Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

LCCI(UK) ထူးချွန် ကျောင်းသားများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့


နေလင်းအောင် စာရင်းကိုင်နဲ့ ဘဏ္ဍာရေး ဆိုင်ရာ သင်တန်းကျောင်းမှ ပြုလုပ် ကျင်းပတဲ့ LCCI(UK) ထူးချွန် ကျောင်းသား ကျောင်းသူ များအား ဆုချီးမြှင့်ပွဲနဲ့
သင်တန်းကျောင်း ၁၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနား မှာတော့ ၂၀၁၂ ခုနှစ် အတွင်း LCCI(UK) ကမ္ဘာနဲ့ မြန်မာမှာ ရွှေတံဆိပ်နဲ့ ငွေတံဆိပ် ရရှိခဲ့တဲ့ ထူးချွန် ကျောင်းသား ကျောင်းသူ ၁၂ ဦးကို ဂုဏ်ပြုဆု တံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် LCCI(UK) မှာ Schoar ရရှိသူများ၊ ACCA ဘာာရပ်မှာ ထူးချွန်စွာ အောင်မြင်ခဲ့ သူများနဲ့ ဘာသာစုံ ဂုဏ်ထူးရှင်များ ကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းကျောင်း အနေနဲ့ သင်တန်း စတင် တည်ခဲ့တဲ့ အချိန်မှ ယခုအချိန်ထိ  ၁၅ နှစ်အတွင်း ကမ္ဘာနဲ့ မြန်မာမှာ ရွှေ၊ ငွေ ဆုတံဆိပ် ရရှိသူပေါင်း ၈၅ကို မွေးထုတ် ပေးနိုင်ခဲ့ သလို ACCA ဘာသာရပ်များ မှာလည်း နှစ်စဉ်ထူးချွန် ကျောင်းသားများကို မွေးထုတ် ပေးလျက်ရှိတာ ဖြစ်ပါတယ်။

အခုလို Nay Lin Aung Finance & Accountancy Academy မှ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု စာရင်းကိုင် ဒီပလိုမာ လက်မှတ် များဟာ နိုင်ငံတကာမှ အလုပ်အကိုင်များ ရရှိစေဖို့နဲ့ လုပ်ငန်းရှင် များစွာ ကိုလည်း အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက် ပေးစေနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့