ရုရှား နိုင်ငံ၏ အစီအစဉ်နှင့် တိုက်တွန်းချက်များ အရ ဆီးရီးယား နိုင်ငံမှ သိမ်းဆည်းထားသည့် ဓာတုလက်နက်များ အပ်နှံရေး အစီအစဉ်
အချက်အလက်များကို ဆီးရီးယား နိုင်ငံမှ သတ်မှတ်ထားသည့် အစီစဉ်အတိုင်း international chemical weapons watchdog အဖွဲ့ဖြစ်သည့် The Organization for the Prevention of Chemical Weapons (OPCW) ကို စတင် ပေးအပ်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ အချက်အလက်များတွင် ဆီးရီးယား နိုင်ငံတွင်းရှိသည့် ဓာတုလက်နက် သိုလှောင်ရုံများ စာရင်းများလည်း ပါဝင်သည်။ စက်တင်ဘာ ၂၂ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် OPCW အဖွဲ့နှင့် အဖွဲ့ဝင် နိုင်ငံများ၏ ဆီးရီးယား အရေး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ဆီးရီးယား နိုင်ငံ၏ ဓာတုလက်နက်များနှင့် ပတ်သက်သည့် လိုက်နာရန် အသေးစိတ် အချက် အလက်များနှင့် အစီအစဉ်များကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။
http://www.rferl.org/content/syria-chemical-data-weapons-deadline-russia...

No comments:
Post a Comment