Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

အားကစားသမားများ အာမခံ ထားရှိနိုင်


မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် အားကစားသမား များနဲ့ တခြား
အားကစားသမားတွေ အနေနဲ့ အားကစား အာမခံ ထားရှိလို့ ရတယ်လို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အားကစား အာမခံ ထားရှိမှုကို အားကစားသမားတွေ အနေနဲ့ မြန်မာ့ အာမခံ လုပ်ငန်းနဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှာ ထားရှိနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် အားကစားသမားများ ကိုလည်း အာမခံ ကုမ္ပဏီများမှ အာမခံ ထားရှိပေးခြင်း ဖြစ်စေ၊ တခြား ကုမ္ပဏီများမှ အာခံထားရှိ ပေးတာပဲ ဖြစ်စေ ပြုလုပ်ပေး နိုင်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အခုလက်ရှိ မှာတော့ ဆီးဂိမ်းမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် အားကစားသမားတွေ အနေနဲ့ အာမခံ ထားရှိမှုတွေ မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပမှ လာရောက် ယှဉ်ပြိုင်မယ့် အားကစားသမားတွေ အနေနဲ့ ၎င်းတို့နိုင်ငံမှာရှိတဲ့ အာမခံ ကုမ္ပဏီများမှာ အာမခံ ထားရှိနေတာ ဖြစ်ပြီး ပြည်တွင်း မှာတော့ အားကစား အာမခံ ထားရှိမှုဟာ မရှိသလောက် နည်းပါးနေ သေးတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အာမခံထားရှိမှု အနေနဲ့ ပြည်တွင်းမှာ မီးအာမခံ ထားရှိမှုက အများဆုံး ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့