Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ဆီးဂိမ်း မတိုင်မီ လိုင်းအား Band width ပမာဏ 20Gbps ကျော်အောင် ဆောင်ရွက်နေ


ပြည်တွင်းမှာ အင်တာနက် အသုံးပြုနိုင်ဖို့ နိုင်ငံတကာ အင်တာနက်နဲ့ ချိတ်ဆက် ထားတဲ့ လိုင်းအင်အား ပမာဏဟာ စုစုပေါင်း 13.33 Gbps အနေနဲ့
လက်ရှိမှာ အသုံးပြု လျက်ရှိပြီး Sea Game မတိုင်မီ အဆိုပါ လိုင်းအင်အား ပမာဏကို (20)Giga bits per second Gbps ကျော်အောင် ဆောင်ရွက် နေတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အခုလို အင်တာနက်အ သုံးပြုနိုင်ဖို့ ချိတ်ဆက် ထားတဲ့ လမ်းကြောင်းတွေ အနေနဲ့ကတော့ ပင်လယ် ရေအောက် ကေဘယ်လ် လမ်းကြောင်း ဖြစ်တဲ့ SE စီ- ME မီ WE ၀ီ3 နဲ့ ချိတ်ဆက် ထားသလို ကုန်းတွင်း နယ်စပ် ဖြတ်ကျော် Cross Border ဆက်ကြောင်းတွေ အနေနဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ ချိတ်ဆက် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ချိတ်ဆက် ထားမှုနဲ့ လက်ရှိ ပြည်တွင်းမှာ အင်တာနက် အသုံးပြုနေမှု လုံလောက်မှု ရှိပေမယ့် နောက်ပိုင်းမှာ သုံးစွဲမယ့် ဦးရေ ပိုမိုတိုး လာနိုင်တဲ့ အတွက် လိုင်းအင်အားကို တွက်ချက်ပြီး တိုးချဲ့ဖို့ ကိုလည်း ဆောင်ရွက် နေတယ်လို့ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၄ ခုနှစ်မှာ ပြည်တွင်းမှာ အင်တာနက် သုံးစွဲသူ လူဦးရေ ၁၀၀ မှာ ၇ ဦး ရှိလာမယ်လို့ မျှော်မှန်း ထားပြီး အခုလက်ရှိ မှာတော့ တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ စုစုပေါင်း တစ်သန်း သုံးသိန်း ကျော်ရှိပြီး နိုင်ငံရဲ့ လူဦးရေနဲ့ တွက်ချက်ပါက လူဦးရေ ၁၀၀ မှာ ၂ ဦး ၀န်းကျင်လောက် အင်တာနက် အသုံးပြုလျက် ရှိနေတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့