Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

Manchester United အသင်းမှ ထွက်ခွာရန် မရှိသည့် တိုက်စစ်မှူး Wayne Rooney


အပြောင်းအရွှေ့ သတင်းဖြင့် ပြီးခဲ့သည့် ဘောလုံးတစ်ရာသီ တစ်ခုလုံးတွင် နံမည်ကြီးနေသည့် Manchester United အသင်းမှ တိုက်စစ်မှူး
Wayne Rooney အား Chelsea သို့ ရောင်းသွားရန် အစီအစဉ် မရှိကြောင်း Manchester United အသင်း၏ chief executive ဖြစ်သူ David Gill မှ ယနေ့ အတည်ပြု ပြောကြားလိုက်သည်။

Manchester United အသင်း၏ နည်းပြဟောင်း Alex Ferguson ကလည်း Rooney ၏ အကောင်းဆုံး အရည်အသွေးများ ပြန်ပေါ်လာပြီဟု ထုတ်ဖော် ချီးကျူးလိုက်သည်။ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ဒဏ်ရာမှ သက်သာ လာပြီးနောက် တက်ကြွသည့် ဗီဇ ပြန်လည်ပေါ်နေပြီး စိတ်ဓာတ်မှာလည်း ပြန်လည်နလန်ထူလာပြီဟု မှတ်ချက်ပြုခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်နေ့က Bayer Leverkusen နှင့် ကစားသည့် ပွဲစဉ်တွင် Wayne Rooney ၏ အကြိမ် ၂၀၀ မြောက် ဂိုးကို သွင်းပြီး မှတ်တမ်း စိုက်ထူနိုင်ခဲ့သည်။

http://www.dailymail.co.uk/sport/football/article-2428917/Manchester-Uni...

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့