Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

စက်တင်ဘာလ ၂၃ ရက်နေ့အတွက် မိုးလေ၀သ ခန့်မှန်းချက်


ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့မှာ မုတ်သုံလေအား ကောင်းရာမှ အားအလွန် ကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ
မုတ်သုံလေအား အသင့်အတင့် ရှိနေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ နေရာကွက်ကျား၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ချင်းပြည်နယ် တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီး နဲ့ ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး မွန်ပြည်နယ်မှာ ဒေသ အလိုက်နဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။

မနက်ဖြန် အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ မိုးဆက်လက်ပို နေပါမယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးအသင့်အတင့် ထစ်ချုန်း ရွာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့