Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

စက်တင်ဘာလ ၂၃ ရက်နေ့တွင် CDMA 800, GSM နဲ့ WCDMA စုစုပေါင်း လိုင်းအင်အား သုံးသိန်း ခြောက်သောင်း ချသွားမည်

စက်တင်ဘာလ ၂၃ ရက်နေ့မှာ CDMA 800, GSM နဲ့  WCDMA လိုင်းအင်အား သုံးသိန်းခြောက်သောင်း ခန့်ကို ထပ်မံပြီး ချထားပေးဖို့ ရှိတယ်လို့ မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းရဲ့ ထုတ်ပြန်ချက်များ အရ သိရပါတယ်။ အခုလို ချထားပေး ရာမှာတော့ CDMA 800 MHz အတွက် Sim Card အရေအတွက် တစ်သိန်းခွဲနဲ့ GSM/WCDMA ကိုတော့ အရေအတွက် နှစ်သိန်း တစ်သောင်း ခန့်ချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တန်ဖိုးနည်း မိုဘိုင်းဖုန်း တစ်ထောင့် ငါးရာ ကျပ်တန်တွေကို လစဉ်ချထား ပေးလျက် ရှိနေတာဖြစ်ပြီး ၂၀၁၃ ဧပြီလမှ စတင်ပြီး ချပေးခဲ့တဲ့ တန်ဖိုးနည်း မိုဘိုင်းဖုန်း ၁.၇၆ သန်း အပါအ၀င် စုစုပေါင်း မိုဘိုင်းဖုန်း အရေအတွက်ဟာ ၅.၅၆ သန်းခန့်ရှိပြီး ဖြစ်တယ်လို့ တစ်နိုင်ငံလုံး အတိုင်းအတာ အရ သိရပါတယ်။ ယခု စက်တင်ဘာလ ၂၃ ရက်နေ့ မှာတော့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ CDMA 800 MHz (MEC Tel) မိုဘိုင်းဖုန်း အရေအတွက် ၂၅၁၅၀ ဆင်းမ်ကတ်နဲ့ GSM အရေအတွက် သုံးသောင်း သုံးထောင့် ငါးရာ အပြင် WCDMA နှစ်သောင်း နှစ်ထောင့် ငါးရာ တို့ကို ချထားပေးမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ ထုတ်ပြန်ချက်များ အရ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့