Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

၂၇ ကြိမ်မြောက် ဆီးဂိမ်းကျင်းပရေး အတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂၆ သိန်းကျော် ရရှိနေပြီဖြစ်

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဘဏ္ဍာငွေ ရှာဖွေ ထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေး
ကော်မတီ အနေနဲ့ ဘဏ္ဍာငွေ ရှာဖွေရေး၊ ဘဏ္ဍာငွေ ထိန်းသိမ်းရေးနဲ့ ဆုချီးမြှင့်ရေး လုပ်ငန်းသုံးရပ် ထဲမှ ဘဏ္ဍာငွေ ရှာဖွေရေးမှာ လက်ရှိ Sponsor ကုမ္ပဏီတွေမှ ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၂၆.၉ သိန်း လက်ခံရရှိပြီး ဖြစ်တယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာအာမခံ လုပ်ငန်းမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကားပြိုင်ပွဲ အတွက် Sponsor နဲ့ ကြော်ငြာ လုပ်ငန်းများမှု အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အတွက် ညှိနှိုင်း ဆွေးနွေးပွဲမှ သိရပါတယ်။

အဆိုပါ ညှိနှိုင်းဆွေးနွေးမှာ Consultant များနဲ့ Sponsor ကုမ္ပဏီများ သဘောတူ လက်မှတ် ရေးထိုးခြင်းနှဲ့Sponsor ကုမ္ပဏီများက Sponsor Agreedment လက်မှတ်ရေးထိုး ခြင်းတို့ကိုပါ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ လက်မှုရှိမှာ ဆီးဂိမ်း အတွက် Sponsor ရရှိထားတဲ့ ကုမ္ပဏီ တွေကတော့ အခု ၁၄ ခုရှိတာဖြစ်ပြီး အဲ့ဒီ ကုမ္ပဏီတွေ ကတော့ KBZ လေကြောင်း လိုင်း ၂ လိုင်း၊ KBZ ဘဏ်လုပ်ငန်း၊ IKBZ, Panasonic Co.,Ltd, Sumsung Co.,Ltd ဒေါ်ဝင်း အထည်ချုပ် လုပ်ငန်း စတဲ့ ကုမ္ပဏီများ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆီးဂိမ်းမှာ Sponsor အဖြစ် ပါဝင်ချင်တဲ့ အခြားကုမ္ပဏီတွေ အနေနဲ့လည်း Consultant များကို ဆက်သွယ်ခြင်း ဒါမှမဟုတ် ဘဏ္ဍာရေး ၀န်ကြီးဌာနကို ဆက်သွယ်ပြီး Sea Game အတွက် Sponsor ကုမ္ပဏီအဖြစ် ပါဝင်လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့