Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

နို့စားနွားနှင့် အသားစား နွားမွေးမြူရေးတွင် ပြည်ပမှ မျိုးချောင်းများ ယူကာ မွေးမြူသွားရန်ရှိ


မြန်မာနိုင်ငံရဲ့ နို့စားနွားနဲ့ အသားစား နွားမွေးမြူရေးမှာ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် ပြည်ပမှ မျိုးချောင်း များကို ၀ယ်ယူကာ မွေးမြူ သွားဖို့ ရှိတယ်လို့
မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို မွေးမြူဖို့ အတွက် ကိုတော့ နိုင်ငံတကာမှ မျိုးကောင်း မျိုးသန့် နို့စားနွားနဲ့ အသားစား နွားများရဲ့ မျိုးချောင်း များကို ရယူကာ မေထုန်မဲ့ သားစပ်နည်းနဲ့ မွေးမြူနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလို ဆောင်ရွက်နိုင်ဖို့ အတွက်ကို နိုင်ငံတကာမှ ပညာရှင်များနဲ့  ပူပေါင်း ဆောင်ရွက်ဖို့ ပြုလုပ်နေပြီး နည်းပညာ၊ ဈေးကွက် အနေအထား၊ မွေးမြူ ထုတ်လုပ်မှု အနေအထား တို့ကို လေ့လာ သုံးသပ် သွားမှာ ဖြစ်ပါတယ်။ ဒီလို လေ့လာ သုံးသပ်မှုများ ပြုလုပ်ပြီး ပါကလည်း ပြည်တွင်း စားသုံးမှု လုံလောက်မှု ရှိစေရေး၊ ပြည်ပနိုင်ငံများသို့ ဈေးကွက် ရရှိစေရေးနဲ့ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံများ လုပ်ကိုင်နိုင်ဖို့ အတွက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အနေနဲ့ နို့စားနွားနဲ့ အသားစား နွားများ ဖွံ့ဖြိုး တိုးတက်ရေး၊ ကြက်၊ ၀က်၊ သိုး၊ ဆိတ် မွေးမြူရေး လုပ်ငန်းများ တိုးတက်မှု ရှိရေး၊ မွေးမြူရေး အစာနဲ့ ဆေးဝါးဆိုင်ရာများ လုံလောက်မှု ရှိစေရေး အတွက် သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍအလိုက် Working Commitee ၆ ခု ဖွဲ့စည်းကာ ဆောင်ရွက်နေပြီး နောက်ပိုင်း မှာလည်း Public Private Partnership(PPP) နည်းများနဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့