Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

Fulham ကို ၂ဂိုးပြတ်ဖြင့် နိုင်ပြီး အဆိုးဆုံး အနေအထားမှ ပရိသတ်ကို ပြန်လည် အားတက်စေခဲ့သည့် Chelsea အသင်း


Barclays Premier League ဘောလုံးရာသီ အဖွင့် ကာလတွင် အဆိုးဆုံး အနေအထားနှင့် ကြုံနေရသည့် Chelsea အသင်းအနေဖြင့်
ယနေ့ Fulham နှင့် ပွဲစဉ်တွင် ၂ဂိုးပြတ်ဖြင့် အနိုင်ယူပြီး ပြန်လည်ကောင်းမွန်သည့် အနေအထားကို Chelsea ပရိသတ်အား ပြသနိုင်ခဲ့သည်။

Chelsea အသင်းအနေဖြင့် လက်ရှိနေအထားသည် ၁၀ နှစ်တာ ကာလအတွင်း အဆိုးဆုံး အနေအထား ဖြစ်ပြီး အသင်းနည်းပြ Mourinho အနေဖြင့်လည်း ပရိသတ်၏ စိတ်ပျက်မှုများဖြင့် ကြုံတွေ့နေရရာ ယခုနိုင်ပွဲသည် Chelsea အသင်းအတွက် အားဆေး ဖြစ်ခဲ့ရသည်။ Chelsea အသင်းအတွက် အနိုင်ဂိုးများကို Oscar နှင့်  Mikel မှ သွင်းယူခဲ့ခြင်း ဖြစ်သည်။ Chelsea သည် ရာသီ အစပိုင်းတွင်  Premier League (၂)ပွဲဆက် အနိုင်ရခဲ့ပြီး FC Bayern Munich  ကို ဥရောပ စူပါဖလားတွင် ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ Premier League တွင် manchester united ကို သရေကျပြီး စက်တင်ဘာလ ၁၄ ရက်နေ့က Everton F.C. နှင့် ပွဲစဉ်တွင် ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် Tottenham အသင်း နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

http://www.bbc.co.uk/sport/0/football/24192217


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့