Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

မင်းသား Brad Pitt ပါဝင်သည့် Sherman tank Fury ဇာတ်ကား၏ ပိုစတာကို ထုတ်ဖော်ပြသ


ဗြိတိန် နိုင်ငံတွင် ရိုက်ကူးနေဆဲ ဖြစ်သည့် ဒုတိယ ကမ္ဘာစစ် နောက်ခံဇာတ်ကား Fury ၏ ပိုစတာ ဓာတ်ပုံကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိုစတာတွင် ဇာတ်ကားမှ အဓိက သရုပ်ဆောင်များ ဖြစ်သည့် Brad Pitt ၊ Logan Lerman ၊ Shia LaBeouf ၊ Michael Peña နှင့် Jon Bernthal တို့ ပါဝင်သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း အမှုထမ်းခဲ့သည့် တင့်ကား တစ်စင်း၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားသော အဆိုပါ Fury ဇာတ်ကားကို ဗြိတိန်နိုင်ငံ အစွန်အဖျားကျသည့် တောတောင်ရေမြေများတွင် ရိုက်ကူးလျက်ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီး ၁၉၄၅ ခုနှစ် ၊ ဧပြီလ နေ့ရက်များတွင် ဖြတ်သန်းခဲ့ရသည့် Sherman tank နှင့် her five-man crew လက်တွေ့ အထုပ္ပတ္တိကို ဒါရိုက်တာ David Ayer က ရိုက်ကူးနေခြင်း ဖြစ်သည်။ Fury ဇာတ်ကားကို ၂၀၁၄ ခုနှစ် ၊ နိုဝင်ဘာလတွင် ရုံတင်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

http://www.hypable.com/2013/09/19/fury-brad-pitt-logan-lerman/
 



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့