Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ဒုတိယဗဟို စီးပွားရေး ဇုန်စီမံကိန်းမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်


ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းနဲ့ တော်ဝင် လမ်းထောင့်ရှိ မြေနေရာများမှာ ရန်ကုန်မြို့ရဲ့ ဒုတိယ ဗဟိုစီးပွားရေးဇုန် တည်ဆောက်ရန် စီစဉ်
လျက်ရှိပြီး အဆိုပါ စီမံကိန်း ပြီးစီးပါက ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဒုတိယဗဟို စီးပွားရေးဇုန် စီမံကိန်း ကိုတော့ မြေဧရိယာ ၃၆ ဒသမ ၅၅၁ ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ အကောင်အထည်ဖော် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ စီမံကိန်း မှာတော့ ဟိုတယ်၊ ကွန်ဗင်းရှင်း စင်တာ၊ ရုပ်ရှင်ရုံကြီးများ၊ စားသောက်ဆိုင်များ၊ အီလက်ထရောနစ် စင်တာ အရောင်းပြခန်းများ အစရှိတာတွေ ပါဝင်တာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် မင်းဓမ္မလမ်း ပန်းဥယျာဉ် မြေနေရာမှာ ယခင်က ပျိုးဥယျာဉ် ဆိုင်ခန်းများ ရှိနေတဲ့ အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ များက သာကေတ ရှုခင်းသာ လမ်းမကြီး ဘေးကို နေရာများ အစားထိုး ပြောင်းရွှေ့ ပေးခဲ့ပေမယ့် အချို့သော ပျိုးဥယျာဉ် ဆိုင်ခန်းရှင် များက ပြောင်းရွှေ့ပြီး ဖြစ်သော်လည်း အခက်အခဲ မျိုးစုံနဲ့ မပြောင်းရွှေ့ နိုင်သေးတဲ့ ပျိုးဥယျာဉ် ဆိုင်ခန်းတွေ ကျန်ရှိနေသေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယ ဗဟို စီးပွားရေးဇုန် စီမံကိန်း ဆောင်ရွက်ဖို့ အတွက် ကိုတော့ လက်ရှိမှာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို တင်ဒါခေါ်ယူ ထားလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့