးဟာ အမှုဖွင့် 
အရေးယူခံထားရတယ်ဆိုရင် ..အဲ့ဒီဝန်ထမ်းကို ရာထူးမှ တာဝန်မှ ခေတ္တ 
ရာထူးချထားရမှာပါ..အခုတော့ ဌာနက ဘာမှ မလုပ်ထားဘူးလို့ 
သိရှိရပါတယ်.လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား 
မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ..ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီး 
ခရီးထွက်ခွာနေတယ်လို့ သိရှိရပါတယ်..

လက်ရှိ ဆေးရုံကိုလည်း တာဝန်သိစွာနဲ့ လာရောက်ခြင်း အားပေးခြင်း 
နှစ်သိမ့်ခြင်း မရှိသလို ၊ သေမလား ရှင်မလား မသိသေးတဲ့ လူ အောက်ခြေဝန်ထမ်း 
ဆင်းရဲသားကိုပင် ရဲချုပ်ခင်ရီ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား 
မှတ်ပုံတင်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီရဲ့ အားကိုးဖြင့် 
အာဏာပြ ခြိမ်းခြောက်ပြီး ယာဉ်ထိန်းရဲ ရဲအုပ် မောင်မောင်သိန်းမှ တဆင့် 
ပြန်ပြီး တရားစွဲထားကြောင်းသိရသဖြင့် စိတ်မကောင်းဖြစ်ရပါသည် ။

စာနာထောက်ထားသနားချစ်ခင်သော စိတ်များရှိကြပါစေ

ထိုသို့သော လူမှုရေးကင်းမဲ့လှသော သကောင့်သားကို မည်သို့

သော သတ္တဝါ အဖြစ်သတ်မှတ်ရမည်နည်း

ရာထူးရခံရှိသူ/ သြဇာ အာဏာရှိသူ/ ငွေကြေးချမ်းသာသူများ

သာ တရားနိုင်ရမည်လော တရားရေးမဏ္ဏိုင် မယိမ်းမယိုင် 
မျှတစွာဆောင်ရွက်နိုင်ကြပါစေ.......

နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
...
ရဲချုပ်ဟောင်း ဗိုလ်ချုပ်ခင်ရီ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၏ တပည့်သား
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ
ဒုတိယရုံးအဖွဲ့မှူး (ညွှန်ကြားရေးမှူး) ဦးခင်မောင်ငွေ ၏ တရားဥပဒေမဲ့ လုပ်ရပ်အား သိရှိနိုင်ပါရန် နှင့် ဥပဒေအတိုင်း ထိရောက်စွာ အရေးယူပေးပါရန် တင်ပြတိုင်တန်းခြင်း

ရဲချုပ်ဦးခင်ရီ၏ တပည့် ဦးခင်မောင်ငွေ ဟာ တပ်မတော်ကနေ ဒုတိယဗိုလ်မှူးကြီးနဲ့ပြောင်းရွေ့လာပြီး ရဲဘက်ကို (ရဲချုပ် ဗိုလ်ချုပ်ခင်ရီနဲ့ အတူလိုက်ပါလာပြီး ).ရဲချုပ်ရုံးမှာ ဒုတိယညွှန်မှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်....ရဲချုပ်ရုံးမှ တဆင့် လ၀က ရုံးသို့ ပြောင်းရွေ့လာပြီး..လက်ရှိမှာ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ရုံးမှာ ဒုတိယရုံးအဖွဲ့မှူး (ညွှန်ကြားရေးမှူး ) တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်..
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်တဲ့ ဒုတိယရုံးအဖွဲ့မှူးဆိုတော့ ဥပဒေကို လေးလေးစားစား လိုက်နာရမှာပေါ့နော် ..ဒါပေမဲ့ အထင်နဲ့ အမြင်နဲ့တခြားစီပါ ..ဒီလိုဥပဒေကို မလေးစား မလိုက်နာတဲ့ တာဝန်မဲ့တဲ့ လူတစ်ယောက်ဟာ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ရုံးမှာ ဒုတိယရုံးအဖွဲ့မှူး(ညွန်ကြားရေးမှူး)တာဝန်ထမ်းဆောင်တယ်ဆိုတော့ .ဌာနအတွက်ရော နိုင်ငံအတွက်ပါ အရမ်းထိခိုက်နစ်နာဆုံးရှုံးပါတယ်..

၂၃-၉-၂၀၁၃ရက်နေ့ညနေ ၆း၃၀နာရီခန့်က လဝကမှ ဒုတိယရုံးအဖွဲ့မှူး
(ညွှန်/မှူး)ဦးခင်မောင်ငွေ(၀၉၄၃၁၁၅၀၁၆)၏ကား မှာ
နေပြည်တော် (ပုဗ္ဗသီရိ)ဘက်မှ အင်ကြင်းပန်းအ၀ိုင်းဘက်သို့ မောင်းနှင်လာတာဖြစ်ပါတယ်..
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေစက်မောင်းဝန်ထမ်း လင်မယားစီးလာသော
ဆိုင်ကယ်မှာ ပျဉ်းမနားဘက်မှ အပြန် အင်ကြင်းဝိုင်းအနီး ဗဟိုဘဏ်အနီးရှိ အကွေ့တွင် ဆိုင်ကယ်ကို ခေါင်းထွက်ပြီး ရပ်ထားပါတယ်.. ကား (၂)စီး(၃)စီးကျော်သွားပြီး ..ဦးခင်မောင်ငွေ မောင်နှင်လာတဲ့ မော်တော်ယာဉ် (၁ဂ/၃၆၈၄)ဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရဆိုရင် လက်ယာဘက်မှ ကပ်မောင်းပြီး အကွေ့ လမ်းဆုံ မီးပွင့်တွေမှာ အွန်းတီးပြီး ယာဉ်ကို အရိုန်လျော့ မောင်းရမှာပါ ..အခုတော့ လက်ဝဲဘက်ကနေ ကပ်မောင်းလာပြီး ခေါင်းထွက်နေတဲ့ ဆိုင်ကယ်ကို ၀င်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားပါတယ်..အဝေးရောက်မှ ရပ်ပြီး တာဝန်မဲ့စွာ ရပ်ကြည့်နေပြီး ဆရာ့အားကိုးနဲ့ ဆရာအရှိန်အ၀ါနဲ့ ယာဉ်ထိန်းရဲကို လှမ်းဆက်သွယ်ပါတယ်..
ယာဉ်တိုက်မှုကြောင့် သွေးအိုင်ထဲမှာ လဲနေတဲ့ သူအတွက်တော့ အားကိုးရာမဲ့တဲ့ အခြေအနေကို အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်. ယောင်္ကျားဖြစ်သူကတော့ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊ မျက်နှာစုတ်ပြဲဒဏ်ရာ၊ နံရိုး(၆)ချောင်းကျိုးဒဏ်ရာ ၊ လက်ကျိုးဒဏ်ရာ ၊ ခြေထောက်ကျိုးကြေဒဏ်ရာများရရှိခဲ့ကြောင်း .
.(ဆေးစစ်ချက်အရသိခဲ့ရတာပါ) အဲ့ဒီဒဏ်ရာတွေနဲ့ သတိလစ်နေပါတယ်..အမျိုးသမီးတော့ နဖူး ဖူးရောင်ပေါက်ပြဲဒဏ်ရာ ၊ ဦးခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး သတိမလစ်ဘဲ .ဘေးပတ်ဝန်ကျင်ကို အော်ဟစ်အကူအညီ တောင်းခံနေပေမဲ့ ..ဘဲဥတွေကလည်း ..ရဲချုပ်သားတပည့်ကိုကြောက်ပြီး ..ဘာမှ အကူအညီမပေးခဲ့ပါဘူး .တာဝန်သိ ပြည်သူတစ်ယောက် က သူ့ကားနဲ့ နေပြည်တော်ကုတင်(၁၀၀၀)ကို လိုက်ပို့ပေးခဲ့ပြီး ..ဆေးရုံတက်စရိတ်ကအစ အစစအရာရာ ကူညီပေးခဲ့ပါတယ်...
အာဏာမဲ့ လူဆင်းရဲသား လင်မယားကတော့ နေပြည်တော်ကုတင်(၁၀၀၀)မှာလည်း ဆရာဝန်တွေ ရဲ့ လုပ်ရပ်ကြောင့် ..အသက်မသေခင် စိတ်နာခဲ့ရပါတယ်...လူနာကို အသက်မမှီတော့ဘူး ..ဆွေမျိုးတွေကို ကြိုတင်အကြောင်းကြားထားလိုက်တော့လို့ စာနမဲ့စွာ ပြောပါတယ်.. သွေးလိုလို့လည်း..သွေးဘဏ်မှာ သွားတောင်းတော့ မပေးပါဘူး ..နောက်မှ ကျမှတို့ ဆောက်လုပ်ရေးက သွေးအလှူရှင် အသင်းတွေ ရှိပါတယ် နောက်မှ ပြန်ပေးပါမယ်ဆိုမှ သွေးကို ထုတ်ပေးပါတယ်..အခင်းဖြစ်တဲ့အချိန်ကနေ ယနေ့အထိ (၃)ရက်ကြာတာတောင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်းသာ ဗိုက်ဖောက်ပြီး ပတ်တီးစည်းထားတာပါ...နံရိုးကျိုးဒဏ်ရာ ခြေထောက်ကျိုးကြေတာတွေကို မခွဲစိတ်သေးပဲ ပတ်တီးပဲ စီးထားတုန်းပါ..26 ရက်နေ့ပဲ ခွဲစိတ်မယ်လို့ သိရပါတယ်...

အထက်ပါ အခင်းဖြစ်ပွားမှုအား အမှုတော့ဖွင့်တိုင်းတန်းထားပါတယ်...ဒါပေမဲ့ ဥပဒေက ဘယ်သူ့ဘက်မှာ ရပ်တည်မယ်..ဘယ်သူ့ကို ကာကွယ်ပေးမလည်းတော့ မသိသေးပါဘူး
.၀န်ထမ်းဥပဒေ စည်းမျဉ် စည်းကမ်းအရဆိုရင် ..၀န်ထမ်းတစ်ဦးဟာ အမှုဖွင့် အရေးယူခံထားရတယ်ဆိုရင် ..အဲ့ဒီဝန်ထမ်းကို ရာထူးမှ တာဝန်မှ ခေတ္တ ရာထူးချထားရမှာပါ..အခုတော့ ဌာနက ဘာမှ မလုပ်ထားဘူးလို့ သိရှိရပါတယ်.လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာနမှ..ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီး ခရီးထွက်ခွာနေတယ်လို့ သိရှိရပါတယ်..
လက်ရှိ ဆေးရုံကိုလည်း တာဝန်သိစွာနဲ့ လာရောက်ခြင်း အားပေးခြင်း နှစ်သိမ့်ခြင်း မရှိသလို ၊ သေမလား ရှင်မလား မသိသေးတဲ့ လူ အောက်ခြေဝန်ထမ်း ဆင်းရဲသားကိုပင် ရဲချုပ်ခင်ရီ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီရဲ့ အားကိုးဖြင့် အာဏာပြ ခြိမ်းခြောက်ပြီး ယာဉ်ထိန်းရဲ ရဲအုပ် မောင်မောင်သိန်းမှ တဆင့် ပြန်ပြီး တရားစွဲထားကြောင်းသိရသဖြင့် စိတ်မကောင်းဖြစ်ရပါသည် ။
စာနာထောက်ထားသနားချစ်ခင်သော စိတ်များရှိကြပါစေ
ထိုသို့သော လူမှုရေးကင်းမဲ့လှသော သကောင့်သားကို မည်သို့
သော သတ္တဝါ အဖြစ်သတ်မှတ်ရမည်နည်း
ရာထူးရခံရှိသူ/ သြဇာ အာဏာရှိသူ/ ငွေကြေးချမ်းသာသူများ
သာ တရားနိုင်ရမည်လော တရားရေးမဏ္ဏိုင် မယိမ်းမယိုင် မျှတစွာဆောင်ရွက်နိုင်ကြပါစေ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့