Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ပေါလစ်ဗျုရို အဖွဲ့ဝင်ဟောင်း Bo Xilai အား ထောင်ဒဏ် တစ်သက်ချမှတ်


တရားစွဲခံထားရသည့် တရုတ် ကွန်မြူနစ်ပါတီ ပေါလစ်ဗျုရို အဖွဲ့ဝင်ဟောင်း Bo Xilai အား ထောင်ဒဏ် တစ်သက် ကျခံစေရန်
Jinan မြို့ တရားရုံးမှ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။

Chongqing ပြည်နယ်ဆိုင်ရာ ကွန်မြူနစ် ပါတီ အတွင်းရေးမှူးဟောင်း Bo Xilai သည် အဂတိလိုက်စားမှု ၊ လာဘ်ပေးလာဘ်ယူမှု ၊ အာဏာအလွဲ သုံးစားမှုများဖြင့် တရားစွဲဆိုခြင်း ခံထားရခြင်း ဖြစ်သည်။ Bo Xilai ၏ ဇနီးဖြစ်သူ ရှေ့နေတစ်ဦး ဖြစ်သည့် Gu Kailai ကိုလည်း ဗြိတိသျှ လုပ်ငန်းရှင် စီးပွားရေးသမား Neil Haywood အား သတ်ခဲ့သည့် အတွက် သေဒဏ် ချမှတ်ခံခဲ့ရသည်။ မစ္စတာ Bo Xilai သည် Social Policy များဖြင့် Chongqing ဒေသခံများ အကျိုးကို စွမ်းဆောင်ပေးနိုင်သည့် အတွက် ဒေသခံများ၏ အားပေး ထောက်ခံမှု အများအပြားရကာ ပေါလစ်ဗျုရို အဖွဲ့ အတွင်းတွင်လည်း နိုင်ငံရေး သြဇာရှိသူ တစ်ဦးဖြစ်သည်။

http://www.bbc.co.uk/news/world-asia-china-24019450
 



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့