Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 23 September 2013

ကင်ညာနိုင်ငံ ဈေးဝယ် ကုန်တိုက်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခြင်း


ကင်ညာ နိုင်ငံ၏ မြို့တော် Nairobi မြို့မှ အထင်ကရ ဈေးဝယ်ကုန်တိုက် တစ်ခုဖြစ်သည့် Westgate Mall တွင် al Qaeda အဖွဲ့နှင့်
ကွန်ယက် တစ်ခုဖြစ်သည့် Somali Islamist group အစ္စလာမ်ဝါဒီ သေနတ်သမားများမှ သေနတ်များ ၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သမ္မတ၏ ဆွေမျိုးများ အပါအ၀င် လူ ၃၉ ဦးကျော် သေဆုံးခဲ့ပြီး ကလေးငယ်များ အပါအဝင် ဈေးလာဝယ်သူ ၁၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ကင်ညာသမ္မတ Uhuru Kenyatta မှ ပြောကြားခဲ့သည်။ Nakumatt ဆိုင်အတွင်း ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့များနှင့် သေနတ်သမားများ အပြန်အလှန် ပစ်ခတ်မှုများလည်း ညဉ့်နက်ပိုင်း အထိ ဖြစ်ပေါ်ခဲ့သည်။ Westgate ကုန်တိုက်သည် ကင်ညာနိုင်ငံမှ အထက်တန်းလွှာများနှင့် နိုင်ငံခြားသားများ အများဆုံး လာရောက် ဈေးဝယ်သည့် ကုန်တိုက်ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုမှာ ဆိုမာလီနိုင်ငံတွင် ကင်ညာစစ်သားများ ထားရှိမှု အပေါ် လက်တုန့်ပြန် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း al Shabaab မှ ထိပ်တန်း အဖွဲ့ဝင် တစ်ဦးမှ BBC သို့ ပြောကြားခဲ့သည်။

http://news.yahoo.com/shooting-nairobi-shopping-mall-injures-least-two-w...

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့