Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

Usagi အပူပိုင်း မုန်တိုင်း ဖိလစ်ပိုင်နှင့် တိုင်ဝမ်သို့ တိုက်ခတ်ပြီး အားပျော့သွားခြင်း


၂၀၁၃ ခုနှစ်အတွင်း အင်အား အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် မိုးလေ၀သ ပညာရှင်များက မှတ်ချက်ပြုခဲ့ရသည့် Usagi Typhoon မုန်တိုင်းသည်
ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း Luzon ကျွန်းဆွယ်ကို ၀င်ရောက် တိုက်ခတ်ခဲ့ပြီး တိုင်ဝမ်ကျွန်းတွင် ၀င်ရောက် တိုက်ခတ်လျက် ရှိသည်။ ဖိလစ်ပိုင် Luzon ကျွန်းသို့ လေတိုက်နှုန်း 175 km/h (110 mph) တစ်နာရီ ၁၁၀ မိုင်နှုန်း (တစ်နာရီလျှင် ၁၇၅ ကီလိုမီတာ) နှုန်းဖြင့် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး မိုးများလည်း သည်းထန်စွာ ရွာသွန်းလျက် ရှိသည်။

အဆိုပါ မုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံ တစ်ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မုန်တိုင်း ဗဟိုချက်ဖြစ်သည့် Batanes တွင် သစ်ပင်များ ကျိုးကျသည့် အတွက် ဆက်သွယ်ရေး လမ်းများ ပြတ်တောက်ခြင်း ၊ ဓာတ်အား လိုင်းများ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ဆက်လက်၍ အဆိုပါ မုန်တိုင်းသည် တိုင်ဝမ်နိုင်ငံ၊ တိုင်ဝမ်ကျွန်း မြောက်ပိုင်းသို့ လေတိုက်နှုန်း တစ်နာရီလျှင် ၆၃ မိုင်နှုန်းဖြင့် ဦးတည်နေသည်။ လက်ရှိအချိန်တွင် မုန်တိုင်း အန္တရာယ်ကို အနီရောင် အဆင့် သတ်မှတ်ထားပြီး အပြင်းထန်ဆုံး မုန်တိုင်း သတိပေးချက်များကို Taiwan's Central Weather Bureau မှ ထုတ်ပြန်ထားသည်။ မုန်တိုင်း၏ အချင်းသည် မိုင် ၆၈၀ ကျော်ရှိသည့် အတွက် တိုင်ဝမ်ကျွန်းသို့ ၀င်ရောက်ပြီးလျှင် အားပျော့သွားမည် ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင်များက ခန့်မှန်းထားသည်။

http://www.usatoday.com/story/weather/2013/09/20/super-typhoon-usagi/284...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့